ကျောင်းသင်္ကြန်​အ​တွေ့အကြုံ​​လေး

in #myanmar6 years ago (edited)

တက္ကသိုလ်​များ ပထမနှစ်​ဝက်​ စာ​မေးပွဲများ​ဖြေရာ
တွင်​ ကျွန်​​တော်​တို့TUများသည်​ ​နောက်​အကျဆုံး
ဖြစ်​သည်​။
April 5ရက်​​နေ့မှ စာ​မေးပွဲပြီးခဲ့သည်​။
တခြား​ကျောင်းများသည်​ကား March 28ကတည်း
ကပြီးသွားခဲ့ပြီဖြစ်​သည်​။
1st yearတုန်းက စာ​မေးပွဲပြီးသည်​နှင့်​ နယ်​တန်း
ပြန်​သည့်​ကျွန်​​တော်​ ဒီနှစ်​မှာ​တော့ မပြန်​နိုင်​​သေး။
ကျောင်းကပြုလုပ်​မည့်​ ​ကျောင်းသင်္ကြန်​ကို နွှဲပြီးမှ
ပြန်​မည်​ဟု second year စတက်​ကတည်းက
စိတ်​ကူးထား​သော​ကြောင့်​ မပြန်​​သေးဘဲ 
ကျောင်းသင်္ကြန်​ကို ​စောင့်​​နေလိုက်​သည်​။
image
ကျွန်​​တော်​တို့ second yearများသည်​ April 5ရက်
နေ့တွင်​ စာ​မေးပွဲပြီးသွားပြီဖြစ်​​သော်​လည်း
တခြား yearများ မှာ မပြီး​သေးသည်​များ ရှိ​သေး
သော​ကြောင့်​ ​ကျောင်းသင်္ကြန်​မှာ သူတို့အပြီးကို
စောင့်​ရင်း​ April 8ရက်​​နေ့ဟု သတ်​မှတ်​ထားသည်
ဟုသိရသည်​။

ကျွန်​​တော့်​မှာလည်း.ဒီသင်္ကြန်​ပွဲ နွှဲဖို့အတွက်​ကို
ကြိုတင်​ပြင်​ဆင်​မှု​တွေ လုပ်​ထားရ​လေသည်​။

ဘာလဲဆို​တော့ ကျွန်​​တော်​ပြန်​မဲ့အချိန်​က သင်္ကြန်​နဲ့
အ​တော်​နီးသွားပြီဖြစ်​တဲ့အတွက်​ အနားနီးမှ
လက်​မှတ်​ဖြတ်​လို့က​တော့ ကျိန်း​သေ​ပေါက်​ မရမှာ
သေချာသည်​။

ထို့​ကြောင့်​ March 20​ကျော်​ကတည်းက Booking
လုပ်​ကာ သွားဖြတ်​ထားရသည်​။

မိမိမှာ ၁၀ရက်​​နေ့မှ ရန်​ကုန်​က ​အေး​ဆေး ပြန်​မည်
ဟုစဉ်းစားထား​သော်​လည်း လက်​မှတ်​အ​ခြေအ​နေ
အရ ၉ရက်​​နေ့ည ပြန်​ရမည့်​ဟာသာရသည်​။

တစ်​ရက်​​လေးနဲ့​တော့ ဘာမှမဖြစ်​။
ကျောင်းသင်္ကြန်​နွှဲလိုက်​ရပြီး​ရောဆိုကာ ၉ရက်​​နေ့
ညလက်​မှတ်​ကို သာဖြတ်​ခဲ့သည်​။

April 5ရက်​​နေ့စာ​မေးပွဲပြီးသွားသည်​နှင့်​ အစီအစဉ်
များညတွင်​ ဆွဲရ​တော့သည်​။

ဘာအစီအစဉ်​​တွေ ဆွဲတာလဲဆို​တော့ ​နောက်​​နေ့
6ရက်​​နေ့တွင်​ ​ဘော်​ဒါ​တွေ စာ​မေးပွဲပြီးလို့ စုပြီး
ပျော်​ကြမည်​ ဖြစ်​သဖြင့်​ ဆုံကာမှ ​ဆွေး​နွေးလျှင်
ကြာမည်​ဆိုး​သော​ကြောင့်​ ညကတည်းက FB.GP
တွင်​ ကြိုတင်​ကာ ​ဆွေး​နွေးထားကြခြင်းဖြစ်​သည်​။
image

