ယာဉ်အန္တရယ်
ယခုစာရေးသားရသည့် ရည်ရွယ်ချက်မှာ
လမ်းသွားလမ်းလာများ၊ ယာဉ်မတော်တဆ မှုများ ကင်းရှင်းစေလိုသည့် ရည်ရွယ်ချက်ဖြင့် ရေးသားပါသည်။
ကျုပ်တို့ မြန်မာလူမျိုးအများစုသည် လမ်းမများပေါ်တွင်သွားလာကြရာဝယ် အလွန်တရာပော့လျော့ကြပေသည်။
မန္တလေး မြို့လို ၈၁, ၈၂,၈၃ လမ်းမ များသည် တစ်လမ်းမောင်းများဖြစ်ကြသော်လည်း
လမ်းပြောင်းပြန် သွားလာကြသူများလည်း
များစွာတွေ့နေရပါသည်။
အကယ်၍များ တိုက်ခိုက်မှုတစ်စုံတစ်ရာ ဖြစ်လာပါက မိမိမှာ လမ်းကြောပြောင်းပြန် ဖြစ်နေ၍မိမိအမှားသာ ဖြစ်ပေလိမ့်မည်။
ယာဉ်မတော်တဆ မှုများကြောင့် ထိခိုက်မှု
သေဆုံးမှုများစွာရှိ ခဲ့တာလည်းအားလုံးသိရှိ
ပြီးဖြစ်ပါလိမ့်မည်။
ထိခိုက်မှုတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက
မိမိတို့မိသားစုရဲ့ အချိန်၊ငွေကြေး ကျောင်းသူကျောင်းသားများဖြစ်ပါက ပညာရေးပါ
ထိခိုက်နိုင်ပါသည်။
ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း ထိန်းသိမ်းရေးကော်မတီ တွင်ကျွန်တော် ယာဉ်လိုင်စင်
သွားရောက်လုပ်စဉ်အခါက ယာဉ်စည်းကမ်း
လမ်းစည်းကမ်းများကို ၃ ရက်သင်တန်းပေး
ပြီးသောအခါမှသာ ယာဉ်မောင်းလိုင်စင်အား ထုတ်ပေးခြင်းပြစ်ပါသည်။
လူအများစုသည် ယာဉ်မောင်းသောအခါ၊ထိုသင်တန်းပေးထားသည်များကို ဂရုမပြုမိဘဲ
မောင်းနှင်ကြသည်များကိုလည်း မြင်တွေ့ကြရပါလိမ့်မည်။
တစ်ချို့တစ်ချို့သော မော်တော်ကားများ၊မော်တော်ဆိုင်ကယ်များမှာလည်း မော်တော်ယာဉ်၏အချက်ပြမီးမပြဘဲ တစ်ဖက်လမ်းကြောသို့ဝင်ခြင်း၊တစ်ဖက်လမ်းသို့ ကွေ့ခြင်းများမှာလည်း ထိခိုက်မှုဖြစ်ရန် ရာခိုင်နှုန်းများပြားလှပါသည်။
လမ်းခရီးသွားလာသူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် လမ်းဆုံ၊လမ်းခွများတွင် အချက်ပြမီးပွိုင့်များတပ်ဆင်ပေးထားပါသော်လည်း သတိမမှုဂူမမြင်
ဆိုသလိုပင် မီးပွိုင့်များတွင် မီးဝါနေသော်လည်း ဖြတ်သန်းသွားလာမှုများကို တွေ့မြင်နေကြရပါသည်။
မီးပွိုင့်များတွင် မီးနီနေသည့်အခါ မိမိတို့မော်တော်ယာဉ်များကို စည်းကမ်းတကျ ရပ်ထားသင့်ပါသည် ။အချို့ယာဉ်မောင်းနှင်သူများမှာ တစ်ဖက်ယာဉ်ကြော(ဖရီးကြော)ထိရပ်နားထားတတ်သူများလည်း တွေ့မြင်နေကြရပါသည်မဟုတ်လား။
ကျုပ်တို့တွေဟာဖြင့် တစ်သိန်းကျော်တန်လောက် ဖုန်းလေးတစ်လုံးများဝယ်လာရင်မိမိဖုန်းပွန်းမှာပဲ့မှာစိုးရိမ်သဖြင့် ဖုန်းကာဗာ
လေးများတပ်ဆင်အသုံးပြုကြသလို မော်တော်ယာဉ်မောင်းနှင်သည့်အခါတွင်လည်း ဆိုင်ကယ်မောင်းနှင်လျှင် ဆိုင်ကယ်ဦးထုပ်မေးသိုင်းကြိုးတပ်ဆင်ခြင်း၊ကားမောင်နှင်လျှင် ခါးပတ် စသည့် အကာကွယ်များစနစ်တကျတပ်ဆင်သင့်ပါသည်။
လမ်းမများပော်တွင် ယာဉ်မောင်းသူများအနေဖြင့် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းအတိုင်းသာမောင်းနှင်သင့်ပါသည်။ သို့မှသာလျှင် ယဉ်မောင်းသူတို့အနေဖြင့် လိုရာခရီးကို အဆင်ပြေချောမွှေ့စွာသွားလာနိုင်ပေလိမ့်မည်။
ထိခိုက်မှု အန္တရယ် ကင်းရှင်းစွာသွားလာခြင်းဖြင့် မိမိတို့၏ အချိန်၊ငွေကြေး၊ပညာရေးထိခိုက် နစ်နာမှုများ မရှိရအောင် သတိပြုသင့်ပါသည်။
Msc no 179
@aunggyi100
Myanmar Steemit မိသားစုဝင်အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ
မှန်ပါတယ်bro
ဟုတ် bro
Thank
ဘုတ်ခဲ့တယ်နော်။
ကျေးဇူးအထူးတင်ပါတယ် ဆရာလာအားပေးလို့ ဝမ်းလည်းသာတယ်ဆရာ
Good post.
ကျေးဇူးပါပဲ အမ
ဟုတ်တယ်ဗျ
Thank
မန္တလေးလာရင် ကားနဲ့ လိုက်ပို့ခိုင်းရမယ့်သူတွေ့ပြီလေ
သားက ကားစီးနိုင်ဘူးဗျ😊😊
မှန်တယ် အစ်ကို
ကျေးဇူးပါ အကို