ကျောင်းပြေး (အပိုင်း၃ ဇာတ်သိမ်း)
. . .ကြာလာသောအခါတွင် ကျောင်းပြေးခြင်းက ရိုး၍လာပါသည်။အစပိုင်းတွင်တော့ ကျောင်းပြေးခြင်းက ပျော်ရွှင်စရာ ကောင်းသည်။ လွတ်လပ်သည်ထင်ရသော်လည်း နောက်တော့ ခြောက်သွေ့သလိုဖြစ်လာပါသည်။
ပျင်းရိသလိုဖြစ်လာပါသည်။ကျွန်တော်လို လူတေလေလေးများနှင့် ရပ်ကွပ်တကာလှည့် ကစားရပေမယ့် နောက်တော့ကျွန်တော်မပျော်တော့ပါ။
တစ်နေ့တွင်
ကစားမည့်သူများမတွေ့ရသဖြင့် ကျွန်တော်သည် ကျောင်းနှင့် ခပ်လှမ်းလှမ်း တွင်ခြေပစ်လက်ပစ်နိုင်နေမိသည်။အခါတိုင်းလို ကစားဖော်များနှင့် မကစားရသဖြင့် ကျွန်တော်စိတ်ထဲတွင် တမျိုးကြီးဖြစ်နေလေသည်။
ထိုစဉ်ကျောင်းဘက်မှ စာအံသံများ ထွက်ပေါ်လာပါတော့သည်။ဤကိုသို့သော စာအံသံမျိုးကိုကျွန်တော်လည်း ရွတ်ဆိုခဲ့ဖူးပါသည်။ထိုစဉ်အခါက ဤကဲ့သို့ ရွတ်ဆိုရခြင်းကို
ပျင်းစရာကောင်းသည်။စိတ်ပျက်စရာ ကောင်းသည်ဟုလည်း ကျွန်တော်ထင်မှတ်ခဲ့ဖူသည်။
ယခု ကြားရသည်က ကျွန်တော်ထင်သလိုမဟုတ်ခဲ့ပါ။ကျွန်တော်တွေးမိသလို မဟုတ်ပါ။လွန်စွာမှ မြိုင်ဆိုင်လှပါသည်။လွန်စွာမှ သာယာကြည်နူးဖွယ် ဖြစ်နေသည်ဟု ကျွန်တော်ထင်မိပါသည်။
ဤတွင် ကျွန်တော်စိတ်များ တက်ကြွလာပါတော့သည်။လှုပ်လှုပ်ရှားရှားလည်း ဖြစ်လာပါသည်။ကျွန်တော်အနေနှင့်လည်း ဤကဲ့သို့ မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်နေသောအသံများကို ဝင်ရောက်ရွတ်ဆိုချင်သည့် ဆန္ဒ များလည်းဖြစ်လာပါသည်။ကျောင်းပြေးသည့် အပြစ်များကိုလည်း မြင်ရောင်လာမိသည်။
အမှန်မှာတော့ ဆရာမရိုက်ခံရခြင်းက ကျွန်တော် ညံ့လို့ဖြစ်သည်။ကျွန်တော်ညံ့ရခြင်းကလည်း စာကိုဂရုတစိုက် မကျက်မှတ်ခဲ့လို့ဖြစ်သည်။ကျောင်းပြေးချင်းကြောင့်လည်း ဖြစ်ပေလိမ့်မည်။ အကယ်၍ကျွန်တော်သာကျောင်းမပြေးခဲ့ပါက စာသည်ယခုလောက်ညံ့မည်မဟုတ်၊သူများတွေထက် အောက်နိမ့်ကျလိမ့်မည်မထင်မိပါ။
အပြေးကောင်းခြင်းက ပန်းတိုင်သို့ အရင်ရောက်နှင့်နိုင်သည်မှာ မှန်ပါသည်။သို့သော်လည်း ကျွန်တော်ကျောင်းပြေးကောင်းခြင်းက ပညာတည်းဟူသော ပန်းတိုင်သို့ လျှောက်လှမ်းကြရာတွင် အခြားကျောင်းသူ၊ကျောင်းသားများထက် နောက်ကျရပါလေပြီ။သူများတကာတွေ ကျောသွားခြင်းကိုလည်း ခံခဲ့ရပါလေပြီ။
ကျွန်တော် နောင်တရပါပြီ၊ လွဲမှားသောဘက်တွင် အပြေးကောင်းခဲ့ခြင်းကို ကျွန်တော်တွေးရင်း ရှက်လာမိပါသည်။ ယနေ့မှစ၍နောက်နောင်များတွင်တော့ ကျွန်တော်ကျောင်းမပြေးတော့ပါ။ကျွန်တော်အနေနှင့် စာပေသင်ကြားပေးသော ကျောင်းတော်ကြီးဆီသို့
မှန်မှန်တက်ရောက်ပါတော့မည်။ပညာတည်းဟူသော ပန်းတိုင်လမ်းသို့ ပြေးရာတွင် ကျွန်တော် သူများတွေထက် နောက်ကျကျန်နေပါသည်။နောက်ကျသော်လည်း စိတ်အားမရှော့တော့ပါ။နောက်မှ ငေးငိုင်နေပြီး ပန်းတိုင်တစ်ဝက်က ရပ်မပြစ်နိုင်ပါ။သူတို့ကို ကျောအောင်ပြေးရမည်။မကျောတောင်မှီအောင်တော့လိုက်ရပာမည်။
မှားအစဉ် ပြင်ခန ဆိုသည့် ဆိုရိုးစာကားလည်းရှိသည်မဟုတ်ပါလော။
အရင်ကပြေးခဲ့ခြင်းကား ပညာရေးပန်းတိုင်နှင့် ဆန့်ကျင်ဘက်သို့ပြေးမိချင်းဖြစ်သည်။
ယခုအခါတော့ ကျွန်တော်ပြေးမည့်အပြေးမှာ ပညာရေး ပန်းတိုင်သို့ ရောက်ရှိရန် ကြိုးစားပြေးပါတော့မည်။
ပညာရေးပန်းတိုင်သို့ အမှန်ပင်ရောက်ရပါမည် မဟုတ်လား။
.
.
photo credit;Google Image.
Msc no 179
@aunggyi100
Myanmar Steemit မိသားစုဝင်အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ
good အရေးအသားကောင်းတယ်
အားပေးလို့ ကျေးဇူးပါပဲ အကို
တော်သေးတယ် ..ဇာတ်သိမ်းမှာ လိမ္မာသွားလို့..
လိမ္မာသွားပါပြီလို့😂😂
ကျေးဇူး bro
Good မောင်လေး။အစ်မလည်း ငယ်ငယ်တုန်းကကျောင်းပြေးဖူးတယ်။
ဟီးဟီး အတူတူဘဲ
ကျေးဇူးပါပဲ အမ
လိမ္မာသွားပြီပေါ့နော်
လိမ်မာသွပြီbro
ကောင်းပါတယ်
ဟုတ် အကို
မှားတာကို မှားမှန်းသိတာကိုက မင်္ဂလာတစ်ပါးပါဘဲ့
အမှန်ပြန်ပြင်နိုင်တာက လည်း မင်္ဂလာတစ်ပါးပါဘဲ့
ဟုတ် ကျေးဇူးပါပဲ အမ