Bao Zheng (包拯) or Bao Gong (包公)

in #myanmar6 years ago (edited)

Bao Zheng (包拯) or Bao Gong (包公)

ဒီနာမည် ကြားလိုက်တာနဲ့ ငယ်ငယ်က မြဝတီမှာ ကြည့်ခဲ့ဖူးတဲ့ ဇာတ်ကားနာမည်ကို သတိရသွားကြမှာပါ။ ကလေးဘဝက ရူးသွပ်ခဲ့ဖူးတဲ့ ကျန်ကျောင်း ပေါင်ချိန် ကုန်းစွန်းစဲ့ တို့ကို ပြေးမြင်ယောင်မှာ မလွဲမသွေပါပဲ။

ဒါပေမယ့် ဇာတ်ကားထဲကနဲ့ အပြင်က လက်တွေ့ ပေါင်ချိန်နဲ့တော့ ကွာခြားပါတယ်

image

ပေါင်ချိန်ကို ခရစ်နှစ် ၉၉၉ ခုနစ် ဧပြီလ ၁၁ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ပေါင်ချိန်တို့ မိသားစုဟာ အလယ်လတ်တန်စားထဲမှာ ပါဝင်ပြီး သူ့ရဲ့ ဖခင်ဟာ ငယ်စဉ်ကတည်းက စာပေကို လေ့လာစေခဲ့ပါတယ်။ ပေါင်ချိန်ဟာ ငယ်စဉ်ကတည်းက ရိုးသားပြီး စိတ်ထားကောင်းမွန်သူ ဖြစ်တဲ့အတွက် ဆင်းရဲသား နိမ့်ကျတဲ့သူတွေကို သနားတတ်ပါတယ်။ သူတို့ ဘဝထဲကို ဝင်လေ့လာပြီး သူဟာ ဆင်းရဲသား ပြည်သူတွေရဲ့ ဘဝကို နားလည်လာပါတယ်။ အဲ့နောက်မှာတော့ ပြည်သူတွေကို ကယ်တင်ချင်တဲ့ စိတ်ကြောင့် နန်းတွင်းစာမေးပွဲကို ဝင်ဖြေပြီး အသက် ၂၉ နှစ် အရွယ် ၁၀၂၈ ခုနစ်တွင် အရာရှိငယ် ဖြစ်လာကာ စုန့်တိုင်းပြည်ရဲ့ ဘုရင် Ren Zhong ရန်ကျူံး ဘုရင် လက်အောက်မှာ အမှုထမ်းခဲ့ပါတယ်။ သူ့အသက် ၃၉ နှစ်မှာတော့ သူ့ဇာတိမြို့နဲ့ မဝေးတဲ့ ထျန်းချန်မြို့မှာ တာဝန်ကျခဲ့ပြီး အဲ့မြို့မှာ တရားစီရင်ခဲ့ရာမှာ မျှတမှု ရှိတဲ့အတွက် သူ့ကို ခိုင်ဖုန်းမြို့မှာ တရားစီရင်ရေး အမတ်အဖြစ် ခေါ်ယူခဲ့ပါတယ်။

မှတ်ချက်။ ။ ရန့်ကျူံးဘုရင်သည် ၁၀၂၂ ခုနစ်တွင် နန်းတက်ခဲ့ပါသည်။ အသက် ငယ်ငယ်ရွယ်ရွယ်နှင့် နန်းတက်ခဲ့သော်လည်း ပညာရှိဘုရင်တပါးအဖြစ် အသိအမှတ် ပြုခံရပြီး စုန့်နိုင်ငံရဲ့ သူရဲကောင်းနဲ့ မှူးမတ်တွေ ဖြစ်တဲ့ ရန်အိမ်တော် ရန်စစ်သူကြီး ပေါင်ချိန် တို့လည်း ထိုခေတ်၌ ပေါ်ထွန်းခဲ့သည့် အချိန်လည်း ဖြစ်သည်။

