Origami Pencil Box

in #myanmar6 years ago

Origami Pencil Box

img1536160903957.jpg

ဒီတစ်​ခါမှာ​တော့လည်းစက္ကူ​ခေါက်​ပြီး၊စက္ကူ​ခေါက်​တစ်​ခုနှင့်​တစ်​ခုဆက်​ကာခဲတံ၊​ဘောလ်​ပင်​၊​ပေတံစာ​ရေးကိရိယာစသည့်​အတိုအထွာများထည့်​လို့ရ​အောင်​paper pencil holderတစ်​ခုပြုလုပ်​လိုက်​ပါတယ်​။အ​ရောင်​နှစ်​မျိုးဖြင့်​စက္ကူ​ခေါက်​​ခြောက်​ခုလိုအပ်​မှာဖြစ်​ပြီး၊အရွယ်​အစားက​တော့တစ်​မျိုးနှစ်​ခုစီ​ခေါက်​ရမှာပါ။လိုအပ်​တဲ့ပစ္စည်း​တွေက​ရောင်​စုံစက္ကူ၊ကတ်​​ကြေး၊​ကော်​ဘူး၊​ပေတံ၊ခဲတံစသဖြင့်​လိုအပ်​ပါတယ်​။

img1536160805523.jpg

ပထမဆုံးစက္ကူ​ခေါက်​ပါ့မယ်​။စာရွက်​ကိုအလျား၊အနံတူညီစွာဖြတ်​မယ်​။ပြီး​တော့အလယ်​မှ​ခေါက်​ချိုးပြီး၊ထိုအလယ်​မျဉ်းအထိတစ်​ဘက်​စီမှစာရွက်​ကို​ခေါက်​မယ်​။ပြီး​တော့စာရွက်​​ခေါက်​ကိုပြန်​ဖြန့်​ကာ၊​ထောင့်​​လေး​ထောင့်​ကိုပုံမှာမြင်​ရတဲ့အတိုင်း​ခေါက်​မယ်​။ပြီး​နောက်​အလယ်​မျဉ်းသို့ပြန်​​ခေါက်​မယ်​။ဆက်​လက်​ပြီးအလယ်​မှ​ထပ်​မံ​ခေါက်​ပါ့မယ်​။ရရှိလာတဲ့အလယ်​မျဉ်းအထိစက္ကူ​ခေါက်​ကိုတစ်​ဘက်​စီ​ခေါက်​ဦးမယ်​။ဒါဆိုရင်​တူညီအပိုင်း​လေးပိုင်းရပါ့မယ်​။

IMG_20180826_120328.jpg

IMG_20180826_120416.jpg

IMG_20180826_120624.jpg

IMG_20180826_120645.jpg

အ​ရောင်​ကိုနှစ်​မျိုးစပ်​ချင်​တာ​ကြောင့်​စက္ကူ​ခေါက်​ရဲ့အ​ပေါ်ဆုံးအကွက်​ကိုတိုင်း​၍အ၀ါ​ရောင်​စာရွက်​ဖြတ်​ပြီး၊ထည့်​လိုက်​ပါတယ်​။ပြီး​နောက်​ပုံပါအတိုင်း​ခေါက်​ချိုးလိုက်​ပါတယ်​။ဒီနည်းအတိုင်းအ​ရောင်​​ကွဲပြားပြီး၊စက္ကူ​ခေါက်​​ခြောက်​ခုပြုလုပ်​လိုက်​ပါတယ်​။

IMG_20180826_120915.jpg

IMG_20180905_214347.jpg

ဒါက​တော့အနီနှင့်​အ၀ါအ​ရောင်​နှစ်​မျိုးနှင့်​​ခေါက်​ဖြစ်​တာပါ။

IMG_20180905_214430.jpg

ဆက်​ပြီးလိ​မ္မော်​နှင့်​အစိမ်း​ရောင်​နှစ်​မျိုးနှင့်​​ခေါက်​လိုက်​တယ်​။

IMG_20180905_214401.jpg

ပြီး​တော့အစိမ်းနှင့်​အနီနှစ်​ခုဆက်​​ခေါက်​ဖြစ်​တယ်​။

IMG_20180905_214415.jpg

အ၀ါ​ရောင်​ကတ်​ထူတစ်​ခုဆက်​ပြီးပြုလုပ်​ပါတယ်​။ကတ်​ထူကိုပုံပါအတိုင်းဖြတ်​ပြီး၊အ၀ါ​ရောင်​စာရွက်​သုံး၍​ကော်​ကပ်​လိုက်​ပါတယ်​။

IMG_20180826_123555.jpg

Origami Pencil Box

img1536160707179.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

တော်​တယ်​​နော်​ ငါ​တော့ တပတ်​တခါ စိတ်​ကူး ဖို့​တောင်​မလွယ်

ဒီလိုပါဘဲ...ကိုယ်​၀ါသနာပါရာ​ပေါ့😁....​ကျေးဇူးပါ...

စာကြည့်စားပွဲပေါ် ခဲတံ ဘောပင် ထည့်ဖို့လားနော်

ဟုတ်​ပါတယ်​...စာ​ရေးကိရိယာအတိုအထွာများထည့်​ရ​အောင်​ပါ....

လိုချင်လက်ထာမမရယ်

လိုချင်​ရင်​​ပေးပါ့မယ်​...

Very nice my friend.Good work.

Thank you so much

လှလိုက်တာ
လိုချင်စရာလေး

လိုချင်​ရင်​လက်​​ဆောင်​​ပေးမယ်​​လေ...

ပစ္စည်းလေးတွေ တွေ့လိုက်တာနဲ့ အမြင်ဆန်းသစ်နေအောင် ပုံဖော်ပေးနိုင်တာကိုလေးစားပါတယ်ခင်ဗျာ။မြင်လိုက်တာနဲ့ လှပပြီး လိုချင်စရာလေးဖြစ်နေတာပါအစ်မ။

ခုလိုအား​ပေးလို့​ကျေးဇူးပါ.. ...အမြင်​ဆန်းသစ်​​စေဖို့ဆက်​ပြီးကြိုးစားပါ့မယ်​...

လှတယ်​ဗျာ လက်​ရာ​လေး​တွေ ​ကောင်းတယ်​😊

အား​ပေးလို့​ကျေး​ဇူး​နော့....

pencil ,pen ,ruler, eraser ကြိုက်တာထည့်လို့ ရတယ်နော် Good တယ်ဗျ

ဟုတ်​ပါတယ်​...စာ​ရေးကိရိယာများသင့်​​တော်​သလိုထည့်​နိုင်​ပါတယ်​...

အမျိုးမျိုး မရိုးနိုင်အောင်ပ

ဟုတ်​ကဲ့...အား​ပေးတဲ့အတွက်​​ကျေးဇူးပါ....

တော်လိုက်တာ

ဟုတ်​ကဲ့...​ကျေးဇူးပါ...ဆက်​ကြိုးစားပါ့မယ်

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63348.66
ETH 2668.99
USDT 1.00
SBD 2.78