About Famous Beach MaungMaGan In Dawei

in #myanmar6 years ago (edited)

မြန်မာပြည်အနှံ့အပြားမှာရှိတဲ့ steemit members များအားလုံးပဲ့ မင်္ဂလာပါခင်ဗျား.........။
ဒီတစ်ပတ်မှာတော့ ထားဝယ်မြို့ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ မောင်း
မကန်ကမ်းခြေအကြောင်းကိုကျွန်တော်လေ့လာသိရှိရသလောက် တင်ပြပေးမှာပဲ့ဖြစ်ပါတယ် ခင်ဗျား...။
image

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ မောင်းမကန်ကမ်းခြေအကြောင်း

မောင်းမကန်ကမ်းခြေသည် တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှ (၇)မိုင်ခန့်အကွာအဝေးတွင်ရှိပြီးကားဖြင့်သွားလျှင်မီနစ်(၂၀)
ခန့်ဖြင့် ရောက်နိုင်ပါသည်။
ဤအချိန်သည် ထားဝယ်မြို့တွင်ရှိသော ရှင်ကိုးရှင်ဘုရားများသို့
တစ်နိုင်ငံလုံးမှ ဘုရားဖူးကားများအများအပြားလာ
ရောက်နေသော အချိန်ဖြစ်ပါသည်။
လာသောကားများအားလုံးသည်လည်း မောင်းမကန်
ကမ်းခြေသို့ လာရောက်အပန်းဖြေ လည်ပတ်ကြပါသည်။
၎င်းအပြင်နိုင်ငံခြားသားများလည်း သိရှိသူများလာပြီး လာရောက်အပန်းဖြေ လည်ပတ်နေသည်ကို
တွေ့မြင်ရပါသည်။
မောင်းမကန်ကမ်းခြေ၏ ထူးခြားချက်များ အလေ့ကျထင်းရှူးပင်များ မပြုမပြင်ဘဲအစီအရီပေါက်ခြင်း၊ ဖြောင့်တန်းညီညာသော ကမ်းရိုးတန်းရှိခြင်း၊အမှိုက်သရိုက်
ကင်းခြင်း၊ ကမ်းရိုးတန်းမှ ပင်လယ်အောက်သို့ ညီညာပြန့်ပြူးသောသဲသောင်နုရှိခြင်း၊ကျောက်လုံးကျောက်ခဲများကင်းခြင်း၊ကြည်လင်သောရေရှိခြင်း ရေအတက်အကျညီ
ညာခြင်း ငွေလှိုင်းအိများအမြဲရှိခြင်းအန္တရယ်ပေးတတ်သော
ရေသတ္တ၀ါကင်းခြင်း တို့ဖြစ်ပါသည်။
image

image
မောင်းမကန်ကမ်းခြေသို့ရောက်ပြီး ကမ်းစပ်တွင်ရပ်ကာရှေ့သို့မျှော်
လိုက်ပါက ပြာမှိုင်းသော ကောင်းကင်ကြီးနှင့် စိမ်းညိုသောပင်လယ်ပြင်တို့သည် အဝေးတနေရာ မိုးကုတ်စက်ဝိုင်းကြီးတွင် သွားရောက်
ထိစပ်နေသည်ကို တွေ့မြင်ရပေမည်။ မိုးကုတ်စက်ဝိုင်းသာလျှင်
အဆုံးထင်သော ရူခင်းကိုမြင်လိုက်ရသည်နှင့် စိတ်၏လွတ်လပ်မှု
ဟူသော အရသာထူးကိုခံစားရမည်။ အဆုံးအစမမြင်သော ပင်လယ် ပြင်ကျယ်ကြီးသည် ငှက်သွင်ပျံကြွမတတ် စိတ်လွတ်လပ်စေသည် ​လန်းဆန်းစေပါသည်။
image
သောင်ခုံကိုဆင်းပြီး တောင်မြောက်ဘက်ကို ရှူစားလိုက်ဦးမည်ဆိုပါကလည်း ဖြူနုသော သောင်ပြင်ကြီး
သည် ကြည့်ရှုမဆုံးနိုင်အောင် ပြန့်ပြူးသာယာလှပေတော့သည်။
တောင်ဘက်တွင် ပင်လယ်ကမ်းခြေသည် ကွေ့ဝိုက်သွားကာ ပင်လယ်ထဲသို့ထိုးထွက်နေသော အငူတွင် သွားအဆုံးသတ်၏ ထိုအငူတွင် မျှော်ရစ်စေတီတော်အား တည်ထားရာ
လှမ်းမျှော်ကြည့်လိုက်လျှင်ကြည်နူးစရာအတိဖြစ်နေ
ပေသည်။
မောာင်းမကန်ကမ်းခြေသည် အနံအားဖြင့် ရေကျ
ချိန်တွင် ကိုက်ငါးရာခန့်ရှိကာ အလျားအားဖြင့်မူ ငါးမိုင်
ခန့်ရှိ၏ ရေအတက်ဆုံးနေရာအထိ
သဲပြင်မှာ ကျစ်လစ်မာကျောကာ ရေမရောက်သောနေရာ
ရှိ သဲများကား အနည်းငယ်ပွရောင်းလေသည်။ သဲများသည် အားလုံးပင် ဖြူနုသော သဲလုံးကလေးများဖြစ်သည်။
ရေထဲသို့ဆင်းသွားလျှင် ပေ (၁၀၀) ခန့်ဆင်းသွားမှ (၃)ပေ ခန့်နိမ့်
ဆင်းသွား၏ ရင်ခေါင်းလောက် ရေနက်သောနေရာသို့ ရောက်ရန်
ပေ (၅၀၀) ခန့်သွားရသည်။

