မင်းမရှိလည်း

in #myanmar7 years ago

ပုံရိပ်တွေယိမ်းယိုင်စေတတ်တဲ့
ညနေခင်းတစ်ခုရဲ့လွဲမှားခြင်း သီအိုရီဟာ
ချုပ်ညရီရဲ့ အမူးတိုက်ခြင်းကို
ခံလိုက်သလို……
ကာရံတွေ
ကောင်းလွန်းလှပေမယ့်
ရွတ်ဆိုသူယိုင်နဲ့စေမယ့်
လမ်းကြမ်းတွေနဲ့ ဆုံမိတဲအခါ
ဖရိုဖရဲပွန်းရှချက်ကြောင့်
မညီညာတဲ့တေးသွားတွေက
ငြီးသံသဲ့သဲ့သာဖြစ်ရင်း
နာကြားလိုသူမဲ့စေခဲ့ပြီ...။

မပြေလည်ခြင်းများစွာနဲ့
ဒီလောကမှာ....

လုံလောက်တဲ့အလွမ်းဖြစ်ဖို့
အချိန်ရထားနဲ့
ပုဂံပြည်ကိုသွားပြီး
ပန်းတွေဆက်ဖို့လိုသေးသလား...?

မလိုပါဘူး
တကယ်မလိုတာပါ
မပြေလည်မှု့တစ်ခုခုသာရှိလိုက်
ကမ္ဘာကုန်ကျယ်သ၍
မင်းမရှိလည်းလွမ်းလို့ရပါတယ်....

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63248.94
ETH 2576.33
USDT 1.00
SBD 2.85