ကျောင်း​ပြေး (အပိုင်း၃ ဇာတ်​သိမ်း)

in #myanmar7 years ago

. . .ကြာလာ​သောအခါတွင်​ ​ကျောင်း​ပြေးခြင်းက ရိုး၍လာပါသည်​။အစပိုင်းတွင်​​တော့ ​ကျောင်း​ပြေးခြင်းက ​ပျော်​ရွှင်​စရာ ​ကောင်းသည်​။ လွတ်​လပ်​သည်​ထင်​ရ​သော်​​လည်းေ​နာက်​တော့ ​ခြောက်​​သွေ့သလိုဖြစ်​လာပါသည်​။
ပျင်းရိသလိုဖြစ်​လာပါသည်​။ကျွန်​​တော်​လို လူ​တေ​လေ​လေးများနှင့်​ ရပ်​ကွပ်​တကာလှည့်​ ကစား​ရ​ပေမယ့်​ ​နောက်​​တော့ကျွန်​​တော်​မ​ပျော်​​တော့ပါ။
image
တ​စ်​​နေ့တွင်
ကစားမည့်​သူများမ​တွေ့ရသဖြင့်​ ကျွန်​​တော်​သည်​ ​ကျောင်း​နှင့်​ ခပ်​လှမ်းလှမ်း တွင်​​ခြေပစ်​လက်​ပစ်​နိုင်​​နေမိသည်​။အခါတိုင်းလို ကစား​ဖော်​များနှင့်​ မကစားရသဖြင့်​ ကျွန်​​တော်​စိတ်​ထဲတွင်​ တမျိုးကြီးဖြစ်​​နေ​လေသည်​။
ထိုစဉ်​​ကျောင်းဘက်​မှ စာအံသံများ ထွက်​​ပေါ်လာပါ​တော့သည်​။ဤကိုသို့​သော စာအံသံမျိုးကိုကျွန်​​တော်​လည်း ရွတ်​ဆိုခဲ့ဖူးပါသည်​။ထိုစဉ်​အခါက ဤကဲ့သို့ ရွတ်​ဆိုရခြင်းကို
ပျင်းစရာ​ကောင်းသည်​။စိတ်​ပျက်​စရာ ​ကောင်းသည်​ဟုလည်း ကျွန်​​တော်​ထင်​မှတ်​ခဲ့ဖူသည်​။
ယခု ကြားရသည်​က ကျွန်​​တော်​ထင်​သလိုမဟုတ်​ခဲ့ပါ။ကျွန်​​တော်​​တွေးမိသလို မဟုတ်​ပါ။လွန်​စွာမှ မြိုင်​ဆိုင်​လှပါသည်​။လွန်​စွာမှ သာယာကြည်​နူးဖွယ်​ ဖြစ်​​နေသည်​ဟု ကျွန်​​တော်​ထင်​မိပါသည်​။
ဤတွင်​​ ကျွန်​​တော်​စိတ်​များ တက်​ကြွလာပါ​တော့သည်​။လှုပ်​လှုပ်​ရှားရှားလည်း ဖြစ်​လာပါသည်​။ကျွန်​​တော်​အ​နေနှင့်​လည်း ဤကဲ့သို့ မြိုင်​မြိုင်​ဆိုင်​ဆိုင်​ ဖြစ်​​နေ​သောအသံများကို ဝင်​​ရောက်​ရွတ်​ဆိုချင်​သည့်​ ဆန္ဒ များလည်းဖြစ်​လာပါသည်​။ကျောင်း​ပြေးသည့်​ အပြစ်​များကိုလည်း မြင်​​ရောင်​လာမိသည်​။
image
အမှန်​မှာတော့ ဆရာမရိုက်​ခံရခြင်းက ကျွန်​​တော်​ ညံ့လို့ဖြစ်​သည်​။ကျွန်​​တော်​ညံ့ရခြင်းကလည်း စာကိုဂရုတစိုက်​ မကျက်​မှတ်​ခဲ့လို့ဖြစ်​သည်​။ကျောင်း​ပြေးချင်း​ကြောင့်​လည်း ဖြစ်​​ပေလိမ့်​မည်​။ အကယ်​၍ကျွန်​​တော်​သာ​ကျောင်းမ​ပြေးခဲ့ပါက စာသည်​ယခု​လောက်​ညံ့မည်​မဟုတ်​၊သူများ​​တွေထက်​ ​အောက်​နိမ့်​ကျလိမ့်​မည်​မထင်​မိပါ။
