"တောင်ပံကျိုးငှက် ဘယ်ရက်မှာပျံမလဲ"

in #myanmar6 years ago

"တောင်ပံကျိုးငှက် ဘယ်ရက်မှာပျံမလဲ"

ဖုန်းဆိုးမြေ လက်တစ်ဆုပ်စာထဲက
ငါ့နားထဲပလူပျံနေဆဲ ထစ်ချုန်းသံတွေ______၊
ရာသီမသိ ချိန်ခါမရှိပဲ
မှောင်မှိုင်းဝေနေတဲ့ ယမ်းငွေ့တွေနဲ့
သေချင်ဆော်နံတဲ့အနာဂတ်
၂လက်မ ရှည်တဲ့ အပ်သွားကလည်း ခရာပဲ__။

ငါ့မျက်လုံးထဲ အပေါင်းလက္ခာမပြတဲ့ပစ်မှတ်တွေမှာ
ဘယ်သူ့လက်ရာ အရင်ထင်မလဲ
သန်းခေါင်ကျော်တွေ အစာထစားတဲ့အတွက်
ငါတို့ ကျဉ်ဆံတွေပဲ ကျွေးခဲ့ကြတယ်_____။

ငှက်တစ်ကောင်ရဲ့ ပင်စည်အရည်နဲ့
ကိုယ်လက်အင်္ဂါအစိတ်ပိုင်းတွေဟာ
တမလွန်ထိယူဆောင်ရမယ့်
တံဆိပ် ကပ်မထားတဲ့ ရိက္ခာပဲ
နားလည်ပေးတော့ တောကြီးမျက်မဲရေ
ငါတို့ဟာ လူသားစစ်စစ်တွေ့မို့ပါ______။

အသက်ရှူရင် သွေးနံ့
ရေသောက်တော့ မြေအပုပ်နံ့
အိုးမည်းမသုပ်တဲ့ မျက်နှာဆိုးတွေ
စိတ်ဓာတ်တစ်ခြမ်းပဲ့တဲ့အခါ
ငါတို့ဖဲ့ချပစ်လိုက်တယ်
အမျိုးစစ်စစ်တွေ ဇကာတင်ကျန်ခဲ့ရဖို့ပါ___။

အပိုမပါရတဲ့ အသက်ရှူသံဟာ
သွေးစက်တွေပျက်အထွက်
ပြည်မရေ တစ်ချက်လှည့်ကြည့်နိုင်မလား၊
ငါတို့ကို ဖိနပ်အောက်ရောက်တယ်လို့ စွပ်စွဲချက်အတွက် ဘယ်သူ့လက်ထဲ အသက်အပ်မလဲ___။

ကူးခပ်ရလွန်းလို့ ငါ့ခြေလှမ်းရာဖျော့လာတယ်
ဖေဖေဆိုတဲ့ ခေါ်သံကို ဆင့်ဆင့်မအော်လိုက်ပါနဲ့

အာဂယောင်္ကျားငြိတဲ့ နွယ်ဟာ မျက်နှာလွဲခဲပစ်
နောက်ဆုံးတိုက်ပွဲမှာ ဘယ်ရက်မှ မပျံနိုင်အောင်
အနာတရပဲ မျက်ခဲ့ ၊
ငါ့ကိုပစ်တဲ့မိုးကြိုး ဘယ့်သူ့ပယောဂမှ မပူးကပ်ပါစေနဲ့
ငါ့ရဲ့စိတ်ဓာတ် ပြည်လည်းမပျက်စေဖွယ်______။

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.033
BTC 64275.02
ETH 3139.81
USDT 1.00
SBD 4.14