image

သူစီရင်ခဲ့တဲ့ အမှုတွဲတွေထဲကမှ နာမည်အကြီး အမှုတွဲ ၄၁ ခု ရှိခဲ့ပြီး အဲ့ထဲကမှ အားလုံး သိကြတဲ့ တောကြောင်နဲ့ မင်းသားလဲလှယ်တဲ့ အဖြစ်အပျက်ဟာ တကယ်ဖြစ်ပျက်ခဲ့တာပါ။ ဘုရင် ရန့်လ်ကျူံးကို မမွေးခင် သူ့ရဲ့ ဖခင်ဖြစ်တဲ့ ကျန်းကျူံး ဘုရင်မှာ လီ မိဖုရားနဲ့ လျူ မိဖုရား ၂ ယောက် ရှိပါတယ်။ မိဖုရား ၂ ယောက်စလုံးဟာ ကိုယ်ဝန်ဆောင်နေတဲ့ အချိန်မှာ ဘုရင်က အရင်ဆုံး မွေးတဲ့ မိဖုရားကို မိဖုရားခေါင်ကြီး ခန့်မယ်လို့ ဆိုပါတယ်။ အဲ့အချိန်မှာပဲ လျူ မိဖုရား ရဲ့ကိုယ်ဝန်က လီမိဖုရားထက် စောတဲ့အတွက် လီမိဖုရားဟာ လျူ မိဖုရားကို အကောက်ကြံပါတယ်။ လျူ မိဖုရား မွေးမွေးချင်း နန်းတွင်း ကုန်းကုန်း ကောဟွိုင်နဲ့ လက်သည် ပေါင်းပြီး ကလေးကို ခိုးယူကာ တောကြောင်နဲ့ လဲလှယ်စေပြီး ကလေးကိုလဲ အသေသတ်ခိုင်းခဲ့ပါတယ်။ သို့သော် မင်းဖြစ်မယ့် ဇာတာပါတဲ့ ကလေးဖြစ်တာက တကြောင်း နန်းတွင်း အစေခံရဲ့ မေတ္တာစိတ်ကြောင့် တကြောင်း ကလေးကို မသတ်ပဲ Ba Xian Wang 八贤王 ဆီ ပို့လိုက်ပါတယ်။ စိတ်ကောင်းရှိပြီး ရိုးသားလှတဲ့ ပါးရှန်းဝမ်ကလဲ သူ့အစ်ကိုတော်ရဲ့ ကလေးမှန်းသိသွားတဲ့အခါ သေချာစွာ စောင့်ရှောက်ထားပြီး နောင်တစ်ချိန်မှာ ဘုရင်ဖြစ်အောင် နန်းတင်ပေးခဲ့ပါတယ်။ ကျန်နောက်ပိုင်း အကြောင်းတွေကိုတော့ အားလုံး သိကြတဲ့တိုင်း လီ မိဖုရား နဲ့ ကောဟွိုင် သေဒဏ်ပေးခံရပြီး လျူ ဟာ မိဖုရားခေါင်ကြီး ပြန်ဖြစ်လာပါတော့တယ်။ ထိုအမှုကြောင့် ပေါင်ချိန်ဟာ နာမည်ပိုကြီးလာပြီး ရာထူးတိုးပေးခံရပါတယ်။ နောက်ပြီး ထူးဆန်းတဲ့ ဝိညဉ်က တိုင်ချက်ဖွင့်တဲ့ အမှုတွေလဲ ရှိခဲ့ပါသေးတယ်။

ပေါင်ချိန်ဟာ မျက်နှာမလိုက်ပဲ အမှုတိုင်းကို အမှန်ကန်ဆုံးဖြစ်အောင် စီရင်ပါတယ်။ တချို့ အမှုတွေမှာ ဘုရင့်အနွယ်တော်တွေနဲ့ မှူးမတ် ဝန်ကြီး နယ်စားတွေရဲ့ အရှုပ်တော်ပုံတွေ မတရား အနိုင်ကျင့်မှုတွေကို ဖော်ထုတ်ပြီး အရေးယူခဲ့ပါတယ်။ ဥပဒေချိုးဖောက်ပါက ညှာတာလေ့ မရှိပဲ သူ့ရဲ့ တူတဝမ်းကွဲ အပါအဝင် နောက်ဆုံး ဘုရင့် ညီမတော်ရဲ့ ခင်ပွန်းဖြစ်တဲ့ ဘုရင့်ယောက်ဖတော် ချိန်စစ့်မေကိုတောင် သေဒဏ်ပေးခဲ့ပါတယ်။ အဲ့လို အမှုမှန်ပေါ်ပေါက်ရေးအတွက် ဘုရင်ဟာလဲ ပေါင်ချိန်ကို အားပေးပါတယ်။ သူ့ကို ဘုရင်အာဏာ သက်ရောက်တဲ့ ဘုရင့်ရဲ့ စန့်ကွမ်းပေါင်ကျန့်လို့ခေါ်တဲ့ ကျောက်စီဓား တစ်ချောင်းလဲ ချီးမြင့်ခဲ့ပြီး မည်သူမဆို ပေါင်ချိန်ကို အမိန့်အာဏာနဲ့ တားဆီးခွင့် မရှိပဲ အစစ်ဆေးခံရမည်ဟု အမိန့်ပေးနိုင်သည့် အာဏာလဲ ပေးအပ်ခဲ့ပါတယ်။ ထိုကြောင့်လဲ ပေါင်ချိန်ဟာ သူ့ထက် ရာထူးအဆင့်မြင့်တဲ့ မှူးမတ် ဝန်ကြီးများကို စစ်ဆေးခွင့်ရရှိခဲ့ပြီး ပြစ်ဒဏ်များကိုလဲ တရားမျှတစွာ ပေးခဲ့ပါတယ်။ ထို့ပြင် ဘုရင်ဟာ ပေါင်ချိန်ကို ဓားစက် ၃ ခု (နဂါးခေါင်းဓားစက် ကျားခေါင်းဓားစက် ခွေးခေါင်းဓားစက်) ကို ပေးအပ်ထားခဲ့ပြီး ဓားစက်တိုင်းမှာ ပြစ်ဒဏ်စီရင်ပြီးမှ သံတော်ဦးတင်လို့ရတဲ့ အခွင့်အာဏာကိုလဲ ပေးထားပါတယ်။ မင်းမျိုးမင်းနွယ် ရာထူးမြင့်တဲ့
မှူးမတ်တွေကို စီရင်တဲ့အခါ ပေါင်ချိန်ကို ဖိအားပေးခြင်းမရှိအောင် လွတ်လပ်စွာ တရားစီရင်ခွင့်ရအောင် ပေးအပ်ထားတဲ့ သဘောပါပဲ။

