Paper Accessories Box

in #myanmar4 years ago

ဒီတစ်ခုကတော့ဘောက်စ်တစ်ခုကိုခေါက်ချိုးလို့ရတဲ့ပုံစံနဲ့အတွင်းဘက်မှာအရွယ်တူဘောက်စ်အသေးလေးခုပြုလုပ်ပြီးဆက်ထားတာပါ။ခေါက်ချိုးလို့ရပြီးအဖုံးတစ်ခုလည်းပြုလုပ်ထားပါတယ်။ပြုလုပ်ရန်လိုအပ်တာတွေကကတ်ထူ၊စာရွက်၊ကတ်ကြေး၊ကော်ဘူး၊ခဲတံ၊ပေတံစသဖြင့်လိုအပ်ပါတယ်။ပထမအဆင့်မှာအရွယ်တူဘောက်စ်လေးခုခေါက်ရမှာပါ။စာရွက်ကိုအလျားအနံတူညီစွာဖြတ်ပြီး၊ထောင့်စွန်းလေးခုကိုအလယ်သို့ခေါက်လိုက်ပါတယ်။ပြီးနောက်အလယ်မျဥ်းအထိတစ်ဘက်စီမှစာရွက်ကိုထပ်မံခေါက်ပြီး၊စာရွက်ခေါက်ကိုပြန်ဖြန့်၍ခေါက်ချိုးမျဥ်းအတိုင်းပုံပြထားတဲ့အတိုင်းအဆင့်ဆင့်ခေါက်ပြီးအရွယ်တူဘောက်စ်လေးခုခေါက်ပါတယ်။

ထို့နောက်ကတ်ထူနဲ့ရောင်စုံစာရွက်ကိုပူးတွဲကော်ကပ်ပြီး၊ခုနကပြုလုပ်ထားတဲ့ဘောက်စ်ရဲ့အနားတစ်ဘက်အလျားအတိုင်းကော်လံလေးခုတိုင်း၍ခေါက်ချိုးလိုက်ပါတယ်။ပြီးနောက်ဘောက်စ်လေးခုကိုထိုကတ်ထူရဲ့အပေါ်ပုံအတိုင်းထား၍ကော်ကပ်ရမှာပါ။ပြီးနောက်ခေါက်ချိုးရတဲ့ဘောက်စ်ပြုလုပ်ပြီး၊အဖုံးပြုလုပ်ရန်အတွက်ဘောက်စ်ကိုတိုင်းတာပြီး၊လိမ္မော်ရောင်စာရွက်ပေါ်ပုံဆွဲ၍ဘေးဘက်အနားအတွက်အပိုတိုင်း၍ဖြတ်ပြီးဆွဲထားတဲ့မျဥ်းအတိုင်းခေါက်ချိုးကာလိုအပ်တဲ့နေရာမှာဖြတ်၍ကော်ကပ်ခေါက်ပြီးအဖုံးတစ်ခုပြုလုပ်ပါတယ်။

ဒီအဆင့်မှာအနီရောင်အရွယ်တူအသည်းပုံများဖြတ်ပြီးဘောက်စ်ရဲ့အနားတွေမှာအသည်းပုံများကိုအလယ်မှခေါက်၍ကော်ကပ်လိုက်ပါတယ်။ပြီးနောက်ထိုအသည်းပုံများကိုခေါက်ချိုး၍တစ်ခုနဲ့တစ်ခုကော်ကပ်ပြီး၊ငါးခုစီကော်ကပ်ပြီး၊ဘောက်စ်ရဲ့မျက်နှာပြင်ပေါ်ပုံအတိုင်းကပ်လိုက်ပါတယ်။ထိုပြုလုပ်နည်းအတိုင်းပန်းပွင့်များဖြတ်၍အလယ်မှခေါက်ချိုးပြီးတစ်ခုနဲ့တစ်ခုကော်ကပ်၍ထပ်မံဘောက်စ်ပေါ်ကော်ကပ်၍အလှဆင်ပါတယ်။အဖုံးပေါ်မှာလည်းအလှဆင်လိုက်ပါတယ်။

Written by @asterkame
MSC-008
By my photos & made by me

Sort:  

သင်ဦးမှပါ

ဟုတ်ကဲ့ပါ.....သင်ပါ....👍👍

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Thank you

Posted using Partiko Android

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 68147.96
ETH 3273.79
USDT 1.00
SBD 2.66