ကျွန်တော်သိသလောက် ရွှေတောင်စားစေတီတော်အကြောင်း(ထားဝယ်မြို့)

in #myanmar6 years ago (edited)

မြန်မာပြည်အနှံ့အပြားမှာရှိတဲ့ steemit members များအားလုံးပဲ့ မင်္ဂလာပါခင်ဗျား.........။
အခုဆိုရင်တော့ဖြင့် ကျွန်တော်ဟာsteemit မှာintro post ပြီးတာနဲ့ ထားဝယ်မြို့အကြောင်းကို စာဖြင့်လည်ကောင်း ၊ဓါတ်ပုံများဖြင့်လည်ကောင်း ထားဝယ်မြို့ရဲ့ အလှအပတွေကို ခံစားနိုင်စေရန် ရေးသားလာခဲ့တာ
ယခုဆိုရင် သုံးပတ်ရှိပါပြီ ခင်ဗျား.......။

ဒီတစ်ပတ်မှာတော့ ထားဝယ်မြို့ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ ရွှေတောင်စားစေတီတော်(လောကမာရဇိန်ဘုရားကြီး) အကြောင်းကိုကျွန်တော်လေ့လာသိရှိရသလောက် ဆက်လက်တင်ပြပေးမှာပဲ့ ဖြစ်ပါတယ်ခင်ဗျား.......။
စာရေးဆရာတစ်ယောက်မဟုတ်သည့်အတွက် အရေးအသားမကောင်းမှူများအတွက်လဲ ကြိုတင်တောင်းပန်အပ်ပါသည် ခင်ဗျား....။

image

စေတီတော်သမိုင်းအကျဉ်း

"ဥဩအော်သည် ထားဝယ်တည်"ဟူသော အမှတ်သင်္ကေတနံသင့်အက္ခရာအရ မြို့စားဦးနဲလှသည် သက္ကရာဇ် ၁၁၁၆ခုနှစ် တပေါင်းလဆန်း(၁၃)ရက် စနေနေ့တွင် လက်ရှိထားဝယ်မြို့ကို တည်ထောင်ခဲ့ပါသည်။အလောင်းမင်းတရားကြီးဦးအောင်ဇေရသည် မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်ပြီး အမြို့မြို့အနယ်နယ်သို့ သစ္စာတော်ခံများစေလွှတ်ရာ ၁၁၂၁ခုနှစ်တွင် ဒူကတိုင်းသာယာဝတီ(ထားဝယ်)မြို့သို့ရောက်ရှိလာပါသည်။မြို့စားဦးနဲလှက သွားရောက်သစ္စာခံသော်လည်း အလောင်းမင်းတရားတပ်များက ကွပ်မျက်လိုက်ပြီး ရေဝန်မြို့စား ဒေဝဒိဗ္ဗအား မြို့စားခန့်အပ်လိုက်သည်။မကြာမီသကာလအတွင်း ထားဝယ်မြို့အရှေ့ဘက်ရွှေတောင်ရွာမှ ပန်းပဲဆရာကြီး ဦးရွှေဇော်၏သား မောင်ရှင်ဇော်က ရေဝန်ဒေဝဒိဗ္ဗအားလုပ်ကြံလိုက်ပြီး သက္ကရာဇ်၁၁၂၂ခုနှစ်တွင် မင်းရှင်ဇော်ဘွဲ့ကို ခံယူပြီး ထားဝယ်မြို့ကိုအုပ်ချုပ်ခဲ့သည်။
image