ပေါင်ချိန်လိုက်ခဲ့တဲ့ အမှုတွေဟာ ရှုပ်ထွေး ခက်ခဲပြီး အသက်အန္တရာယ်နဲ့ နီးကပ်တဲ့ အမှုတွေက များပါတယ်။ ထိုကြောင့် ပေါင်ချိန်ကို ကာကွယ်ပေးနိုင်ရန် တော်ဝင်ကြောင်လို့ အမည်တွင်တဲ့ နန်းတွင်းကိုယ်ရံတော် အဆင့် ၄ ရှိတဲ့ ကျန်ကျောင်းအပြင် နောက်ထပ် ကိုယ်ရံတော် ၄ ယောက်ကိုပါ အသက်လုံခြုံရေးအတွက် ခန့်အပ်ထားခဲ့ပါတယ် (ဝမ်ကျောက် မာဟန့် ကျောက်လုံ ကျန်းဟူ)။ သူနှင့် တိုင်ပင်ဆွေးနွေးနိုင်ရန် ကုန်းစွန်းစဲ့ကိုလည်း အနားမှာ ခေါ်ယူထားခဲ့ပြီးြ ကွက်ညီနောင် ငါးဖော်လို့ အမည်တွင်တဲ့ သူရဲကောင်း ငါးယောက်ကလည်း စောင့်ကြပ်ပေးပါတယ်။ ဇာတ်ကားထဲကနဲ့ ကွဲလွဲတာကတော့
ြ ကွက်ညီနောင်တွေဟာ ဇာတ်လမ်းထဲမှာ ပေါင်ချိန်တို့နဲ့ သိပ်မတည့်ပေမယ့် အပြင်မှာတော့ အဓိက ကူညီပေးသူတွေ ဖြစ်ပါတယ်။

နောက်ပြီး ဇာတ်လမ်းထဲမှာတော့ ပေါင်ချိန်ဟာ လူပျိုကြီး ဖြစ်ပေမယ့် အပြင်မှာတော့ ကတော် ၂ ယောက်ရှိပါတယ်။ ကျန်းကတော်နဲ့ တုန်းကတော် တို့ဖြစ်ပြီး သားတစ်ယောက်သာ ရခဲ့ပေမယ့်လည်း သူ့ရဲ့ သားဟာ အရာရှိငယ် ဘဝမှာပဲ သေဆုံးသွားခဲ့ပါတယ်။ ထို့အတူပဲ ကျန်ကျောင်းမှာလဲ မိန်းမ တစ်ယောက်ရှိခဲ့ပါတယ်။ ကျန်ကျောင်းကို ပေါင်ချိန်ဟာ သူအရာရှိငယ် ဘဝမှာပဲ တွေ့ဆုံခဲ့ပြီးနောက်မှာတော့ ကျန်ကျောင်းဟာ ပေါင်ချိန်နောက်လိုက်ပြီး ပေါင်ချိန်ကို ကူညီခဲ့ပါတယ်။ ကျန်ကျောင်းကို အမည် ၂ မျိုးနဲ့လည်း ခေါ်ကြပါတယ်။ တောင်ပိုင်း သူရဲကောင်း သို့မဟုတ် တော်ဝင်ကြောင်လို့လဲ ခေါ်ကြပါတယ်။ တော်ဝင်ကြောင်လို့ အမည်ပေးတာကတော့ ဘုရင်ကိုယ်တိုင်ပဲ ဖြစ်ပြီး သူရဲ့ ပေါ့ပါးသွက်လက်မှုကြောင့် ထိုဘွဲ့နာမည်ကို ရခဲ့တာပါ။ ဒီနာမည်ကြောင့်လဲြ ကွက်ညီနောင် ငါးဖော်ထဲက ပိုင်ယိထန်နဲ့ ပြဿ နာတက်ခဲ့ပြီး ပိုင်ယိထန်က စိန်ခေါ်ခဲ့ရာမှာတော့ ကျန်ကျောင်း အနိုင်ရရှိခဲ့ပါတယ် အဲ့ဒီနောက်မှာတော့ ပိုင်ယိထန်နဲ့ သူ့ညီနောင်တွေဟာ ပေါင်ချိန်ကို ကူညီပေးကြပါတော့တယ်။