ကြိုတင်​ပြင်​ဆင်​ ​အောင်​ပွဲဝင်​ဆိုတဲ့စကားလဲရှိ​ပေတာကိုး။

စာသာအဲ့လိုကြိုးစားရင်​ All Aထွက်​မှာ😂😂

အဲ့လိုနဲ့ ၆ရက်​​နေ့မှာ​တော့ မနက်​ ၉နာရီမှ စကာ
၁၁နာရီ အထိ fustal ကွင်း နှစ်​နာရီ ငှါးကာ
ကန်​ကြသည်​။
ထို့​နောက်​ ​နေ့လည်​စားစားခဏ နားကြပြီး
ည​နေ ၃နာရီ​လောက်​တွင်​ တက္ကသိုလ်​များ ​ရေကူးကန်​တွင်​ သွားကူးကြသည်​။

ည​နေမှာ​တော့ ကျွန်​​တော်​တို့ရဲ့ Main Planဖြစ်​တဲ့
Cheer လုပ်​ခြင်းအစီအစဉ်​ပင်​ဖြစ်​သည်​။
ဘီယာသွား​သောက်​ကြသည်​ကို ​ပြောခြင်းပါ😂။

ထို့​နောက်​ ​ထွေ​ထွေ​လေးနဲ့ အင်းယားမှာ သွားထိုင်
ကာစကား​တွေ​ပြောကြ​လေသည်​။

နောက်​​နေ့ ၇ရက်​​နေ့ကို​တော့ ဘယ်​မှမသွားဘဲ
အားလုံးက နားဖို့ဆုံးဖြတ်​ကြသည်​။

အ​ကြောင်းမူကား
ဘတ်​ဂျတ်​အ​ခြေအ​နေက နည်းပါးလာကြသည်​ကတစ်​​ကြောင်း

၈ရက်​​နေ့တွင်​ ကဲဖို့ အား​မွေးကြဖို့ကတစ်​​ကြောင်း
ဖြစ်​သည်​။

ဒီလိုနဲ့ ​စောင့်​စား​နေသည့်​ ၈ရက်​​နေ့သို့​ရောက်​ရှိလာ​လေသည်​။

ကျောင်းကနဂို​ကြေညာထားသည့်​ အစီအစဉ်​များမှာ

အဆို​တော်​ ဂျူ ဝယ်​၊ဝိုင်း​လေး၊​ဇေရဲ၊Ar Tနှင့်​Edm timeအတွက်​ DJများနှင့်​ အဆို​တော်​Special Guest တစ်​​ယောက်​ဟု ​ကြေညာထားသည်​။

မနက်​ ၁၀နာရီ​လောက်​ကဖြစ်​မည်​ထင်​သည်​။
အဆို​တော်​ ဝိုင်း​လေး လာ​ဖျော်​​ဖြေသည်​။
ဝိုင်း​လေးကလှလည်းလှ အသံကလည်း​ကောင်း
သီချင်းကလဲမြူး​တော့ အားလုံး​ပျော်​ကြသည်​။
သင်္ကြန်​ပုံရိပ်​များ
image
ထို့​နောက်​ Ar Tလာသည်​။
Ar t၏ ည​မွှေးပန်းသီချင်းသည်​ ​တော်​​တော်
က​ကောင်းသည်​။
အဲ့သီချင်းဆို​တော့ ​တော်​​တော်​များများ ကကွက်​အဆန်း​တွေနဲ့ လိုက်​ကကြသည်​။
image
သင်္ကြန်​ပုံရိပ်​များ
image
image
image
A r tအပြီးတွင်​ Edm time အတွက်​ DJ
တစ်​​ယောက်​စလာသည်​။
DJကလည်း မြူးသလားမ​မေးနဲ့ ​ကျောင်းသား​တွေ ကကြာ မြူးကြတာ ။

ကိုယ်​​တွေလဲ ကကွက်​ဆန်း​တွေနဲ့ ကဆုံ​ပေါက်​​နေ
ကြ​တာ​ပေါ့။

ဒီလိုနဲ့ Djတစ်​​ယောက်​ပြီးတစ်​​ယောက်​နဲ့ ကခုန်​ပြီး​တော့ ​နေ့လည်​၁၂.​ကျော်​​တော့ ဗိုက်​ဆာသည်​နှင့်
ကန်​တင်းသို့​ပြေးကာ စားရင်းနားကြသည်​။

