တောင်တွေဝန်းရံထားသော ရေတံခွန်(သို့)ဆင်ခေါင်းပုံသဏ္ဍန် လိပ်ကျရေတံခွန်(1)

in #myanmar6 years ago (edited)

image
စိမ်းစိုအုံမှိုင်းပြီး သာယာလှပသည့်တောအတွင်းမှ ကျေးငှက်ကလေးတွေရဲ့ တေးဆိုသံသဲ့သဲ့လေးအားကြားနေရသည်။
ချောင်းအတွင်း ရေများတသွင်သွင်စီးဆင်းတိုးဝှေ့ကျဆင်းသံကိုလည်း ကြားနေရသလို သစ်ပင်များမှာ လေဧ။်အတိုးအဝှေ့ကြောင့် ဘယ်ညာယိမ်းယိုင်ကာ ကြည့်ရသည်မှာ ဒိုးယိမ်းကနေသည်နှင့် များစွာတူနေပေတော့သည်။သစ်ပင်များပေါ်တွင် ပြေးလွှားဆော့ကစားနေသော ရှည့်ကလေးများကို တစ်ခါတစ်ရံတွေမြင်ရတတ်ပါသေးသည်။ရေတံခွန်သို့သွားသော လမ်းများမှာလဲ ကြမ်းတမ်းလှသလို ရေတံခွန်မှာလဲလွန်စွာလှသောကြောင့် လာရောက်အပန်းဖြေသူများမှာနှင့်စည်ကားချင်တိုင်းစည်ကားနေပါတော့သည်။
နီလာရောင်တောက်ပနေသော ရေပြင်အား စိမ်းစိုသောသစ်ပင်များ/တောင်တန်းများနှင့်ရေများတသွင်သွင်စီးကျနေသော ရေတံခွန်ဖြင့်တွဲဖက်၍မြင်လိုက်ရလျှင်ပင် ရင်ထဲတွင်ရှိသမျှ ဘဝအမောတွေ ပြေပျောက်သွားနိုင်လောက်အောင် သဘာဝအလှတရားကို ပိုင်ဆိုင်ထားသည့် ရေတံခွန်ပင်ဖြစ်နေပါတော့သည်။
image
တစ်နေ့ကျွန်တော်အလုပ်နားသဖြင့် အိမ်၌တစ်ယောက်တည်း ပျင်းပျင်းနှင့်ရှိနေလေရာ အိမ်ပေါက်ဝမှ အသံကြားသဖြင့် အပြင်သို့လှမ်းကြည့်လိုက်လေရာ"ဒေါ်လေး အောင်အောင်ရှိလား"ဆိုသောအသံနှင့်အတူ ရဲရင့်တစ်ယောက် အိမ်ပေါ်သို့အပြေးကလေးတက်လာသည်။ကျွန်တော်မှ"ရဲရင့် ဘာလို့အဲ့လောက်အရေးကြီးနေတာလဲ ဟ"ဟုမေးလေရာ ရဲရင့်မှ"ဒီနေ့ လိပ်ကျရေတံခွန်ကိုသွားမလို့ မင်းကိုလာခေါ်တာ"ဟု ပြန်ဖြေလေသည်။
ကျွန်တော်လဲပျင်းပျင်းနှင့်ရှိလေတာမို့ လိုက်မည်ဟုပြန်ဖြေလိုက်လေသည်။ရဲရင့် ပြန်သွားပြီး နာရီဝက်လောက်အကြာမှာ အိမ်ရှေ့က"အောင်အောင်ရေ သွားရအောင်"ဟု ရဲရင့်၏ အသံထွက်လာ၍ ကျွန်တော်လဲ ပိုက်ဆံအိတ်ယူကာ အင်္ကျီလက်ရှည်လေးဝတ်ပြီး အိမ်ရှေ့သို့ ထွက်လာခဲ့လိုက်လေသည်။အိမ်ရှေ့တွင်ရပ်စောင့်နေသော ရဲနီ|ဖိုးထင်နှင့်သာကွေးတို့က ဆိုင်ကယ်တစ်စီး|အောင်စိုးထိုက်နှင့် အောင်မျိုးဇော်တို့ကဆိုင်ကယ်တစ်စီး နှင့် ကျွန်တော့်အားရပ်စောင့်နေသောရဲရင့်နှင့်တောက်ထွန်းအား တွေ့လိုက်လေရာ ကျွန်တော်လဲ"လူကနည်းလှချည်လား"ဟု လှမ်း၍စနောက် ကာသူတို့ရှိရာသို့လျှောက်လာလေခဲ့သည်။ကျွန်တော်လဲရဲရင့်ဆိုင်ကယ်ပေါ်ထိုင်လိုက်သည်နှင့် ရဲနီတို့၏ ဆိုင်ကယ်ကရှေ့မှနေ၍ လက်ပံပြန်ကျေးရွာလေးမှ စတင်ပြီးထွက်ခွာလာပါတော့သည်။
ဆက်ရန် part 2>>>>>>>>
SMT 67@aungkyawsoe
Photo from facebook

Sort:  

Congratulations @aungkyawsoe! You have completed some achievement on Steemit and have been rewarded with new badge(s) :

You published your First Post
You got a First Vote

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!

SMT-59
Good

thank you par nyi lay

နေချင်​စရာ​လေး
SMT52

နောက်တစ်ခါလိပ်ကျရေတံခွန်ကိုအတူတူသွားမယ်လေညီလေး

Inn
သွားတာ​ပေါ့😀

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 64076.80
ETH 3516.36
USDT 1.00
SBD 2.64