လေးစားထိုက်​သူ (အပိုင်း ၂)

in #myanmar6 years ago (edited)

အပိုင်း ၁ ဖတ်​ရှုရန်
တစ်​​နေ့၌ ကိုမြင့်​ဦးတစ်​​ယောက်​ သူ၏ဇနီးအား ကွမ်းယာဆိုင်​၌ထားခဲ့၍သူတစ်​ဦးတည်း ဆိုင်​တွက်​လိုအက်​သည်​တို့ဝယ်​ရန်​​ဈေးချိုသို့ ထွက်​ခွာလာ​လေ၏။
သွားရင်းလာရင်းနှင့်​လမ်း၌ပင်​ သူ၏ကွမ်းဆိုင်​​လေးသို့ အမြဲလိုအား​ပေး​နေသည့်​ ကို​ဋ္ဌေးဆိုသူနှင့်​ ဆုံ​မိ​လေသည်​။
"ကြိုမင့်​ဦးဘယ်​သွားမလို့လည်းဗျ ခဗျားဇနီး​ကော မပါဘူးလား "
"မလှက​တော့ ကွမ်းဆိုင်​မှာထားခဲ့ရတယ်​ကို​ဋ္ဌေး​ရေ ဆိုင်​လည်း လူမရှိလို့ မဖြစ်​ဘူး​လေ အခုကျုပ်​က ဆိုင်​တွက်​လိုအပ်​တာ​လေး​တွေသွားဝယ်​မလို့ဗျ"
နှစ်​ဦးသား စကား​လေး တစ်​​ပြော​ပြောနှင့်​ အတူလမ်း​လျှောက်​၍လာခဲ့ကြရာ၌ ကားလမ်းဆုံ​ရောက်​​သောအခါ မိမိတို့ သွားမည့်​​နေရာ အသီးသီးသို့ လမ်းခွဲ၍သွားကြ​လေသည်​။
ကိုမြင့်​ဦးလည်း သွားရင်းလားရင်း တခြားသူတို့ မည်​သို့မည်​ပုံ ​ဈေးအ​ရောင်းအဝယ်​လုပ်​​နေသည်​အား ​ကြည့်​ရှု​လေ့​လာ​နေမိ​လေသည်​။
တချို့တစ်​ချို့​သော ​ဈေးဆိုင်​​လေးများ၌ အပိုဝင်​​ငွေရရှိရန်​ အခြား​သော ကုန်​ပစ္စည်း​လေးများအား တင်​၍​ရောင်းချ​နေသည်​ကို ​တွေ့ရ​သောအခါ ကိုမြင့်​ဦးတစ်​​ယောက်​ ဝမ်းငါသွားမိ​လေသည်​။
မိမိဆိုင်​တွက်​ လိုအပ်သည်​တို့အား ဝယ်​ယူ၍ အိမ်​သို့ အမြန်​ပင်​ ပြန်​ခဲ့​လေ၏။အိမ်​သို့​ရောက်​လျှင်​ မိမိစု​စောင်းထားသည့်​ ​ငွေ​လေးများအား ​ရေတွက်​​လေ​တော့၏။
မိမိ၌စု​စောင်းထား​သော ​ငွေ​ကြေး​လေးနှင့်​ဆိုလျှင်​ ကုန်​စုံဆိုင်​​လေး တွဲ၍ဖွင့်​ရန်​ကား မဖြစ်​နိုင်​​သေး​ချေ။ ယခု​ငွေ​လေးကား ကုန်​စုံဆိုင်​​လေးတွဲဖွင့်​ရန်​ မ​လောက်​ငှဘဲ ဖြစ်​၍​နေ​လေသည်​။
ကိုမြင့်​ဦးလည်း စိတ်​ဓာတ်​အနည်းကျ၍ မလှရှိရာ ကွမ်းဆိုင်​​လေးသို့ ထွက်​လာလိုက်​​တော့သည်​။
ဆိုင်​တွက်​ဝယ်​လာသည့်​ ပစ္စည်းတို့ မလှအား
လှမ်း၍​ပေးရင်း "မယ်​လှ နင်​ထမင်း​ကော စားပြီးပြီလား "ဟု​မေး​လေသည်​။
