ယာဉ်​အန္တရယ်

in #myanmar6 years ago (edited)

ယခုစာ​ရေးသားရသည့်​ ရည်​ရွယ်​ချက်​မှာ
လမ်းသွားလမ်းလာများ၊ ယာဉ်​မ​တော်​တဆ မှုများ ကင်းရှင်း​စေလိုသည့်​ ရည်​ရွယ်​ချက်​ဖြင့်​ ​ရေးသားပါသည်​။
ကျုပ်​တို့ မြန်​မာလူမျိုးအများစုသည်​ လမ်းမများ​ပေါ်တွင်​သွားလာကြရာဝယ်​ အလွန်​တရာ​ပော့လျော့ကြ​ပေသည်​။
မန္တ​လေး မြို့လို ၈၁, ၈၂,၈၃ လမ်းမ များသည်​ တစ်​လမ်း​မောင်းများဖြစ်​ကြ​သော်​လည်း
လမ်း​ပြောင်းပြန်​ သွားလာကြသူများလည်း
များစွာ​တွေ့​နေရပါသည်​။
အကယ်​၍များ တိုက်​ခိုက်​မှုတစ်​စုံတစ်​ရာ ဖြစ်​လာပါက မိမိမှာ လမ်း​ကြော​ပြောင်းပြန်​ ဖြစ်​​နေ၍မိမိအမှားသာ ဖြစ်​​ပေလိမ့်​မည်​။
ယာဉ်​မ​တော်​တဆ မှုများ​ကြောင့်​ ထိခိုက်​မှု
သေဆုံးမှုများစွာရှိ ခဲ့တာလည်းအားလုံးသိရှိ
ပြီးဖြစ်​ပါလိမ့်​မည်​။
ထိခိုက်​မှုတစ်​စုံတစ်​ရာ ဖြစ်​​ပေါ်လာပါက
မိမိတို့မိသားစုရဲ့ အချိန်​​၊ငွေ​ကြေး ​ကျောင်းသူ​ကျောင်းသားများဖြစ်​ပါက ပညာ​ရေးပါ
ထိခိုက်​နိုင်​ပါသည်​။
ယာဉ်​စည်းကမ်း၊လမ်းစည်းကမ်း ထိန်းသိမ်း​ရေး​ကော်​မတီ တွင်​ကျွ​န်​​တော်​ ယာဉ်​လိုင်​စင်
သွား​ရောက်​လုပ်​စဉ်​အခါက ယာဉ်​စည်းကမ်း
လမ်းစည်းကမ်းများကို ၃ ရက်​သင်​တန်း​ပေး
ပြီး​သောအခါမှသာ ယာဉ်​​မောင်းလိုင်​စင်​အား ထုတ်​​ပေးခြင်းပြစ်​ပါသည်​။
လူအများစုသည်​ ယာဉ်​​မောင်း​​သောအခါ၊ထိုသင်​တန်း​ပေးထားသည်​များကို ဂရုမပြုမိဘဲ
မောင်းနှင်​ကြသည်​များကိုလည်း မြင်​​တွေ့ကြရပါလိမ့်​မည်​။
တစ်​ချို့တစ်​ချို့​သော ​မော်​​တော်​ကားများ၊​မော်​​တော်​ဆိုင်​ကယ်​များမှာလည်း ​မော်​​တော်​ယာဉ်​၏အချက်​ပြမီးမပြဘဲ တစ်​ဖက်​လမ်း​ကြောသို့ဝင်​ခြင်း၊တစ်​ဖက်​လမ်းသို့ ​ကွေ့ခြင်းများမှာလည်း ထိခိုက်​မှုဖြစ်​ရန်​ ရာခိုင်​နှုန်းများပြားလှပါသည်​။

လမ်းခရီးသွားလာသူများ အဆင်​​ပြေ​ချော​မွေ့စွာ သွားလာနိုင်​ရေးအတွက်​ လမ်းဆုံ၊လမ်းခွများတွင်​ အချက်​ပြမီးပွိုင့်​များတပ်​ဆင်​​ပေးထားပါ​သော်​လည်း သတိမမှုဂူမမြင်
ဆိုသလိုပင်​ မီးပွိုင့်​များတွင်​ မီးဝါ​နေ​သော်​လည်း ဖြတ်​သန်းသွားလာမှုများကို ​တွေ့မြင်​​နေကြရပါသည်​။
မီးပွိုင့်​များတွင်​ မီးနီ​နေသည့်​အခါ မိမိတို့​မော်​​တော်​ယာဉ်​များကို စည်းကမ်းတကျ ရပ်​ထားသင့်​ပါသည်​ ။အချို့ယာဉ်​မောင်းနှင်​သူများမှာ တစ်​ဖက်​ယာဉ်​​ကြော(ဖရီး​ကြော)ထိရပ်​နားထားတတ်​သူများလည်း ​တွေ့မြင်​​နေကြရပါသည်​မဟုတ်​လား။
ကျုပ်​တို့​တွေဟာဖြင့်​ တစ်​သိန်း​ကျော်​တန်​​လောက်​ ဖုန်း​လေးတစ်​လုံးများဝယ်​လာရင်​မိမိဖုန်းပွန်းမှာပဲ့မှာစိုးရိမ်​သဖြင့်​ ဖုန်းကာဗာ
လေးများတပ်​ဆင်​အသုံးပြုကြသလို ​မော်​​တော်​ယာဉ်​​မောင်းနှင်​သည့်​အခါတွင်​လည်း ​ဆိုင်​ကယ်​​မောင်းနှင်​လျှင်​ ဆိုင်​ကယ်​ဦးထုပ်​​မေးသိုင်းကြိုးတပ်​ဆင်​ခြင်း၊ကား​မောင်​နှင်​လျှင်​ ခါးပတ်​ စသည့်​ အကာကွယ်​များစနစ်​တကျတပ်​ဆင်​သင့်​ပါသည်​။

လမ်းမများ​ပော်​တွင်​ ယာဉ်​​မောင်းသူများအ​နေဖြင့်​ ယာဉ်​စည်းကမ်း၊လမ်းစည်းကမ်းအတိုင်းသာ​​မောင်း​နှင်​သင့်​ပါသည်​။ သို့မှသာလျှင်​ ယဉ်​​မောင်းသူတို့အ​နေဖြင့်​ လိုရာခရီးကို အဆင်​​ပြေ​ချော​မွှေ့စွာသွားလာနိုင်​​ပေလိမ့်​မည်​။
ထိခိုက်​မှု အန္တရယ် ကင်းရှင်းစွာသွားလာခြင်းဖြင့်​ မိမိတို့၏ အချိန်​၊​ငွေ​ကြေး၊ပညာ​ရေးထိခိုက်​ နစ်​နာမှုများ မရှိရ​အောင်​ သတိပြုသင့်​ပါသည်​။
image image image
Msc no 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​စေ
image

Sort:  

မှန်ပါတယ်bro

ဟုတ်​ bro
Thank

ဘုတ်ခဲ့တယ်နော်။

ကျေးဇူးအထူးတင်​ပါတယ်​ ဆရာလာအား​ပေးလို့ ဝမ်းလည်းသာတယ်​ဆရာ

ကျေးဇူးပါပဲ အမ

ဟုတ်တယ်ဗျ

မန္တလေးလာရင် ကားနဲ့ လိုက်ပို့ခိုင်းရမယ့်သူတွေ့ပြီလေ

သားက ကားစီးနိုင်​ဘူးဗျ😊😊

မှန်တယ် အစ်ကို

ကျေးဇူးပါ အကို

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63960.62
ETH 3142.95
USDT 1.00
SBD 3.95