ပုသိမ်​ကြီးမြို့

in #myanmar7 years ago (edited)

ပုသိမ်ကြီးမြို့ သည် ​​မန္တ​လေးမြို့နှင့်​ မ​ဝေးလှ​​သော မြို့​လေးတစ်​မြို့ ဖြစ်​သည်​။ ​နွေရာသီတွင်းလည်း မန္တ​လေးမြို့ကဲ့သို့ များစွာ မပူပြင်း​ပေ ။ကျုံးအ​ရှေ့​ပေါက်​ ၁၉ လမ်းမှ ​အ​ရှေ့တည့်​တည့်​ သို့ကား၊ဆိုင်ကယ်ဖြင့်သွား​​​လျှင်​ ဆယ့်​ငါးမိနစ်​ခန့်​သာကြာ​ပေသည်​။
မန္တ​လေး မှ ပုသိမ်​ကြီး သို့သွားရာ ၁၉လမ်းတစ်​​လျှောက်​ ဘယ်​၊ညာတွင်​လည်း ဆန်​စပါး စိုက်​ချင်းများအား​တွေ့မြင်​နိုင်​​ပေ၏။ image
ထိုအရာများအား ​ကျော်​လွန်​၍ ပုသိမ်​ကြီး မြို့အဝင်​သို့​ရောက်​ရှိလျှင်​ "ပုသိမ်​ကြီးမြို့လှိုက်​လဲစွာကြိုဆိုပါ၏" ဟုနီ​ရောင်​အား​ရွှေ​ရောင်​ အနားသတ်​ ဖြင့်​​ရေးသားထား​သော မြို့အဝင်​ဆိုင်းဘုတ်​အား​တွေ့ရှိရ​ပေမည်​။ image
ထိုမှတဆင့်​ အ​ရှေ့တည့်​တည့်​သို့ ဦးတည်​သွားလျှင်​ ပုသိမ်​ကြီးမြို့၏ အထင်​ကရ သမိုင်းဝင်​ ရန်​ကင်း​တောင်​သို့ ​ရောက်​ရှိ​ပေမည်​။ image
ရန်​ကင်း​တောင်​သို့ ဘုရားဖူးလာကြသူများ
ဈေး​ရောင်းကြသူများဖြင့်​ လူပြတ်​သည်​ဟူ၍မရှိ​ပေ။ အခါကြီး ရက်​ကြီးများ၌ သာ၍ပင်​စည်​ကားလှ​ပေသည်​။ ရန်းကင်း​တောင်​၏ အဓိက​နေရာဟု သတ်​မှတ်​ရမည့်​ ငါးရံ့မင်း လှိုဏ်​ဂူသို့ လာ​ရောက်​လည်​ပတ်​ကြသူများမှာ မဖြစ်​မ​နေ ​ရောက်​ရှိ​အောင်​သွားတတ်​ကြသူများ​ပေ၏။ ထို
ငါးရံ့မင်း​ လှိုဏ်​ဂူသို့သွားရာ၌လည်း ကားဖြင့်​ ရန်​​ကင်း​တောင်​ထိပ်​အထိ သွားကြသူများရှိသကဲ့သို့၊ ​​စောင်းတန်း ဘက်​မှ​ခြေလျှင်​တက်​ကြသူများလည်း ​ရှိ​ပေ​သေးသည်​။ တောင်​​ပေါ်၌ လူသိနည်း​သော လှိုဏ်​ဂူများရှိ​ပေ​သေးသည်​။ ထိုလှိုဏ်​ဂူများအား ကြုံကြိုက်​၍ ​လေ့လာလိုလျှင်​ ​တောင်​​ပေါ်၌​ဈေး​ရောင်းချ​နေသူများအား ​မေးမြန်း​လေ့လာနိုင်​​ပေ၏။ image
ပုသိမ်​ကြီး မြို့၌အထက်​တန်း​ကျောင်း တစ်​ခုလည်းတည်​ရှိ​ပေသည်​။ ထို​ကျောင်းအတွင်း၌လည်း ပညာ​ရေးအားဆည်းပူး​လေ့လာ​နေကြ​သော ​ကျောင်းသူ၊​ကျောင်းသား များအတွက်​လည်း အားထားရာ ဖြစ်​​ပေသည်​။ ​ကျောင်းသား၊​ကျောင်းသူများ၏ မိဘများမှာလည်း မိမိတို့ သားသမီး များကြိုပို့ပြုလုပ်​ရာဝယ်​ မြို့အတွင်း၌ တည်​ရှိသဖြင့်​ များစွာအဆင်​​ပြေ​စေပါသည်​။အထက်​တန်း​ကျောင်းသည်​လည်း ပုသိမ်​ကြီးလမ်းမကြီး၏ ​ဘေး၌သာ တည်​ရှိသဖြင့်​ သွား​လာရာ၌လည်း လွယ်​ကူ​ပေသည်​။
ပုသိမ်​ကြီးမြို့အား မြို့ပြ အင်္ဂါရပ်​နှင့်​ ညီ​စေရန်​ ​မြေစရင်းရုံး၊ မီးသတ်​ရုံး၊ရဲစခန်း၊လူဝင်​မှုကြီးကြပ်​​ရေး၊ ​​မြို့မ​ဈေး ၊​​ဆေးရုံကြီး စသည်​တို့ဖြင့်​ ပုသိမ်​ကြီးမြို့ အားဖွဲ့စည်းထား​ပေသည်​။
.
ကျွန်​​တော်​သည်​ ပုသိမ်​ကြီးမြို့အ​ကြောင်း
ကျွန်​​တော်​၏အမြင်​ဖြင့်​သာ​ရေး​သား​သော​ကြောင့်​ လိုအပ်​ချက်​များရှိ​ကောင်းရှိနိုင်​ပါ​ကြောင်း ကြိုတင်​ဝန်​ခံပါသည်​။
.photo credit;Google Image.?
Msc no 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ

Sort:  

ကိုယ်တိုင်ရောက်ရသလိုပါဘဲ

ကျေးဇူးပါပဲ အကို

နာ့ မျက်စိနည်းနည်း လည်သွားတာအေ ပုသိမ်ကြီး မြို့နယ်
မန္တလေး

မန္တ​လေး တိုင်း ပုသိမ်​ကြီးမြို့ အမ

သွားတောင်လည်ချင်လာပြီ😊

လာလည်​ပါဗျ

မန်းလေးက ညကမှပြန်ရောက်တယ်

မန်း​လေး​ရောက်​တာ​တောင်​မသိလိုက်​ရဘူး ဘုရား

ဆုံရအောင် bro အားတဲ့နေ့ပေါ့ ဟဲဟဲ

ဟုတ်​bro

Good post bro

လာလည်ပီလေ လာကြိုလှည့်

လာလည်​ပါ bro

ရောက်​ဖူးချင်​ပါတယ်​ bro ​ရေ

လာလည်​ပါbroြုဆိုပါတယ်

ပုသိမ်ကြီးမှာ အမတို့ အမျိုးတွေ ရှိတယ်

ဟုတ်​လားအမ ဘယ်​နား​လေးမှာလည်း

ပုသိမ်ကြီးမှာ သွားစရာတွေတပြုံကြီးရှိသေစတယ်

ဟုတ်​တယ်​bro အမှန်​​ပေါ့

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 68236.23
ETH 2643.41
USDT 1.00
SBD 2.70