Free coin များနှင့်​ ကျွန်​​တော်

in #myanmar6 years ago (edited)

အခုတစ်​​လော၌ free ရမည့်​ coinများဘက်​စိတ်​​ရောက်​​နေမိသည်​။ဟို coin ​လေး freeရမည်​ဆိုလျှင်​ ​ပြေး၍လုပ်​လိုက်​၊ဒီ coin​လေး freeသံကြားလျှင်​ လုပ်​ထားလိုက်​နှင့်​ ကျွန်​​တော်​တစ်​​ယောက်​ ​လောဘတက်​၍​နေမိ​လေသည်​။Screenshot_2018-07-17-20-35-59-769_bec.wallet.app.png
Bec freeရမည်​ဆိုစဉ်​အခါ၌ကလည်း လုပ်​၍ထားမိ​လေသည်​။ withdraw ထုတ်​မည်​ဆို​တော့ မည်​သို့မည်​ပုံထုတ်​ရမည်​မသိ ဖြစ်​​နေပြန်​၏။
ဟို​လျှောက်​နှိပ်​ ဒီ​လျှောက်​နှိပ်​နှင့်​ ရထားသည့်​ 20$​ကျော်​​လေးပင်​ မည်​သည့်​​နေရာ၌ ​ရောက်​သွားသည်​မသိရ​ပေ။
eth address အားထည့်​၍ ထုတ်​မိခြင်းဖြစ်​၏။
ဤမျှပင်​​လော ဆိုလျှင်​ မက​သေး ဟုသာ ဆိုရ​ပေမည်​။ byteball ​လေး ကိုဒိုတင်​ထားသည့်​အား​တွေ့၍ လုပ်မိပြန်​သည်​။
byteball chat box မှမတ်​​ဆေ့ဝင်​မှသာ byteball မှ​ပေး​သော bytes ရရှိမည်​ဟုသိရ​လေ၏။ ၂ရက်​ခန့်​ အချိန်​ထိပင်​ byteball app​လေးထဲသို့ဝင်​၍ ခနခနကြည့်​ကာ​နေမိ၏။
မတ်​​ဆေ့ကား ​ရောက်​၍မလာ​ပေ။ ၃ရက်​​မြောက်​​နေ့၌ ကျွန်​​နော်​​မျှော်​လင့်​​နေ​သော မတ်​​ဆေ့​လေး ​ရောက်​၍လာ​ပေ​တော့သည်​။ ထိုအခါ ကိုဒိုထံ သွား၍ chat box မှ အကူညီ​တောင်းရ​လေသည်​။ ကျွန်​​တော်​လည်း မည်​သို့ဟုတ်​ရမည်​ မသိ၊သိသည့်​လူအား အကူညီ​တောင်း၍ လုပ်​သည်​မှာ ပိုကာအဆင်​​ပြေသည်​မဟုတ်​​လော။
ကိုဒိုသည်​လည်း အ​တော်​ပင်​ စိတ်​ရှည်​ထား၍ ရှင်းပြ​ပေးပါသည်​။ကိုဒိုရှင်းပြ၍သာ ကျွန်​​တော်​လည်း byteball မှ​ပေး​သော bytes အားရရှိပါ​တော့သည်​။
Screenshot_2018-07-18-13-03-08-468_org.byteball.wallet.png
ကျွန်​​တော်​ရရှိ​သော bytes ရ​ရေတွက်​သည်
130,655.675 bytes ဖြစ်​၏။ သို့​သော်​ ထိုရရှိထား​သော bytesများအား မည်​သို့မည်​ပုံထုတ်​ယူရမည်​နည်းကိုမူ ယခုထိ မသိရှိ​သေး​ပေ။
ထိုနည်းတူပင်​ တခြားfreeရ​သော coin များအားလည်း လုပ်​ကြည့်​၊သို့​သော်​ မထုတ်​တတ်​ဖြစ်​ရသည်​ကများသည်​။
တချိ့ free coin များသည်​ ​အ​ကောင့်​ idတင်​၍ ​အောင်​မြင်​မှသာလျှင်​ ထုတ်​ယူခွင့်​ရကြ​လေသည်​။ထိုသို့ idတင်​ရာ၌လည်း passport ရှိသူများအတွက်​ လွယ်​ကူ၏၊ကိုယ့်​၌ ယာဉ်​​မောင်းလိုင်​စင်​ပင်​ မရှိ​သောအခါ အခက်​ခဲတို့က စီးကြို ၍ပင်​​နေ​လေသည်​။
.
Msc No 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ။

Sort:  

ဟီး ဝါသနာပေါ့ အင်တာနက်ဖွင့်တာနဲ့ gmail ထဲမှာ တန်းစီနေတာပဲ mail တွေက တွေ့ရာလျှောက်ဖွင့်ထားတာပေါ့ free ဆိုပေမဲ့လည်း မfree တာလား ကိုယ်ပဲ မလုပ်တတ်တာလားတော့မသိဘူး ဘေကုန်တယ် စက်ဟန်းတယ် ခုထိတော့ ဘာမှမရသေးပါကြောင်း ဟီးးးးး

စက်​က​တော့ ဟမ်းချက်​ဘဲ ဘုရား😂

လေ့လာအုံးမယ်ဗျာ။ဘာမှမသိသေးဘူး။
ဘုတ်ပေးပါအုံး။အခုမှစရေးတာပါ။

တီတီတို့က ထုတ်ပြီးပြီး
မုန့်တောင်ဝယ်စားပြီးပြီး
ကျေးဇူးပါ Steem.

သား​တော့ ထုတ်​ကိုရ​သေးဘူး

ဘိုက်ဘော ဘိုက်ဘော ဘိုက်ဘော
ကျုပ်လဲလုပ်ထားပ ထုတ်ရင်ပြောအုံး

ဟားဟား ဘဝတူ​တွေ

မိုက်တယ်ဗျာ passport လေးတော့လုပ်ထားလိုက်အစ်ကို

ငိ အာ့passport ခက်​​နေတာ😂

ဟိဟိ။ချမ်းသာတော့မှာညီ။

အလဲ့ အလဲ့

ကျွန်တော်ကတော့ 8$ ပဲရတယ် RP 48 ပဲဆိုတော့လေ BEC ထုတ်မရသေး

16$​တော့ရပါတယ်​ ခုထိမထုတ်​ရ​သေးဘူးbro

Freeလေးတွေ စုထားတယ် ထုတ်ခါနီးလည်း ကျရော

ဟုတ်​တယ်​ အမ အာ့လိုဖြစ်​​နေတာ😢

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.029
BTC 57517.13
ETH 3013.74
USDT 1.00
SBD 2.35