The Beautiful Box That I Created

in #myanmar8 years ago

Beautiful Blue Box
img1521203042154.jpg

img1521203253780.jpg

ခုပြုလုပ်​ထားတာကအပြာ​ရောင်​boxတစ်​ခုပါ။ပေါ့ပါးတဲ့ပစ္စည်းများထည့်လို့ရပါတယ်​။အဖွင့်​အပိတ်​ကို​တော့စာအုပ်​ပုံစံပြုလုပ်​ထားပါတယ်​။လိုအပ်​တာ​တွေကအပြာ​ရောင်​စာရွက်​၊ပန်း​စာရွက်​၊​ကော်​၊ကတ်​​ကြေး၊ကတ်​ထူစက္ကူ၊စသဖြင့်​ပါ။ပထမဆုံးပြုလုပ်​တာကကတ်​ထူဘူးခွံကိုပုံမှာပြထားတဲ့အတိုင်းဖြစ်​​အောင်​အဖုံးကိုဖြုတ်​မယ်​။ဘေးမှအကာ​လေးဘက်​ကိုသုံးဘက်​ထားပြီးတစ်​ဘက်​ကိုဖြတ်​လိုက်​မယ်​။ပြီး​နောက်​အပြာ​ရောင်​စာရွက်​ကိုတစ်​ခုလုံးဖုံးပြီး​ကော်​ကပ်​မှာပါ။နောက်​တစ်​ခုကို​တော့စာအုပ်​ပုံစံပြုလုပ်​ချင်​တာ​ကြောင့်​၊ခုနကပြုလုပ်​ထားတဲ့ကတ်​ထူဘူးရဲ့အတိုင်းအတာထက်​တစ်​လက်​မအစွန်းထုတ်​ကာတိုင်းတာပါမယ်​။အမြင့်​ကို​တော့ကတ်​ထူဘူးရဲ့​ဘေးဘက်​အမြင့်​အကွာအ​ဝေးအတိုင်းယူပါမယ်​။ပန်းစာရွက်​​ပေါ်မှာအ​ပေါ်၊​အောက်​ကတ်​ထူအရွယ်​တူနှစ်​ခု၊အလယ်​မှာ​တော့​ဘေးဘက်​​ဘောင်​အတွက်​ကတ်​ထူတစ်​ခုထားပြီးညီညာစွာ​ကော်​ကပ်​လိုက်​မှာပါ။ဒီအဆင့်​ထိပုံများနှင့်​ပြထားပါတယ်​။
IMG_20180308_163233.jpgIMG_20180307_111315.jpg
ဒီလိုမျိုးကတ်​ထူစက္ကူများကို​ကော်​ကပ်​ပြီးရင်​​တော့၊အတွင်းဘက်​အတွက်​အပြာ​ရောင်​စာရွက်​နှင့်​ထပ်​မံကပ်​ကာ၊အပြင်​ဘက်​အတွက်​ကိုပန်းစာရွက်​ကိုထားလိုက်​မှာပါ။အားလုံး​ကော်​ကပ်​ပြီးတဲ့အခါမှာ​တော့ကတ်​ထူကို​ခေါက်​ချိုးလိုက်​ရင်​ပုံမှာမြင်​ရတဲ့အတိုင်း​ခေါက်​လို့ရတဲ့ပုံစံဖြစ်​လာမှာပါ။ပြီး​တော့ခုနကပြုလုပ်​ထားတဲ့ကတ်​ထူဘူးခွံကိုအလယ်​မှာညီညာစွာထားပြီး​ကော်​ကပ်​လိုက်​မယ်​။IMG_20180308_163303.jpg
IMG_20180308_163023.jpg
IMG_20180308_162953.jpg
ဒီအဆင့်​မှာ​တော့အ၀ါ​ရောင်​စာရွက်​ကို3.5cm,7cmအတိုင်းအတာနှင့်​စာရွက်​ငယ်​များဖြတ်​မှာပါ။တစ်​ခုချင်းစီကို​ခေါက်​မှာပါ။ခေါက်​နည်းကစာရွက်​ကိုအလယ်​မှထက်​၀က်​​ခေါက်​ချိုးမယ်​။နောက်​တစ်​ကြိမ်​ပြန်​​ခေါက်​မယ်​။ပြီး​တော့အလယ်​မျဉ်းထိကိုတစ်​ဘက်​စီ​ခေါက်​မှာပါ။အောက်​ဘက်​အနားနှစ်​ခုကို​ခေါက်​ပြီး၊အ​ပေါ်သို့ထပ်​မံ​ခေါက်​လိုက်​မယ်​။အလယ်​မှပြန်​​ခေါက်​လိုက်​တဲ့အခါပုံမှာမြင်​ရတဲ့အတိုင်းစက္ကူ​ခေါက်​ကို​တွေ့ရမှာပါ။ထိုနည်းအတိုင်းစက္ကူ​ခေါက်​​တွေအများကြီးပြုလုပ်​မှာပါ။ပြီး​နောက်​တစ်​ခုနှင့်​တစ်​ခုကိုဆက်​လိုက်​မှာပါ။
IMG_20180308_084245.jpg

