Steemitmyanmarမှကျေးဇူးတင်ထိုက်သူများ
Steemit ကိုစတင်ဝင်ရောက်လာတုန်းအခါက စမ်းတဝါးဝါးနှင့်ဖြစ်ပါသည်။ ဘယ်ကနေဘယ်လိုလုပ်ရမလည်းမသိ အကောင့်လေးတောင်ဘယ်ကဖွင့်ရမလည်းနားမလည်၊ အကိုဆန်းမင်းထွန်း ရဲ့အဖွဲ့မှာအကောင့်ဖွင့်နည်းလေးစတွေခဲ့ရာကနေ steemit မှာစတင်လျှောက်လျှမ်းဖို့အရာလမ်းစ တွေ့ရှိခဲ့ရပါတယ်။steemit ကိုစတင်ဖို့အတွက်လမ်းစပြပေးခဲ့သည့်ဆေရာဆန်းမင်းထွန်းကို ကျေးဇူးတင်ပါတယ် လို့ ဒီနေရာကနေပြောကြားလိုပါတယ်။
ဒုတိယ အနေနဲ့ကတော့ ဆရာချစ်ချစ်ပါ။
Steemit အကောင့်လေးကတော့ ရရှိသွားတော့လည်း ဘယ်နေရာက ပို့တင်ရမည်၊ဘယ်နေရာက ကွန်မန့်ရေးရမည်ကို မသိသေးလေတော့ ဆရာချစ်ချစ်ရဲ့ facebook
မတ်ဆေ့ဘောက်မှာ သွားမေးမြန်းရတော့တာပေါ့။
ဆရာချစ်ချစ်ကလည်း သဘောကောင်းရှာပါတယ်၊ သူ့နေနှင့်ရှင်းပြပေးရန် အချိန်မလုံလောက်ကြောင်း၊သင်ကြားရေး အဖွဲ့တစ်ခုထဲမှဆရာ တင်လှိုင်ဦးကိုပြောပေးရှာပါသည်။
ထို့ကြောင့် ဆရာချစ်ချစ် ကိုလည်းဒီနေရာကနေ ကျေးဇူးတင်ရှိပါကြောင်းပြောကြားလိုက်ရပါသည်။
. . . ဆရာတင်လိုင်ဦး သင်ကြားပေးသောအဖွဲ့တွင်းရောက်ရှိလာမှသာ steemit အကြောင်းကို အတော်အသင့်နားလည်လာတော့တယ်။
ဆရာဟာဖြင့် steemit အကြောင်းသာမက လူမှုဆက်ဆံရေး၊စိတ်ဓာတ်တက်ကြွစေရေး၊ခေါင်းဆောင်မှုစွမ်းရည်များ ကျွန်တော်လို တပည့်သားသမီး အားလုံပေါ် စေတနာ၊
မေတ္တာ ၊အနွံနာ ခံသင်ကြားပေးသည်ကိုလည်း ဆရာအဖွဲ့အတွင်းရှိကြသည့် တပည့်သားသမီးများအားလုံးအသိ ဖြစ်ပါတယ်။
ဆရာ့ အဖွဲ့လေးထဲမှာလည်း မိသားစုစိတ်ဓာတ်ပြည့်ဝသူများ နှင့်တွေ့ရှိရသဖြင့် ကျေနပ်အားရမိပါတယ်။
ကျွန်တော်အနေနဲ့ အင်္ဂလိပ်စာ အားနည်းခြင်းကြောင့် အကို အေးချမ်း၊အမ စနေ စသည့်ကအကိုအမများထံသို steemit tag တွဲနည်းများကိုမေးမြန်းသင်ကြားနေရဆဲပြစ်ပါသည်။ထို့ကြောင့်လည်း ဆရာတင်လှိုင်ဦးအပါဝင် သင်ကြားရေးအဖွဲ့လေးအတွင်းမှ အကို၊အမ များကိုလည်းကျေးဇူးတင်ရှိပါသည်။ကျွန်တော်တို့ အဖွဲ့လေးတွင်းမှ အကို၊အမများနှင့်လည်း တစ်ဦးကမှားနေလျှင်၊တစ်ဦးက ရှင်းပြနှစ်သိမ့်ပေးခြင်းမျိုး ညီအကို၊မောင်နှင့်နှမ စိတ်ဓာတ်မျိုးဖြင့် ရေရှည်လက်တွဲသွားလိုပါသည်။
ကျွန်တော် ပထမဆုံးအကောင့်လေး မှာနိုင်ငံခြားသားများတင်သည့်ပို့အောက်တွင် သူတို့မကြိုက်တာမန့်မိသည့်အတွက် flag အလုပ်ခံရသည် ဖြစ်ကြောင်း facebook လိုဆိုလျှင် မိမိအကောင့်လေးအား repoprt အထုခံရခြင်းမျိုးဖြစ်ကြောင်း ကိုလည်း အကို Waz Ok Taht မှရှင်းပြပေးလို့သိရှိခဲ့ရပါသည်။
ဆရာ A Tar Oo မှလည်း ကျွန်တော်အကောင့်လေးအနေဖြင့် pro စရင်းထဲထည့်ပေးလို့မရရှိကြောင်း၊အကောင့်သစ်နဲ့ပြန်စတင်သင့်ကြောင်း ရှင်းပြအကြံပေးခဲ့ပါသည်။
ထို့အတွက်လည်း ဆရာ A Tar Ooအားကျေးဇူးတင်ရှိပါသည်။
steemit myanmar မိသားစုဝင်အားလုံး၊ကျေးဇူးတင်ထိုက်သူအားလုံးကို ဒီနေရာကနေ ကျေးဇူးအထူးတင်ရှိပါကြောင်း ရေးသားလိုက်ရပါသည်။
Streemit မိသားစုဝင်အားလုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာစွာဖြင့် နေ့သစ်တိုင်းကို ဖြတ်ကျော်နိုင်ကြပါစေဗျာ
@aunggyi100
Msc no 179
Up Vote ပါ။
ဆရာ ဂရုစိုက်ပေတာကို ကျေးဇူးအထူးတင်ပါတယ်
အားပေးနေတယ် အစ်ကို
ကျေးဇူးပါပဲ အကို
အားပေးလျှက်ပါ bro
ကျေးဇူးတင်ပါတယ် အကိုရေ
ဆက်၍ ဆက်၍ လျောက်လှမ်းနိုင်ပါစေ
ကျေးဇူးပါပဲ bro
Fighting bro
Thank you bro
ကျေးဇူးသိတာ မင်္ဂလာတစ်ပါးပါပဲ
ကျေးဇူးပါပဲ အကို
ရောက်တာနောက်ကျပေမဲ့ခေတ်ကောင်းချိန်နဲ့ကွက်တိပါပဲ Fighting
ကျေးဇူးပါ အကို
အရေးအသားကောင်းတယ်မောင်လေး။
ကျေးဇူးပါ အမ
အတူကြိုးစားကြတာပေါ့..bro..
အားပေးနေပါတယ်...
ကျေးဇူးတင်ပါတယ် အကို