ဘဝမှာ

in #myanmar7 years ago

ဘဝမှာ

-လွဲချော်ခဲ့တဲ့အမှားတွေကြောင့်အမှန်တရားတချို့ကိုရှာတွေ့ခဲ့တယ်။🌞

-အခက်အခဲတွေကအရည်ချင်းတွေကို
တိုးတက်က်စေခဲ့တယ်။💪

-ဒုက္ခတွေကစာနာမှု့ ဆိုတာကိုသိခွင့်ပေးခဲ့တယ်။

-ယုံကြည်မိခဲ့တဲ့လူတချို့ကြောင့်သစ္စာတရား
ရဲ့အရေးပါမှု့ကိုပိုမြင်လာခဲ့တယ်။💎

-အထင်သေးခြင်းဝေဖန်ခြင်းတွေက
ယုံကြည်ချက်တွေကိုပိုပြီးခိုင်မာစေခဲ့တယ်။👍

-ပေးဆပ်ခြင်းတွေကမေတ္တာတရားရဲ
အေးမြခြင်းကိုခံစားခွင့်ပေးခဲ့တယ်။💚

-မပြည့်စုံတဲ့လိုအပ်ချက်တွေကြောင့်ရောင့်ရဲ
ခြင်းဆိုတာကိုလက်ခံလာနိုင်ခဲ့တယ်။👌

-အရှုံးတွေကကြိုးစားမှု့နဲ့ဝီရိယတို့ကိုလှုပ်နှိုး
ပေးခဲ့တယ်။

-အမုန်းတွေကအပြုံးတွေကိုဖန်တီးပေး ခဲ့တယ်။😊

-ရက်စက်လွန်းတဲ့အတ္တသမားတွေကြောင့်
ကိုယ်ချင်းစာတရားကိုပိုပြီးမြတ်နိုးတတ်ခဲ့တယ်👭

-အသိမှတ်မပြုတဲ့သူတချို့ကြောင့်ဥပက္ခာ
ဆိုတာကိုရင်းနှီးကျွမ်းဝင်လာခဲ့တယ်။💔

-မစာနာတတ်တဲ့လူတချို့ကြာင့်မျက်ရည်တွေကိုအဖော်ပြုတတ်ခဲ့တယ်။

-ခံစားချက်တွေကဘဝကိုပိုပြီးလေးနက်စေခဲ့
တယ်။💘

တကယ်တော့အတွေကြုံအဖြစ်အပျက်တိုင်းမှာအရှုံးဆိုတာမရှိပါဘူး။ခါးသီးတဲ့အတွေ့ကြုံတွေရဲ့နောက်ကွယ်မှာတန်ဖိုးကြီးတဲ့ရလဒ်တစ်ခုအမြဲရှိနေတတ်တယ် ^_^

🙏🙏🙏

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62702.02
ETH 2572.25
USDT 1.00
SBD 2.75