နေရာ...😊😊😊

in #myanmar6 years ago

Steemit မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာ့...
ကျွန်တော့်နာမည်က အောင်ကိုလတ်ပါ...
လက်ရှိ Finance Company တစ်ခုမှာ အလုပ်လုပ်နေပါတယ်...
အဝေးသင်လည်း တက်ရငိး တစ်ဘက်တစ်လှမ်းကနေလည်း ဝင်ငွေရှာနေတဲ့ သဘော,ပီးတော့ ကိုယ့်ကို လုံးဝကိုင်လှုပ်နိုင်မယ့် ဝါသနာတစ်ခုကို လည်း ရှာဖွေရင်းနဲ့ပေါ့လေ...
ငယ်ငယ်က အမေ့ဆီက ပိုက်ဆံ လေးလက်ဖြန့်တောင်းနေတဲ့ ဘဝကနေ ကိုယ် ကိုယ်တိုင် ငွေရှာ ရတော့ မလွယ်မှန်းသိလာရတယ်...
ကိုယ်ကိုယ်တိုင် ပိုက်ဆံရှာ လာတော့မှ ပိုက်ဆံတန်ဖိုးကို သိလာတယ်...
ကို့မိဘတွေ ကိုယ့်ကို ရှာကျွေးဖို့တော်တော်ရုန်းကန်ခဲ့ရလိမ့်မယ်ဆိုတာ ကိုယ်ချင်းစာမိလာတယ်၊မိဘတွေရဲ့ မေတ္တာ စေတနာကိုနားလည်လာမိတယ်...
ငယ်ငယ် က အမေအဖေ ဆီက နေ ပိုက်ဆံလိုချင်လို့တောင်းတဲ့ အခါ သူတို့ကမပေးနိုင်တဲ့အချိန်ကျရင် ကိုယ်တွေ က ရှိရဲ့ သားနဲ့ မပေးဘူး၊ ဒီငွေနည်းနည်းလေးတောင်းတာကို၊ သူများသားသမီးတွေလို အများတောင်းနေရင် ဘယ်လိုနေမလဲမသိဘူး စသဖြင့်ပြန်ပြောမိတယ်...
အဲ့အခါကျရင် အမေတွေခင်ဗျာ ပေးချင်ပေမဲ့ မရှိတဲ့အတွက် စိတ်မကောင်းစွာနဲ့ ပဲ မပေးနိုင်ကြဘူး...
ကျွန်တော့် အမေ ပြောဖူးတဲ့ စကားလို ပေါ့ နင်တို့ ငွေရှာ ရတဲ့ အချိန်ကျရင် သိလာလိမ့်မယ်...
ငွေရဖို့ ဘယ်လောက်တောင် အပင်ပန်းခံရတယ်ဆိုတာ...
ငယ်ငယ်တုန်းက အဲ့စကားမျိုး ခဏခဏ ကြားခဲ့ရတယ်၊ဒါပေမဲ့ ငယ်သေးတော့ ဟာ အပိုတွေပါလေ ငွေ များရှာတာလွယ်လွန်းလို့....
အခုကိုယ်ကိုယ်တိုင်ငွေရှာ ရတော့မှ အော် ငွေရှာရတာ တော်တော် ခက်ခဲတာပဲ၊ တစ်နေ့တစ်နေ့ ငွေရဖို့ အတွက် ရုန်းကန်နေရတဲ့ သူတွေ ကိုမြင်တိုငိး ငယ်ငယ်တုန်းက ကိုယ့်အမေပြောခဲ့ဖူးတဲ့ စကားက ခုမှ မှန်နေမှန်းသိရတော့ တယ်.....
ဒါကြောင့် တစ်ခါတစ်ရံ ကိုယ်ကိုယ်တိုင် သူ့နေရာ ရောက်တဲ့ အချိန်မှ နားလည် ခဲ့ရတာတွေလည်းရှိတယ် ဘဝမှာ...😊

Sort:  

Nice😊😊

Thanks...😊

မိဘ ကိုအကျိုးပြု နိုင်တဲ့သားကောင်းရတနာဖြစ်ပါစေညေး ရာာ😊😊

ပေးတဲ့ ဆုနဲ့ပြည့်ပါစေ...😇

Congratulations @aunglay123, you have decided to take the next big step with your first post! The Steem Network Team wishes you a great time among this awesome community.


Thumbs up for Steem Network´s strategy

The proven road to boost your personal success in this amazing Steem Network

Do you already know that awesome content will get great profits by following these simple steps, that have been worked out by experts?

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 63186.04
ETH 3392.68
USDT 1.00
SBD 2.50