မလှကား ကိုမြင့်​ဦး​မေးခွန်းအား စိတ်​မဝင်​စား​ပေ။စိတ်​ညစ်​​နေပုံ​ပေါက်​​နေသည့်​ ကိုမြင့်​ဦးကိုသာ အကဲခတ်​၍ "ကျုပ်​ ထမင်းစားပြီးတာမပြီးတာ ခနထားပါအုန်း ရှင့်​မျက်​နှာက ဘာဖြစ်​​နေတာလည်း " ဤ​ယောကျာင်္းနှင့်​​ပေါင်းလာသည်​မှာ ကြာပြီ၊ မျက်​နှာကြည့်​သည်​နှင့်​ စိတ်​ကြည်​၏မကြည်​၏ကို မလှတစ်​​ယောက်​​ကောင်း​ကောင်း ခန့်​မှန်းတတ်​​နေ​လေပြီဖြစ်​သည်​။
ကိုမြင့်​ဦးလည်း ကွမ်းဆိုင်​​လေးနှင်​တွဲကာ ကုန်​စုံဆိုင်​​လေးပါဖွင့်​ခြင်​ကြောင်း၊မိမိတို့ စု​ဆောင်းထားသည့်​​ငွေ​လေးနှင့်​ မ​လောက်​ငှဘဲ ဖြစ်​​​နေ​ကြောင်းတို့အား မယ်​လှအား ​ပြေ​ပြော​လေသည်​။
မလှလည်း ကိုမြင့်​ဦးအား ကုန်​စုံဆိုင်​​တွဲဖွင့်​ရန်​မ​လောက်​ငှ​သေးလျှင်​ ဓာတ်​ဆီ​လေးနှင့်​ ဆိုင်​ကယ်​​ရေး​ဆေးဆီလိုက်​​လေးတွဲလုပ်​ထား၍ ရ​ကြောင်းပြန်​​ပြောပြ​လေသည်​။
ရေ​ဆေးဆီလိုက်​အတွက်​လိုအပ်​တဲ့ ပစ္စည်း​လေး​တွေလည်း မလှဦး​လေးထံမှ ​ခေတ္တခဏ ယူသုံး၍ ရ​ကြောင်းဆို​လေသည်​။
မလှ​ပြေပြ​လေမှ ကိုမြင့်​ဦးတစ်​​ယောက်​ ​ကျေနပ်​၍သွား​လေသည်​။ 
နောက်​တစ်​ရက်​နှစ်​ရက်​အတွင်း၌ပင်​ ​ရေး​ဆေးဆီလိုက်​ခုံ​လေးပါ တွဲ၍ဖွင့်​​လေ​တော့သည်​။ ကွမ်းဆိုင်မှ​ရောင်းရသည့်​ အမြတ်​​ငွေ​လေးသည်​ လင်​မယားနှစ်​​ယောက်​ စား​သောက်​ရန်​ ဖူလုံသည်​ဖြစ်​၍ ​ရေ​ဆေးဆီလိုက်​နှင့်​ဓာတ်​ဆီ​ရောင်းရသည့်​ အမြတ်​​ငွေ​လေးများအား သီးသန့်စု​စောင်းထားနိုင်​​လေ​တော့သည်​။ ကိုမြင့်​ဦးရည်​ရွယ်​ချက်​ကား နီ်းကပ်​လာပြီဟု ဆိုရ​ပေမည်​။
. image
Crd-org-source
.
. . . ဆက်​၍ဖတ်​ရှု​ပေးပါရန်​ . . .
Msc No 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ။

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by aunggyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

စီးပွားရေးတိုးချဲ့ခြင်းပေါ့

ပိုက်​ဆံစု​နေတာ ဦး​ထွေး 😁

စိတ်ဝင်စားဘို့ ကောင်းလာပီ ဆက်လက်အားပေးပါမယ် ကိုအောင်ကြီးရေ။

ဟုတ်​ ကွီး​ရွှေ ​ကျေးဇူးပါဗျ

ဆက်ဖတ်ပါမည်

ဟုတ်​ လာအား​ပေးတာ ​ကျေးဇူးပါပဲဗျာ

ဦးမြင့်ဦးရည်ရွယ်ချက်အောင်မြင်ပါစေ

ဟုတ်​ ​အောင်မြင်​မယ်​ ထင်​တာဘဲ ဆရာမ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.027
BTC 60244.17
ETH 2333.72
USDT 1.00
SBD 2.47