သူငယ်ချင်း ​​(အပိုင်း ၃)

in #myanmar7 years ago (edited)

အပိုင်း ၁ အား၍​နေရာတွင်​ဝင်​​ရောက်​ဖတ်​ရှုနိုင်​ပါသည်​ https://steemit.com/myanmar/@aunggyi100/thungy-undefinedng-6f49a42bdd893
.အပိုင်း ၂ အား၍​နေရာတွင်​ဝင်​​ရောက်​ဖတ်​ရှုနိုင်​ပါသည
https://steemit.com/myanmar/@aunggyi100/thungy-undefinedng-apong-2-f5ff9cc9e90dc
မနက်​ခင်း ထုံးစံအတိုင်း လက်​ဖက်​ရည်​ဆိုင်​ ​၌တွေ့ကြပြန်​​သောအခါတွင်​လည်း ညက​​ဘောလုံးပွဲတွင်​ ငြင်းခုန်​ရန်​ဖြစ်​ခဲ့ကြသည်​များအား​ ​မေ့​လျော့ကာ သူငယ်​ချင်းတစ်​စုတို့ကား ပုံမှန်​အတိုင်း ချစ်​မြဲ၊ခင်​မြဲ၊တွဲသွားတွဲလာဆဲပင်​ ဖြစ်​​လေသည်​။
မိုးနှင့်​​ဆောင်းအကူး ရာသီဥတု ဖြစ်​၍ တုပ်​​ကွေးများအဖြစ်​များ​သော ကာလတစ်​ခုသို့ပင်​ ​ရောက်​ရှိလာ​လေ၏။ထိုကဲ့သို့​သော မိုးနှင့်​​ဆောင်းအကူးကာလ၌ သက်​ကြီးရွယ်​အိုများနှင့်​ က​လေးငယ်​များအား များစွာ ဂရုစိုက်သင့််​​ပေသည်​။ ဤကဲ့သို့ကာလ အတွင်း၌ တုပ်​​ကွေး​ကြောင့်​ ​နေထိုင်​မ​ကောင်း ဖြစ်​ကြသူများလည်း များစွာပင်​ဖြစ်​​လေသည်​။ထို​နေမ​ကောင်း ဖြစ်​သူများထဲ၌ ​ဇော်​ထွန်း၏သားလည်း ပါဝင်​​လေ​တော့၏။ ​ဇော်​ထွန်းသားသည်​ ဖြူဖြူဝဝ ​လေးနှင့်​ချစ်​စရာ​ကောင်းလှသည်​။ image
ထို့​ကြောင့်​လည်းသူငယ်​ချင်းများက ​ဇော်​ထွန်းသား​လေးအား ချစ်​ကြ​ပေ၏။က​လေးသည်​ ယခုတုပ်​​ကွေးမိ၍ဖျား​သောအခါ၌ ပိန်​သွားပြီး၊မျက်​နှာ​လေးလည်း နီရဲ​နေ​ပေသည်​။လူကြီးများ တုပ်​​ကွေးမိလျှင်​​​တောင်​ ​တော်​​တော်​​ရောဂါခံစားရ​ပေသည်​။ က​လေးငယ်​ များဆိုကား အဘယ်​မျှခံစား​နေရမည်​နည်း။
တစ်​ည၌ သူငယ်​ချင်းတစ်​စု လက်​ဖက်​ရည်​ ဆိုင်​မှထ၍ ကိုယ့်​အိမ်​ကို လမ်းခွဲပြန်​ကြ​လေသည်​။ ​အောင်​ကြီးတစ်​​ယောက်​ အိမ်​​ရောက်​သည်​နှင့်​ ဖုန်းအားပွတ်​​နေပါ​လေ၏၊ည ဆယ့်​တစ်​နာရီခွဲ ဆယ့်​နှစ်​နာရီ ​ရောက်​​လေမှ
အိပ်​ရာဝင်​ပါ​လေ​၏။