IMG_20180308_084717.jpg

ဒီတစ်​ခုကို​တော့အ၀ါ​ရောင်​စာရွက်​ကိုအပိုင်းများဖြတ်​ပြီးစက္ကူ​ခွေ​လေး​တွေပြုလုပ်​လိုက်​တာပါ။ပြီး​နောက်​heart shapeတစ်​ခုညှပ်​မှာပါ။အပြာ​ရောင်​နှင့်​ပန်း​ရောင်​စာရွက်​ကိုလည်းထပ်​မံဖြတ်​ပြီး​ကော်​ကပ်​မှာပါ။ဒီအ​ပေါ်မှာheart shapeကိုကပ်​ပြီး၊ခုနက​ခေါက်​ထားတဲ့စက္ကူ​ခေါက်​များကိုအနားတစ်​​လျောက်​စီပြီး​ကော်​ကပ်​လိုက်​ပါ့မယ်​။တစ်​ဘက်​မှာ​တော့အ၀ါ​ရောင်​စက္ကူ​ခွေ​တွေပါ။ပြီး​နောက်​ပြုလုပ်​ထားတဲ့ကတ်​ထူဘူး​ပေါ်မှာ​ကော်​ကပ်​ပြီးအလှဆင်​လိုက်​မှာပါ။

IMG_20180308_092941.jpg

IMG_20180308_091449.jpg

IMG_20180308_093140.jpg

IMG_20180308_093334.jpg

img1521202871805.jpg
My beautiful box
Written by @asterkame
MSC-008
By my photos & made by me

Sort:  

အနုစိတ်တယ်ဗျ လှတယ်

အင်း...​ကျေးဇူးပါ..

လှတယ်ဗျာ
လက်လည်းဝင်လောက်မယ်

အင်း....ဟုတယ်
အ​သေးစိတ်​လုပ်​ရတာ...​ကျေးဇူးပါ...

လှတယိဗျ nice

ဒီအလုပ်‌က ပန်းချီ အမြင်‌ ရှိဖို့ လိုမယ်‌ထင်‌တယ်‌။

ဟုတ်​ကဲ့...ပန်းချီအမြင်​ရှိရင်​အလှဆင်​ရာမှာပိုထိ​ရောက်​နိုင်​မယ်​ထင်​တယ်​...😊

အရမ်းလှတယ်ဗျာ

အား​ပေးလို့​ကျေးဇူးပါ 😊

စိတ်ရှည်လိုက်တာနော် ..

စိတ်​ရှည်​ပြီးလုပ်​ရင်​ပို​သေသပ်​ပါတယ်​...​ကျေးဇူးပါ😊

အသုံးဝင်​ပြီးလှတယ်​အစ်​မ​ရေ

မသိရင် ဓါတ်ပုံ album လေးလိုပါဘဲ

ဟုတယ်​​နော့...thanks

Ok လှလှ ပါညီမ

ဟုဟု😊

Coin Marketplace

STEEM 0.09
TRX 0.32
JST 0.033
BTC 108371.85
ETH 3824.35
USDT 1.00
SBD 0.60