ကျန်ကျောင်းဟာ သူ့ရဲ့ မိန်းကလေးဖြစ်လာမယ့် သင်းယွဲ့ဟွာကို သူ့မိတ်ဆွေတစ်ယောက်ရဲ့ ဖိတ်ခေါ်မှုကြောင့် သင်းမျိုးနွယ် ရွာလေးမှာ စတွေ့ခဲ့ပါတယ်။ အဲ့ရွာရဲ့ နာမည်ကြီးလှတဲ့ ဓားသိုင်းအကကို ကပြနေစဉ်မှာပဲ ကျန်ကျောင်းဟာ သင်းယွဲ့ဟွာကို စိတ်ဝင်စားသွားပါတယ်။ အဲ့ဒီနောက်မှာတော့ ကျန်ကျောင်းဟာ သူနဲ့ စေ့စပ်ခဲ့ပြီး သိပ်မကြာခင်မှာပဲ လက်ထပ်ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ကျန်ကျောင်းဆိုတာ တကယ်ရှိခဲ့ မရှိခဲ့ဆိုတာ သေချာမသိပါဘူး။ နောက်ပိုင်း ဒဏ္ဍာရီပုံပြင်တွေလို တကယ့်အဖြစ်အပျက်လိုလို ရေးသားခဲ့ကြပါတယ်။ ဒါပေမယ့် ကြွက်ညီနောင် ၅ ဖော်ကတော့ တကယ်ရှိခဲ့ဟန် တူပါတယ်။ သီချင်းထဲမှာလဲ ကြွက်ညီနောင် ၅ ဖော် အကြောင်းသာ ထည့်သွင်းရေးသား သီဆိုခဲ့ကြပါတယ်။ ကျန်ကျောင်း အကြောင်း ထည့်ရေးရတာကတော့ သူ့ပရိတ်သတ်တွေ များစွာရှိနေတဲ့အတွက် ပိုပြည်စုံသွားစေရန်သာ ထည့်သွင့်ရေးသားထားခြင်း ဖြစ်ပါတယ်။

ဒီလိုနဲ့ ပြည်သူ့တရားရှင် ပေါင်ချိန်ဟာ အမှုတွေကို တရားမျှတစွာ စီရင်ရင်း အသက်အရွယ်ဟာလဲ အချိန်တွေနဲ့အတူ ကြီးရင့်လာခဲ့ပါတယ်။ ပေါင်ချိန်ဟာ သူ့ရဲ့ နောက်ဆုံးနေဝင်ချိန်ကို ရောက်ရှိခဲ့ပြီး ၁၀၆၆ခုနစ်တွင် ခိုင်ဖုန်းမြို့မှာပဲ ကွယ်လွန် သွားခဲ့ပါတယ်။ သူ့ကို သူ့မွေးရပ်မြို့ဖြစ်တဲ့ လုယန်ပြည်နယ် အန်းဟွေ့ ခရိုင် ဟောဖေးမြို့မှာပဲ မြှုပ်နှံခဲ့ပြီး သူ့ရဲ့ အုတ်ဂူကို ယနေ့ထိ တွေ့မြင်နိုင်ပါလိမ့်မယ်။ ပေါင်ချိန်ဟာ တရုတ်နိုင်ငံအတွက်တော့ တရားမျှတမှုအတွက် ပြယုဒ်တစ်ခု ဖြစ်ပြီး ယနေ့ထက်တိုင် သူ့အုတ်ဂူကို သွားရောက် ဂါရဝပြုလေ့ရှိပါကြပါတယ်။

"တစ်ချိန်ချိန်မှာ ငွေကြေးရှိသူနဲ့ အာဏာရှိသူ ပေါင်းစည်းသွားတတ်တာ ဓမ္မတာပဲ"

ပေါင်ချိန်

atgaday
b-17
photo credit:google

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by atgaday from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

This post has received a 0.09 % upvote from @drotto thanks to: @banjo.

Good writing.
Thanks for this post.
@shwebote

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 67931.04
ETH 3244.57
USDT 1.00
SBD 2.67