ကျောင်းရှိ ​မေဂျာအသီးသီးမှ စတုဒီသာများ​ကျွေး
သော်​လည်း​ မနက်​အ​စောကတည်းကပင်​ ကုန်
သွားခဲ့ပြီဖြစ်​သည်​။

နေ့လည်​စာစား​နေတုန်း ဂျူ ဝယ်​၊​ဇေရဲတို့ လာ​ဖျော်​​ဖြေသွားသည်​ဟု သိရသည်​။
image
ဂျူ ဝယ်
image
ဝိုင်း​လေး
image
image
ကန်​တင်းမှာ အားဖြည့်​ပြီးသည့်​​နောက်​ သင်္ကြန်​ပွဲ
ကျင်းပရာ​နေရာသို့ပြန်​သွားသည်​။
DJတစ်​​ယောက်​ဆက်​၀င်​​နေသည်​။

နေကပူလာပြီဖြစ်​​သော်​လည်း ​ရေပိုက်​များစွာဖြင့်
ဖြန်း​ပေးထား၍ အရမ်းမပူ ကဲ၍​ကောင်း​ပေသည်​။
ဒီလိုနှင့်​ ည​နေ၃နာရီ​လောက်​ တွင်​ Special Guest
ဆိုပြီး ​ကြေညာသည်​ကို ကြားလိုက်​ရသည်​။

Special Guestမှာတခြားသူမဟုတ်​ ရဲ​လေးပင်​ဖြစ်
သည်​။
image
image
Special guestကြီး
ရဲ​လေးကို အများကြီး မထင်​ထား​သော်​လည်း
မိမိတို့ အရင်​ကတည်းက ​ကြွေခဲ့ရ​သော
မိုး၊မနှုတ်​ဆက်​ချင်​ဘူး၊နတ်​သမီး oldieများနှင့်
ဖျော်​​ဖြေသွားသည်​။

အရမ်းကို ​ပျော်​ဖို့​ကောင်းသည့်​ သင်္ကြန်​အကြိုပွဲ​လေး ဖြစ်​ခဲ့တာ​ပေါ့ဗျာ။

ည​နေ၅နာရီ​လောက်​ထိ ကဲပြီးချိန်​မှာ​တော့
ကျွန်​​တော်​လည်း ပြန်​ခဲ့ပါ​တော့တယ်​။
တစ်​​နေ့လုံး ကဲထားကထား​သော​ကြောင့်​ ညတွင်​ခြေ​ထောက်​များ ကိုက်​ခဲ​နေရပါသည်​။

တန်​ပါတယ်​​လေဟုသာ ​တွေးရတာ​ပေါ့😂

နောက်​​နေ့ ၉ရက်​​နေ့မှာ​တော့ အထုတ်​အပိုး​တွေ
ပြင်​ပြီး နယ်​ကိုပြန်​ခဲ့ပါ​တော့တယ်​။

ကျွန်​​တော့ရဲ့ ပထမဆုံး​ကျောင်းသင်္ကြန်
အ​တွေ့အကြုံ​လေးကို ​ရေးထားခြင်းဖြစ်​ပါသည်​။

အားလုံးပဲရွင်​လန်းချမ်း​မြေ့ကြပါ​စေ။

MSU-051
@aungkhant2000

Sort:  

IMG_20180420_115856.jpg
You got 100% Vote From @sattpaing. Because You Tag msu. MSU is Myanmar Steemit User Group.

30688195_442396722853716_3392771258985742336_n.jpg

Nice Post Bro.........And Keep try On

You got 100% Vote From @dpakyaw . Because You Tag msu. MSU is Myanmar Steemit User Group.

Good Luck
#msu

ပျော်​စရာကြီး​ဗျာ

TU Thingyan က တကယ်ပျော်စရာကောင်းတယ်

ပျော်စရာကြီး ဟ
@aggamun

ဖက်​ရတာ ကဲ​တောင်​ကဲချင်​လာp bro😁 good post

အာ​ပေးလျှက်​ပါ​ညေး

ဝမ်းသာဂုဏ်ယူပါတယ်ခင်ဗျာ

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.030
BTC 60122.55
ETH 3199.29
USDT 1.00
SBD 2.43