စာပို့တပ်သားတွေ ကနေ အခြေတည်ခဲ့တဲ့ စစ်သုံး ဆက်သွယ်ရေးစနစ်

in #myanmar7 years ago

image
ဒီတစ်ပတ်ရဲ့ Military Equipment ကဏ္ဍမှာတော့ စစ်သုံးဆက်သွယ်ရေးစနစ်အကြောင်း တင်ပြပါမယ်။
သတင်းစကားဆက်သွယ်ပေးပို့ခြင်းဟာ နေရာတိုင်းမှာ လိုအပ်တဲ့ ကဏ္ဍတစ်ခုဖြစ်ပြီး တိုက်ပွဲတွေ၊ တပ်ဖွဲ့တွေအတွင်းမှာလည်း သတင်းစကားဆက်သွယ်ပေးပို့မှုကို ရှေးကတည်းက ပြုလုပ်ခဲ့ကြပါတယ်။ ရှေးအခါက နည်းပညာတွေ မပေါ်ထွန်းသေးတဲ့အတွက် စာပို့တပ်သားတွေက တပ်ဖွဲ့တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကြားသတင်းစကား ပေးပို့ရတဲ့ အလုပ်ကို လုပ်ကိုင်ခဲ့ရပါတယ်။ သယ်ယူပို့ဆောင်ရေးယာဉ်တွေ၊ တိရစ္ဆာန်တွေ အသုံးမပြုခင်အခါက ခြေကျင်လမ်းလျှောက်ပြီး ပေးပို့ခြင်းကို ပြုလုပ်ခဲ့ကြရပါတယ်။

image

နောက်ပိုင်းမှာတော့ အီလက်ထရောနစ်နည်းပညာတွေ ထွန်းကာလာတာနဲ့ နည်းတူ အသံတွေအချင်းချင်းပေးပို့ပြောဆိုရာကနေ ဓာတ်ပုံ၊ ရုပ်ပုံတွေ ပေးပို့နိုင်တဲ့အထိ တိုးတက်လာခဲ့ပါတယ်။စာတိုတွေပေးပို့ခြင်း၊ အသံတွေပေးပို့ခြင်း၊ ဗျူဟာမြောက်တဲ့ဆက်သွယ်ရေးစနစ်ဖော်ဆောင်ခြင်းစတာတွေကနေ ဂြိုလ်တုကနေ တစ်ဆင့်ဆက်သွယ်ခြင်း၊ ဆက်သွယ်ရေးလှိုင်းတွေကို ရှာဖွေခြင်း၊ တခြားအဖွဲ့တွေရဲ့ လှိုင်းတွေအကြား ဖြတ်ဝင်နားထောင်ခြင်းစတဲ့ လုပ်ငန်းဆောင်တာတွေအထိ တိုးတက်လုပ်ကိုင်လာနိုင်ခဲ့ကြပါတယ်။

image

စတင်ချိန်မှာတော့ signal corps လို့ခေါ်တဲ့ လှိုင်းအစုအဖွဲ့တွေ ပေးပို့ ဆက်သွယ်ခဲ့ကြတာဖြစ်ပြီး signal ဆိုတဲ့ စကားလုံးက ရိုမန်တွေလက်ထက်ကတည်းက စတင်ပေါ်ပေါက်ခဲ့တယ်လို့ ဆိုကြပါတယ်။

image

ဒီကနေ့မော်ဒန်ခေတ်ကာလထဲမှာတော့ telecommunication စနစ်အပြင် computing စနစ်ကိုပါ အသုံးပြုလာကြပါတယ်။ signal တွေပေးပို့ဆက်သွယ်တဲ့ ပုံစံတွေကတော့ Military hand and arm signals၊ Morse code၊ Flag semaphore၊ Flag signals၊ Naval flag signaling၊ Signal lamp၊ Heliograph၊ Radio Communications၊ Wireless telegraphy တို့ဖြစ်ပါတယ်။ ၂၀ ရာစုကာလလောက်မှာတော့ ရေဒီယိုလှိုင်းကို အခြေခံပေးပို့တဲ့ ဆက်သွယ်ရေးစနစ်တွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါ့အပြင် စစ်တပ်တွေအတွင်း အဓိကကျတဲ့ ဆက်သွယ်ရေးစနစ်ပုံစံတွေလည်း ရှိနေပါသေးတယ်။

image

အဲဒါတွေကတော့ The alert measurement systems၊ cryptography၊ military radio systems၊ nuclear command control၊ the signal corps နဲ့ network-centric warfare တို့ဖြစ်ပါတယ်။ The alert measurement system ကတော့ ဒေသတွေ၊ တပ်ဖွဲ့တွေအကြား သတိပေးခြင်း၊ အဆင်သင့်ပြင်စေခြင်းစတဲ့ လုပ်ဆောင်ချက်တွေမှာ အသုံးပြုလေ့ရှိပြီး cryptography ကတော့ သတင်းအချက်အလက်တွေပေးပို့ရာမှာ တခြားသူတွေမသိအောင် သတင်းအချက်အလက်တွေ ဖုံးကွယ်ပြီး ပေးပို့တဲ့စနစ်ဖြစ်ပါတယ်။ ဘာမှန်းမသိတဲ့စာသားတွေ၊ ကုတ်နံပါတ်တွေပို့ပြီး တစ်ဖက်ကလူက ပြန်လည်စဉ်းစားဖော်ကာ ညွှန်ကြားချက်ကို လက်ခံရတဲ့ စနစ်ဖြစ်ပါတယ်။ ဒီနည်းလမ်းကို ဒီကနေ့ခေတ် computing၊ telecommunication စတဲ့ အခြေခံအဆောက်အအုံတွေနဲ့ တွဲဖက်ပြီးလည်း အသုံးပြုနေဆဲဖြစ်ပါတယ်။

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.031
BTC 60794.44
ETH 2623.30
USDT 1.00
SBD 2.62