"ဥဩကျော်လင့် ရွှေတောင်စားသက္ကရာဇ်"ဆိုသည့်အတိုင်း မြန်မာသက္ကရာဇ်၁၁၂၄ခုနှစ်တွင် ရှေးစေတီပျက်ပိုငုံ၍ ရွှေတောင်စားစေတီကို တည်ထားခဲ့ပါသည်။ တစ်ချိန်တည်းတွင် စေတီတော်၏ တောင်ဘက်၌ ဘိက္ခူ ဟုံသာသနာပိုင်ဆရာတော်ကြီးကို အမှူးပြု၍ သိမ်သမုတ်ရာ ၁၁၂၅ ခုနှစ်တွင်
ပြီးမြောက်ပါသည် ။ စေတီတော်တည်ဆောက်ပြီးမြောက်၍ သက္ကရာဇ် ၁၁၂၆ခုနှစ် တန်ခူးလဆန်း ၁၀ ရက်နေ့တွင် ရွှေထီးတော် တင်လှူတော်မူပါသည် ။
image
။ရွှေတောင်စားမင်း မင်းရှင်ဇော်ကောင်းမှုတော်ဖြစ်၍ ရွှေတောင်စားစေတီတော်ဟူ၍ ခေါ်တွင်ခဲ့သည်။နှစ်ပေါင်း ၁၃၆နှစ်ကြာတွင် ထီးနန်းယိုယွင်းပျက်စီးမှုဖြစ်လာသဖြင့် ဗြိတိသျှအစိုးရလက်ထက်တွင် စစ်ကကြီးဦးတာနောနှင့် မြူနီစီပါယ်ဦးလူတန်တို့က ကြီးမှူး၍ မြို့သူမြို့သားများက သက္ကရာဇ်၁၂၆၂ခုနှစ် ကဆုန်လပြည့်နေ့တွင် ဒုတိယထီးတော်ကို တင်လှူကြပါသည်။"အောက်ကသံကျော် ရွှေထီးတော်" ဟုသင်္ကေတပြုကြသည်။နောက်ထပ်၁၁နှစ်အကြာ ၁၁၇၃ခုနှစ်တွင် လေပြင်းမုန်တိုင်းဒဏ်ကြောင့် ထီးတော်ပျက်စီးသွားပါသည်။ဗြိတိသျှအရေးပိုင် ကာနယ်ကရိန်းနှင့်ဇနီး ဒေါ်မမကြီး၊ထားဝယ်မြို့အနောက်ရပ် ဦးရွှေဂွန်းနှင့်ဇနီးဒေါ်ရွှေဇင် တို့ကဦးဆောင်၍ မြို့သူမြို့သားများကောင်းမှု တတိယထီးတော်အသစ်ကို သက္ကရာဇ်၁၁၇၃ခု တန်ခူးလပြည့်ကျော်လေးရက် သောကြာနေ့တွင် တင်လှူပူဇော်ခဲ့ကြသည်။
image
image
image
"အောက်ကထိန်ငြီး ရွှေတောင်စားထီး"ဟုသင်္ကေတပြုကြသည်။တတိယထီးတော်တင်လှူပြီး နှစ်ပေါင်း၁၀၁နှစ်ကြာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့က ဦးဆောင်၍ရွှေတောင်စားစေတီတော်ကြီးအား လုံးတော်ပြည့်ရွှေဇင်ရွှေသား ဆက်ကပ်ပြီးစတုတ္ထရွှေထီးတော်အသစ် တင်လှူပူဇော်ပွဲအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၇၄ခု တပေါင်းလဆန်း၂ရက် ၊ခရစ်သက္ကရာဇ်၂၀၀၃ခုနှစ် မတ်လ၁၃ရက် ဗုဒ္ဓဟူးနေ့တွင် ခမ်းနားကြီးကျယ်စွာ ကျင်းပခဲ့ပါသည်။"အောင်စည်တီးလျှင် ရွှေထီးတော်တင်"ဟူ၍သင်္ကေတပြုကြသည်။ ရွှေထီးတော်နှင့် ပန်းလည်တိုင်ကို အဆင့်မြင့်သံမဏိအသုံးပြုခြင်း၊ ငှက်မြတ်နားတော်ကို နှစ်ဖက်မျှအလေးချိန်ဖြင့် စံနေတော်မူရန် အသစ်ပြုပြင်တပ်ဆင်ခြင်း၊ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရာတွင် ၉×၉လက်မပတ်လည် အောက်ခံကျောက်ပြားပေါ်တွင် ရွှေစင်ရွှေဆိုင်းများကပ်ထားခြင်းများ ပြုလုပ်ပါသည်။
image

ကဲ....အခုတော့ဒီမှာပဲ့ အဆုံးသတ်ပါရစေ ခင်ဗျား.....
နောက်post တွေမှာတော့ ထားဝယ်မြို့ရဲ့ ရှေးဟောင်းဘုရားသမိုင်းအကြောင်းတွေနဲ့ သာယာလှပတဲ့ ထားဝယ်မြို့ရဲ့ ကမ်းခြေတွေ ရေတံခွန်တွေ
အကြောင်းကို ဖွဲ့ဖွဲ့နွဲ့နွဲ့လေး ရေးပြပေးချင်သေးလို့ ဆက်လက်ဖတ်ရှူ
အားပေးကြပါဦးလို့ပြောရင်း နိဂုံးချုပ်လိုက်ရပါတယ် ခင်ဗျား......။
image

refer : ဘုရားကြီးစာကြည့်တိုက်
Aung Htet Kyaw @aunghtetkyaw
MSC-197
Myanmar steemit

Sort:  

တစ်​​ခေါက်​တစ်​ခါ​တော့သွားဖူးကြည့်​ချင်​တယ်

လာခဲ့ပါ broကြိုဆိုပါတဗျ

ဗဟုသုတရပါတယ်ကျေးဇူးပါ

ကျေးဇူးပါခင်ဗျား

ဗဟုသုတရပါတယ်ဗျာ

ဟုတ် ကျေးဇူးတင်ပါတယ်ခဗျား

ကိုယ်တိုင်လာဖူးရတာထက် သမိုင်းကြောင်းပါသိရတော့ ပြည့်စုံပါတယ်ဘဒိုရေ

ကျေးဇူးပါဗျ နောက်ထပ်ဲ ထားဝယ်ရှေးဟောင်း ဘုရားအကြောင်းတွေ တင်ပေးပါ့မယ်ခင်ဗျား

အားပေးနေပါတယ်ဗျ

ကျေးဇူးတင်ပါတယ်ဗျ

ဗဟုသုတရစေပါတယ်ဗျာ

ကျေးဇူးအထူးတင်ရှိပါကြောင်း

ပို သိရတာပေါ့bro

ကျေးဇူးပါ

ဗဟုသုတကြွယ်​​စေပါတယ်​ဗျာ

ဟုတ်ကဲ့ ကျေးဇူးပါခဗျ

ဗဟုသုတရတယ် ညီ ....

တ၀ကျေးဇူးတင်ရယ်နား အခုလိုအကြံပြုရေးပေးလို့

ဆက်လက်အားပေးနေပါမယ်ခင်ဗျာ

ကျေးဇူးတင်ပါတယ် ခင်ဗျား

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.029
BTC 60956.08
ETH 3383.12
USDT 1.00
SBD 2.50