...>အညာဘုရားပွဲ<...
အဖြူ နီ ပြာ ဝါ အရောင်စုံ ကာလာစုံ ဝတ်ဆင်သွားလာနေကြတဲ့ ဘုရားပွဲတော်တခုမှာ ကျွန်တော်တို့သူငယ်ချင်းတစ်စုလည်း
ပွဲဈေးလမ်းလျှောက် ရင်း ကာလာစုံ အရောင်စုံ လူစုံကြားမှာ ရောက်ရှိနေပါတော့တယ်
§ § §
ဘုရားပွဲဈေးတလျှောက် ကျွန်တော်ကတော့ ဟိုငေးဒီငေးပေါ့
ဆိုင်ခန်းတခုရှေ့ရောက်တော့ သူငယ်ချင်းတွေက သရေကွင်းပစ်ရအောင် တိုက်တွန်းတာနဲ့ ပစ်ခဲ့ကြသေးတယ်ဗျ
အသိတွေအိမ်မုန့်လိုက်စားကြ ပျော်စရာကြီးပေါ့ တစ်အိမ်ဝင်တစ်အိမ်ထွက်စားလာလိုက်ကြတာ သူငယ်ချင်းတစ်စု ဗိုက်ကိုတင်းနေရော § §
ရွာသူ
ွလှပျိုဖြူ လေးတွေကလည်း အစွမ်းကုန် ချယ်သ ပြင်ဆင်ထားတော့ ကြည့်ရတာ ရှုလို့မဝ ငေးလို့မဆုံးပါဘဲ
တချို့က နွားညီနောင် ရုန်းတဲ့ လှည်းယဉ်ကလေးတွေနဲ့ လာကြသဗျ
§ § §
တချို့ကြ သူ့အဖွဲ့ ကို့အဖွဲ့လေးတွေနဲ့ လမ်းလျှောက်လို့ လာကြပါတယ်
မုန့်လေပွေ မုန့်ကျွဲသဲ ကရေကရာ ထိုးမုန့် လမုန့် စသည့်စသည့် သရေစာမုန့်ဆိုင်တန်း
လေးများကလည်း သူ့နေရာနဲ့သူ စီစီရီရီ လေးပေါ့
ကျွန်တော်တို့ရွာရဲ့ ဘောလုံးကွင်းအလည်တည့်တည့်မှာတော့ ဇာတ်ပွဲရုံကြီး တည်ဆောက်ထားလေရဲ့
မြို့ပြရပ်ကွက်တွေလို ပွဲကြည့်စင်များဝယ်ကြည့်စရာကိုမလိုဘူး ကို့အိမ်က သင်ဖြူးဖျာလေးယူ
ကိုယ်လိုချင်တဲ့နေရာခင်း အရင်ဦးရတဲ့ စနစ်ပေါ့
တချို့တချို့ ကာလသားတွေကလည်း
သူတို့ပိုးပန်းနေတဲ့ ရွာသူလှပျိုဖြူလေးတွေနား ကပ်ကြည့်ခွင့်ရအောင် ကြိုးစားပြီး နေရာဦးနေပုံတွေ
ဇာတ်စင်ရှေ့မလှမ်းမကမ်း မှာတော့ မြန်မာရိုးရာ ခြင်းဝိုင်းတစ်ခု ဘေးကနေလေးယောက်ရံပြီး အလယ်က တစ်ယောက်ခပ်နေတာ
စက်ဝိုင်းပုံ လည်ပတ်ပြီး ခပ်နေတာများ
ကြည့်ရှုသူတွေ ပါးစပ်ဖျားမှာ ဟာခနဲ ဟင်ခနဲ အာမေဒိတ် အသံများနဲ့ သူ့နေရာလေးမှာ စည်ကားနေပြန်ရောလေ
ရောက်လက်စနဲ့ရှေ့ဆက်ရှောက်ကြည့်လိုက်တော့ ရောင်စုံမီးတွေနဲ့ ရဟတ်ကြီးတစ်စင်း ရဟတ်လှည့်တဲ့လူကိုကြည့်ရင်း ကျွန်တော် အံ့အားသင့် မိတယ် အရှိန်ရအောင် အမြင့်ပိုင်းမှာရှိတဲ့ ရဟတ်နဲ့ချိတ်ဆက်ထားသော ခုံအောက်ခြေများကိုဆွဲ လူပါတွဲလိုက်ရတာ မြေပြင်နားရောက်တော့ နောက်မှ ခုံမထိအောင်ရှောင်တိမ်း သွားတာများ အချိန်နဲ့ အရှိန်ကိုတိတိကျကျ လုပ်သွားတာ ကျွမ်းကျင်ရာလိမ္မာဆိုတဲ့ စကားပုံ တောင်သတိရမိသေး
အညာဒေသ ရဲ့ဘုရားပွဲလေး
မရောက်ဖြစ်တာတောင်အတော်ကြာပါပေါ့လား
Msc no179
@aunggyi100
Steemitmyanmar မိသားစုဝင်အားလုံးပေပျော်ရွှင်ချမ်းမြေ့ကြပါစေ
အဓိက ပုဒ်ထီး၊ ပုဒ်မ။ မချတာပဲ၊ Tag မှာ Culture, photograph, write ကိုပဲသုံးသင့်ပါတယ်
letter မရှိပါ။
ဟုတ် ဆရာ ပြင်ုက်ပါ့မယ်
ဆရာ ကျွန်တော့ ဖုန်းကတော့ ပုဒ်မ ပါတယ် ပုဒ်ထီးမပါဘူးဗျာ ကိုယ်က ထည့်ချင်ပေမဲ့ တစ်ခါတစ်လေ အခြေအနေကြောင့် ထည့်မရတဲ့အခါ ဘယ်လိုမှ မတတ်နိုင်တာတွေ ရှိပါတယ် ဆရာ သူ့ ဖုန်းကတော့ ကျွန်တော်လည်း မသိပါဘူး လေးစားလျက်ပါ ဆရာ
ရွာကို သတိရသွားပြီ
ကျွန်တော်လည်း ရွာကိုသတိရနေတာပါ
သွားချင်လိုက်တာ
လာလည်ပါ
လာလယ်မယ် bro
လာပါဗျ
အညာဘုရားပွဲတွေက ပျော်စရာကောင်းပါတယ်
Thank bro
ငယ်တုန်းကတော့ ဘုရားပွဲလည်ရတာ ပျော်စရာ ပါ
အခုလည်းပျော်စရာကောင်းပါတယ်sis
ဘယ်ရွာကလဲ ညီရေ လမ်းသင့်ရင် ဘုရားလေးလေး ဖူးချင်လို့ ပါ။
မုံရွာကပါအကို
အားပေးလျက်ပါ fri
Thnak bro
အရေးအသားကောင်းတယ်မောင်လေး။
Thank you အမ
I liked it 👍
Thank you