image

image
Photography by me
@aunghtetkyaw
MSC-197
Myanmar Steemit Lover

Sort:  

မင်္ဂလာပါခင်ဗျာ Steemit Platform သည် အခြား သော ဆိုဒ်များမှ စာများ , ဆောင်းပါးများ , သတင်းများအား ကူးယူဖေါ်ပြခြင်းကို အထူးပင်တားမြစ်ထားပါသည်။ ဤ Platform သည် မိမိကိုယ်ပိုင်အရေး အသား အတွေးအမြင် အတွေ့အကြုံတို့ အား ဖလှယ် ရာနေရာ ဖြစ်ပါသည် ။ မိတ်ဆွေ၏ post နှင့် ပုံစံတူ post အား https://m.facebook.com/story.php?story_fbid=319047845148806&id=100011307785965 တွင် တွေ့မိပါသည် ။

Myanmar Steemit Community တွင် MSC - number ရယူသူတိုင်းသည် ကိုယ်တိုင်ရေး ဆောင်းပါးများ ရေးသားသူ ဟု အသိအမှတ်ပြု ခံရသူများ ဖြစ်ပါသည်။ ဤကဲ့သို့ အရှက်တရားကင်းမဲ့စွာ တပါးသူရေးသားထားသော ဆောင်းပါးအား ရေးသားသူ မိမိ နာမည် တပ်၍ SBD ရယူ ရန် promotion တင်လာခြင်းမှာ MSC အား စော်ကားခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤကဲ့သို့ အဖြစ်မရှိ ခိုးကြောင်ခိုးဝှက် ဖြင့် သူတပါး voting ရယူ လိုသူအား MSC မှ အလိုမရှိပါ။ ယနေ့မှ စ၍ သင့်အား MSC တွင် post တင်ခြင်းနှင့် promotion တင်ခြင်းကို ပိတ်ပင်သည့် အပြင် MSC အဖွဲ့ ဝင် အဖြစ်မှ လည်း ရာသက်ပန် ထုတ်ပယ်လိုက်သည်။

လာလည်မယ်ဗျာ

လာလည်ပါဗျာ

သွားချင်တယ် 😒

သွားရအောင်☺

တစ်နေ့တော့ ရောက်အောင်လာမယ်ဗျာ

တစ်နေ့နေ့တော့ ရောက်မှာပါဗျာ

မရောက်ဖူးသေးဘူးဗျာ လာချင်ပါတယ်။

လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ဗျာ

တစ်​ခါမှ​တော့မ​ရောက်​ဖူးဘူးဗျ လာလည်​ရင်​​ခေါ်ပါဦး

တကယ်လာဖို့သာလိုတာ auto ခေါ်ပီးသားပါဗျ

လာလည်ပါ့မယ် မသိချင်ယောင်မဆောင်ကြေး

No no no. ထားဝယ်သားတွေမှာ အဲလိုစိတ်မရှိရိုးပါဗျာ😁😁😁

လာလည်ချင်ပါသေးတယ်ဗျာ

ဟုတ်ကဲ့ ကိုယ်တိုင်ခံစားရတဲ့ အတွေ့အကြုံလေး
ပေးချင်တယ်ဗျ

ပုံတွေကအလန်း

ပုံပဲ့ကောင်းအောင်
လုပ်နေရတယ်ဗျာ

တစ်ခါမှမရောက်ဖူးသေးဘူး လည်ချင်တာဗျာ😢

လာခဲ့ပါလို့စ်

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.029
BTC 65051.86
ETH 3163.86
USDT 1.00
SBD 2.54