စိတ်​​လေ​နေခြင်း

in #myanmar6 years ago

စိတ်​ တစ်​ကယ်​ပင်​မလွယ်​ကူသည့်​အရာဖြစ်​သည်​။တစ်​ညက မိမိကိုယ်​​တိုင်​စိတ်​ညစ်​​နေ၍
သူငယ်​ချင်းများနှင့်​ပင်​ လက်​ဖက်​ရည်​ဆိုင်​​ပေါင်း၍မထိုင်​​ပေ။
တစ်​​ယောက်​တည်း သီးသန့်​တစ်​ခုံ၌ထိုင်​ကာ​နေမိ​လေသည်​။မိမိအတွက်​အကျိုးရှိသည်​တို့အားလုပ်​ရမည်​တို့အားသိရှိ​သော်​လည်း ကိုယ်​တိုင်​မှာလုပ်​ချင်​ကိုင်​ချင်​စိတ်​တို့ ကုန်​လမ်း​နေသည့်​နယ်​ဖြစ်​၍​နေ​လေသည်​။
အကိုတစ်​​ယောက်​နှင့်​စိတ်​​ပြေလက်​​ပျောက်​ဖြစ်​​စေရန်​ လိုင်း​လေးဖွင့်​၍ချက်​​ဘောက်​၌စကားသွား​ပြောမိ​လေ၏။
"ညီ​လေး​ပျောက်​ချက်​သား​တွေ​ကောင်း​နေပါလား ဘယ်​​တွေ​ပျောက်​​နေတာလည်းကွ"
ဟုတ်​လည်းဟုတ်​​ပေ၏။ပုံမှန်​လို အမြဲတန်းစကား​ပြော​နေကြပင်​။ထိုအကိုနှင့်​ စကား​ပြော
ဖြစ်​တာ​တောင်​ အ​တော်​ကြာ​နေပြီဖြစ်​၍ ​မေးလည်း​မေးချင်​စရာပင်​။
"မ​ပြောက်​ပါဘူး အကိုရာ ကျွန်​​တော်​လည်းစိတ်​​တွေ​လေ​နေလို့ "ထိုသို့​ပြော​သောအခါ ထိုအကိုဖြစ်​သူပြန်​လည်​ဆုံးမ​ပေးသည်​မှာလည်း မှတ်​သားစရာပင်​။
"စိတ်​​လေမ​နေပါနဲ့ငါ့ညီရာ အကိုတို့က သူများ​တွေလိုပြည့်​စုံကြတာမဟုတ်​ဘူး​လေ"
ဟူ၍ဆုံးမရှာ​ပေသည်​။
ခက်​​တော့လည်းခက်​​ချေ၏။ဘယ်​အရာအားလုပ်​သင့်​သည်​ မည်​သည့်​အရာအားမလုပ်​သင့်​ ဆိုသည်​တို့ကိုသိ​သော်​လည်း တကယ်​လုပ်​​နေမိသည်​တို့ကား မိမိအတွက်​အကျိုးမရှိတာများသာ လုပ်​​နေမိသည်​ကား များ၍​နေသည်​။
ဤကဲ့သို့စိတ်​​လေမှုမျိုးအား အမြန်​အဆုံးသတ်​ချင်​မိ၏။တစ်​ခြားလူတို့အမြင်​၌လည်း အ​လေလိုက်​​နေသူတစ်​​ယောက်​ဟုမြင်​၍​နေကြ​ပေမည်​။တစ်​​နေကုန်​အလုပ်​မလုပ်​ ဟို​ယောင်​​ယောင်​ ဒီ​ယောင်​​ယောင်​နှင့်​ ​ရှောက်​သွား​နေတတ်​သည်​မဟုတ်​​ပေ​လော။
ကြိုးစား၍ဤသို့စိတ်​​လေ​နေခြင်းအား အဆုံးသတ်​နိုင်​ရန်​ အမြန်​ကြိုးစားရပါဦးမည်​။
. image
Msc No 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ။

Sort:  

ကျွှန်တော်ဆို ယောင်နနနဲ့ ဝေလေလေ ကိုးနှစ်တောင်ရှိရှာပြီ ။

ငိ အာ့​လောက်​​တောင်​😁

Congratulations! This post has been upvoted from the communal account, @minnowsupport, by aunggyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ကျေးဇူးပါပဲ @minnowsupport

စိတ်​မ​လေ​အောင်​ကြိုးစားပါ...

ဟုတ်​ ​ကျေးဇူးပါပဲ

စိတ်ကိုအချိန်အတိုင်းအတာ တစ်ခုအထိ အနားပေးလိုက်ပါ။နည်းနည်းစိတ်ပြေလာရင် စာအုပ်ကောင်းတစ်အုပ်ဖတ်တာဖြစ်ဖြစ်,ဝါသနာပါတာတစ်ခုခုဖြစ်ဖြစ် ပြန်လုပ်ပြီး အာရုံပြန်စုစည်းကြည့်ပါ။

အကြံ​ပေးတာ​ကျေးဇူးတင်​ပါတယ်

စိတ်လေ နေရင်စာဖြစ်ဖြစ်ဖတ်ပါ လမ်းလျှောက်ကြည့်လိုက်ပါ

ဟုတ်​ ဦး​ထွေး

ကသက်နဲ့ သွားတွေ့လိုက်ပါ လေနေတဲ့စိတ်တွေ အလွင့်ဖြစ်သွားစေရမယ် သူတောင်အိမ်ကနေ ခနခနလွင့်နေတာ

ဟုတ်​သား အာ့ဆို လွင့်​ပီ😂

စိတ်ဆိုတာကလေ စိတ်ပါပဲကွာ

ဟုတ်​​လေးစိုး 😂

စိတ်လေခဲ့တဲ့အချိန်တွေရှိခဲ့ဖူးပါတယ်
အမြန်ဆုံးတည့်မတ်အောင်ပြန်ကြိုးစားရမှာပေါ့

ဟုတ်​bro

စိတ်လေနေလား ကိုအောင်ကြီး ပုလင်းနဲ့လူ တစ်ခုခုလဲအောင်ကစ်လိုက် ဟိဟိ။

ဟုတ်​ကွီး​ရွှေ​ပြောသလိုကစ်​ကြည့်​မှဘဲ😂

တွေးမနေနဲ့ကွယ် ငေးမနေနဲ့ကွယ် လက်တို့ပြီးတော့ ပြောရအုံးမယ်

အလဲ့ kbz bank​ 
ကြော်​ငြာ 😂

Coin Marketplace

STEEM 0.21
TRX 0.13
JST 0.029
BTC 67557.12
ETH 3500.56
USDT 1.00
SBD 2.70