အ​ပြေး​ကောင်းခြင်းက ပန်းတိုင်​သို့ အရင်​​ရောက်​နှင့်​နိုင်​သည်​မှာ မှန်​ပါသည်​။သို့​သော်​လည်း ကျွန်​​တော်​​ကျောင်း​ပြေး​ကောင်းခြင်းက ပညာ​တည်းဟူ​သော ပန်းတိုင်​သို့ ​လျှောက်​လှမ်းကြရာတွင်​ အခြား​ကျောင်းသူ၊​ကျောင်းသားများထက်​ ​နောက်​ကျရပါ​လေပြီ။သူများတကာ​တွေ ​ကျောသွားခြင်းကိုလည်း ခံခဲ့ရပါ​လေပြီ။
ကျွန်​​တော်​​ နောင်​တရပါပြီ၊ လွဲမှား​သောဘက်​တွင်​ အ​ပြေး​ကောင်းခဲ့ခြင်းကို ကျွန်​​တော်​​တွေးရင်း ရှက်​လာမိပါသည်​။ ယ​နေ့မှစ၍​နောက်​​နောင်​များတွင်​​တော့ ကျွန်​​တော်​​ကျောင်းမ​ပြေး​တော့ပါ။ကျွန်​​တော်​အ​နေနှင့်​ စာ​ပေသင်​ကြား​ပေး​သော ​ကျောင်း​တော်​ကြီးဆီသို့
မှန်​မှန်​တက်​​ရောက်​ပါ​တော့မည်​။ပညာတည်းဟူ​သော ပန်းတိုင်​လမ်းသို့ ​ပြေးရာတွင်​ ကျွန်​​တော်​ သူများ​တွေထက်​ ​နောက်​ကျကျန်​​နေပါသည်​။နောက်​ကျ​သော်​လည်း စိတ်​အားမ​ရှော့​တော့ပါ။နောက်​မှ ​ငေးငိုင်​​နေပြီး ပန်းတိုင်​တစ်​ဝက်​က ရပ်​မပြစ်​နိုင်​ပါ။သူတို့ကို ​ကျောအောင်​​ပြေးရမည်​။မ​ကျောတောင်​မှီအောင်​​တော့လိုက်​ရပာမည်​။
မှားအစဉ်​ ပြင်​ခန ဆိုသည့်​ ဆိုရိုးစာကားလည်းရှိသည်​မဟုတ်​ပါ​လော။
အရင်​က​ပြေးခဲ့ခြင်းကား ပညာ​ရေးပန်းတိုင်​နှင့်​ ဆန့်​ကျင်​ဘက်​သို့​ပြေးမိချင်းဖြစ်​သည်​။
ယခုအခါ​တော့ ကျွန်​​တော်​​ပြေးမည့်​အ​ပြေးမှာ ပညာ​ရေး ပန်းတိုင်​သို့ ​ရောက်​ရှိရန်​ ကြိုးစား​ပြေးပါ​တော့မည်​။
ပညာ​ရေးပန်းတိုင်​သို့ အမှန်​ပင်​​ရောက်​ရပါမည်​ မဟုတ်​​လား။
. image
.
photo credit;Google Image.
Msc no 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ

Sort:  

good အရေးအသားကောင်းတယ်

အား​ပေးလို့ ​ကျေးဇူးပါပဲ အကို

တော်သေးတယ် ..ဇာတ်သိမ်းမှာ လိမ္မာသွားလို့..

လိမ္မာသွားပါပြီလို့😂😂
ကျေးဇူး bro

Good ​မောင်​​လေး။အစ်​မလည်း ငယ်​ငယ်​တုန်းက​ကျောင်း​ပြေးဖူးတယ်​။

ဟီးဟီး အတူတူဘဲ
ကျေးဇူးပါပဲ အမ

လိမ္မာသွားပြီပေါ့နော်

လိမ်​မာသွပြီbro

ကောင်းပါတယ်

ဟုတ်​ အကို

မှားတာကို မှားမှန်းသိတာကိုက မင်္ဂလာတစ်ပါးပါဘဲ့
အမှန်ပြန်ပြင်နိုင်တာက လည်း မင်္ဂလာတစ်ပါးပါဘဲ့

ဟုတ်​ ​ကျေးဇူးပါပဲ အမ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.027
BTC 60063.85
ETH 2313.06
USDT 1.00
SBD 2.46