 

in #myanmar8 years ago (edited)

two002.jpg ----
သင့်မှာ အိပ်မက်ကြီးကြီးတစ်ခု ရှိနေတယ်။ အောင်မြင်ဖို့ 
ကြိုးစားနေတယ်။ ဒါပေမယ့် ဆွေမျိုး အပေါင်းအသင်းတွေက
အောင်မြင်ဖို့ ရာ မဖြစ်နိုင်ဘူးလို့  ပြောနေကြတယ်။ သင်ဘယ်လို
ခံစားရမလဲ။ စိတ်ဓာတ်ကျလာမှာ သေချာတယ်။ ကြိုးစားနေရင်းနဲ့
အခက်အခဲ ဒုက္ခတွေ တွေ့ရတယ်။ သူတို့  မဖြစ်နိုင်ဘူးလို့ ပြောတာတွေ
မှန်နေပါလား။ အောင်မြင်ပါ့မလားဆိုတဲ့ သံသယစိတ် ဝင်လာတယ်။
ကျရှုံးမှုနဲ့ဆက်တိုက်တွေ့နေတဲ့အခါ ကြိုးစားတာကို ရပ်လိုက်တယ်။
အိပ်မက်ဟာ တိမ်တိုက်လိုပဲ လေထဲမှာပဲ လွငိ့ပြယ်ပျောက်ကွယ်
သွားတယ်။
ကမ္ဘာပေါ်မှာ အောင်မြင် ကြီးပွားနေသူတွေရော ဒီလို မကြုံဖူးဘူးလား။
သူများတွေရဲ့ မဖြစ်နိုင်ပါဘူးကွာ ဆိုတဲ့ အပြော မခံရဘူးလား။
သူတို့ အကြောင်းတွေ ရေးထားတဲ့စာအုပ်တွေ ဖတ်ကြည့်လိုက်ပါ။
သူတို့ ရဲ့အိပ်မက်တွေက အကြီးကြီးမို့  မဖြစ်နိုင်ပါဘူးလို့  လူအများကြီး
ရဲ့ အပြော ခံရပါတယ်။ ဒါဆိုရင် သူတို့ ကျတော့ ဘာဖြစ်လို့  စိတ်ဓာတ်
မကျဘဲ အောင်မြင်မှုရတဲ့အထိ ဆက်ကြိုးစားနိုင်ရတာလဲ။ သူတို့ ဟာ
ပုံပြင်လေးထဲက ဖားသူငယ်လို ကျင့်ခဲ့ကြလို့ ပါ။
two004.jpg
ဖားတစ်အုပ်ဟာ တောအုပ်တစ်ခုထဲမှာ ခုန်ဆွခုန်ဆွနဲ့ ဆော့ကစား
နေကြရင်း ဖားလေး ၂ ကောင်ဟာ တွင်းတစ်ခုထဲ ကျသွားတယ်။
တွင်းဟာ အတော်လေးနက်လို့  ပြန်ခုန်တက်ဖို့  မလွယ်ပါဘူး။
ဒါပေမယ့် ဖား ၂ ကောင်ဟာ တွင်းပေါ်ကိုတင်ဖို့  ကြိုးစား ခုန်နေကြတယ်။

ကျန်တဲ့ဖားတွေက တွင်းဝကနေ ငုံ့ကြည့်ပြီး ခြေဟန်လက်ဟန်နဲ့ ခုလို
အော်ပြောကြတယ်။ " ဟေ့ တွင်းက အနက်ကြီးနော်။ အပေါ်ကိုခုန်တက်ဖို့ 
ရာ လုံးဝ မဖြစ်နိုင်ဘူး။ အေးအေးဆေးဆေး တွင်းထဲမှာပဲ အသေခံလိုက်ကြ" တဲ့။
ဖားလေးတစ်ကောင်ကတော့ အဲဒီစကားကို ကြားလို့  ခုန်နေတာကိုရပ်လိုက်ပြီး
ရင်ကွဲပက်လက် သေဆုံးသွားရှာတယ်။ နောက်တစ်ကောင်ကတော့ ကြိုးစားပြီး
ဆက်ခုန်နေတယ်။ နောက်ဆုံးတော့ သူဟာ အားတင်းပြီး အားကုန်ထုတ်
ကြိုးစားခုန်လိုက်လို့  တွင်းပေါ်ပြန်ရောက်လာတယ်။
two008.jpg
သူငယ်ချင်းတွေက
တအံ့တသြနဲ့ သူ ကို ဝိုင်းမေးကြတယ်။ "သူတို့ ပြောတာတွေကို စိတ်ဓာတ်
မကျဘဲ ဘာလို့  ဆက်ခုန်နေရတာလဲ" လို့ ။ သူက ခုလိုပြန်ပြောတယ်။
" ငါက နားမကြားဘူးလေ။ မင်းတို့ ပြောနေတာတွေကို လုံးဝ မကြားရဘူး။
မင်းတို့  လက်ဟန်ခြေဟန် ပြနေတာတွေကိုကြည့်ပြီး ငါ့ကို အားပေးနေတယ်
ထင်လို့  ဆက်ခုန်နေတာပါ" တဲ့။
two009.jpg
ဒါပါပဲ။ နောက် တစ်ခုခု ကြိုးစားလုပ်နေတာကို မဖြစ်နိုင်ဘူးလို့  လာပြောရင်
နားမကြားတဲ့ ဖားသူငယ်ကို အတုယူပြီး မကြားဟန်ဆောင်နေလိုက်ပါ။

@aunglat
HFS-A15

Sort:  

နားမကြားသလိုဘဲ နေတော.မယ်

ဟုကဲ့ 😁

မသိချင်ရောင်ဆောင် ကြားချင်ရောင်ဆောင် ဒါဆိုအဆင်ပြေပီ

မှန်တယ်. အခုလိုဖတ်ရတဲ့အတွက် ကျေးဇူးပါ.

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.083
BTC 61863.20
ETH 1596.93
USDT 1.00
SBD 0.47