ထိုည တစ်​နာရီကျော်​၌ ​ဇော်​ထွန်းက​လေး အသဲသန်​အဖျား တက်​​လေ​တော့သည်​။ ​ဇော်​ထွန်းလည်း အ​ရေးအ​ကြောင်းဖြစ်​လျှင်​ ​ခေါ်​နေကြ ​အောင်​ကြီး၊ဖိုး​ဇော်​​၊​ပေါက်​ကြိုင်း
သူငယ်​ချင်းများအား ဖုန်းဆက်​ ​ခေါ်ပါ​လေ​တော့သည်​။အောင်​ကြီးလည်း အိပ်​ချင်​မူးတူးနှင့်​ ဖုန်းအား​ကောက်​ယူနား​ထောင်​လိုက်​လျှင်​ "​ ​အောင်​ကြီး ငါ့သားအဖျား အရမ်းတက်​​နေလို့ ​ဆေးခန်းလိုက်​ခဲ့အုန်း" ဟု​ဇော်​ထွင်းအသံအားကြားရ​လေ၏။အောင်​ကြီး မျက်​လုံးပင်​ပြူးသွားကာ "​အေး ​အေး မင်းတို့လင်​မယားနဲ့က​လေး အရင်​သွားနှင့်​လိုက်​ ကျန်​တဲ့လူ​တွေငါ​ခေါ်ပြီးလိုက်​ခဲ့မယ်​"ဟု​ပြော​လေသည်​။ ဇော်​ထွန်းလည်း မိမိလက်​ထဲ၌ ပိုက်​ဆံနည်း​နေ​ကြောင်း ပိုက်​ဆံရှိလျှင်​ထည့်​၍ယူခဲ့ကြရန်​လည်း တစ်​ခါထဲ မှာ​လေ၏။
အောင်​ကြီးလည်း ​ပေါက်​ကြိုင်းနှင့်​ဖိုး​ဇော်​အား​၊ ​ဇော်​ထွန်းတို့၏အိမ်​​ရှေ့ လာရန်​ဖုန်းဆက်​၍ သူကအရင်​​ဇော်​ထွန်းတို့်​အိမ်​​ရှေ့တွင်​ ​စောင့်​၍​နေ​လေသည်​။ဤသို့နှင့်​ ဆယ့်​ငါးမိနစ်​ခန့်​အကြာ၌​ပေါက်​ကြိုင်းနှင့်​ ဖိုး​ဇော်​​ရောက်​လာကြ၏။
image
အပိုင်း ၄ အားဆက်​လက်​ဖတ်​ရှု​ပေးပါရန်
photo credit;Google Image.
Msc no 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ

Sort:  

နည်းနည်းတို​နေ​တော့ဖတ်​ရတာfeelပျက်​တယ်​အဘ​အောင်​​ရေ😁😁

မ​နောက်​ပါနဲ့အဘရယ်​ 😂😂

Good.​ကောင်းလာပြီ​မောင်​​လေး​ရေ။

ကျေးဇူးပါပဲ အမ

နောက်​အပိုင်း ​မျှော်​ပြန်​ပြီ အစ်​ကို​ရေ့

ဟုတ်​အကို

အား​ပေး​နေတယ်​ဗျာ

ကျေးဇူးတင်​ပါတယ်​ အကို

သူငယ်​ချင်းဆိုတာ အဲ့လိုပဲ အ​ရေးကြုံရင်​ အားကိုးလို့ရတယ်​။

ဟုတ်​ပါတယ်​ဗျ

Congratulations @aunggyi100! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

သူငယ်ချင်းကောင်းဆိုတာ အရေးကြုံတဲ့အခါအသင့်ရှိပေးကြပါတယ်

တင်​ပါ့ ဘုရား

နောက်တစ်ပိုင်းမျှော်နေပါတယ်

ဟုတ်​အမ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63811.50
ETH 2617.28
USDT 1.00
SBD 2.77