How to Make Two Colors Pencil Holder

in #myanmar6 years ago

Two Colors Pencil Holder
img1522418392721-01.jpeg

ဒီတစ်​ခါမှာ​တော့အ​ရောင်​နှစ်​မျိုးနှင့်​pencil holderပြုလုပ်​ဖြစ်​ပါတယ်​။အပြာ​ရောင်​နှင့်​အ၀ါ​ရောင်​ပါ။paper rollsလိုအပ်​ပါတယ်​။အပြာ​ရောင်​စာရွက်​ကိုယူပြီးpaper rollသုံးခုမှာဖုံးအုပ်​ပြီး​ကော်​ကပ်​ရမှာပါ။ကော်​မကပ်​မီpaper rollများကိုအ​ပေါ်ဘက်​မှာတစ်​​စောင်းအ​နေအထားပုံစံ​ပေါ်​အောင်​ဖြတ်​ပြီးမှအပြာ​ရောင်​စာရွက်​ဖုံးအုပ်​ကာ​ကော်​ကပ်​မှာပါ။ပြီး​တော့ကတ်​ထူစာရွက်​ကိုစက်​၀ိုင်းပုံဖြတ်​ပါ့မယ်​။စက်​၀ိုင်းပုံကတ်​ထူကို​တော့အ၀ါ​ရောင်​စာရွက်​နှင့်​တစ်​ခုလုံးဖုံးပြီး​ကော်​ကပ်​မှာပါ။ပြီး​နောက်​မှာ​တော့အ၀ါ​ရောင်​ကတ်​ထူစက္ကူ​ပေါ်အပြာ​ရောင်​paper rollသုံးခုတင်​ပြီး၊ပုံမှာမြင်​​တွေ့ရတဲ့အ​နေအထားအတိုင်းဆက်​ပြီး​ကော်​ကပ်​လိုက်​မယ်​။
IMG_20180118_195023.jpg

IMG_20180126_105436.jpg

ဒီအဆင့်​မှာ​တော့ပန်းပွင့်​ပုံပြုလုပ်​ချင်​ပါတယ်​။quilling paper flowerပြုလုပ်​ပါ့မယ်​။အ၀ါနှင့်​အပြာနှစ်​မျိုးစပ်​ပြုလုပ်​မှာပါ။အ​ရောင်​နှစ်​မျိုးကိုစက္ကူအပိုင်းငယ်​များပထမဆုံးဖြတ်​ပါ့မယ်​။ပြီး​တော့မှစက္ကူ​ခွေ​လေး​တွေ​ခေါက်​မှာပါ။စက္ကူ​ခွေများကိုရှည်​​မျော​မျောပုံစံဖြစ်​​အောင်​ပုံ​ဖော်​မှာပါ။ပန်းပွင့်​တစ်​ပွင့်​မှာဆိုရင်​ပွင့်​ဖတ်​ငါးခုပါပါတယ်​။ပွင့်​ဖတ်​တစ်​ခုစီမှာအ​ရောင်​နှစ်​မျိုး​ရောစပ်​ထားပါတယ်​။ပွင့်​ဖတ်​တစ်​ခုဖြစ်​​ရန်​အတွက်​ခုနက​ခေါက်​ထားတဲ့ရှည်​​မျော​မျောအ၀ါ​ရောင်​စက္ကူ​ခေါက်​နှစ်​ခုအလယ်​မှာအပြာ​ရောင်​စက္ကူ​ခေါက်​ကိုထားပြီး၊​ကော်​ကပ်​မှာပါ။ပြီး​တော့မှအပြင်​ဘက်​ကိုအပြာ​ရောင်​စက္ကူအပိုင်းစနှင့်​တပတ်​လည်​လုံးအနားကွပ်​ပြီး​ကော်​ကပ်​လိုက်​မယ်​။ဒီလိုပွင့်​ဖတ်​မျိုးပန်းသုံးပွင့်​ပြုလုပ်​ထားတာဆို​တော့တစ်​ဆယ့်​ငါးခု​ခေါက်​ရမှာပါ။ပန်းတစ်​ပွင့်​မှာငါးခုစီပူးတွဲ​ကော်​ကပ်​မှာပါ။ပန်းပွင့်​ပြုလုပ်​နည်းကိုပုံများနှင့်​ပြထားပါတယ်​။
IMG_20180118_141333.jpg

IMG_20180118_141518.jpg

IMG_20180118_143941.jpg

IMG_20180120_082111.jpg

ဒီအဆင့်​က​တော့အ၀ါ​ရောင်​စာရွက်​တစ်​ခုတည်းကိုဘဲအပိုင်းပိုင်းဖြတ်​မှာပါ။ပြီး​တော့စက္ကူ​ကိုအ​ခွေပုံစံဖြစ်​​အောင်​​ခေါက်​လိုက်​မှာပါ။ထို့​နောက်​ပုံမှာ​တွေ့ရတဲ့အတိုင်းပုံစံ​ဖော်​လိုက်​မှာပါ။ဒီလိုနည်းအတိုင်းအ၀ါ​ရောင်​စက္ကူ​ခေါက်​အများကြီးပြုလုပ်​မှာပါ။ပန်းပွင့်​များ၊အ၀ါ​ရောင်​စက္ကူ​ခေါက်​​တွေရပြီးဆိုရင်​​တော့ခုနကပြုလုပ်​ထားတဲ့paper roll​ပေါ်မှာအလှဆင်​ပါ့မယ်​။ပုံများနှင့်​ပြထားပါတယ်​။

img1522418328087.jpg
ဒီလိုပုံစံမျိုးအလှဆင်​ပြီးပန်းပွင့်​နှင့်​အ၀ါ​ရောင်​စက္ကူ​ခေါက်​များကို​ကော်​ကပ်​လိုက်​ပါ့မယ်​........

img1522418392721.jpg

Thank you
Written by @asterkame
MSC-008
By my photos & made by me

Sort:  

ခွက်ကလေးတွေကချစ်စရာလေးအမ
အားပေးသွားတယ်နော်

အိုခီ....thanks par

ပန်းကလေးတွေလုပ်ထားတာ ပိုကြိုက်ပါတယ် အစ်မ
ဘူးကလေးတွေက ပန်းကလေးနဲ့ ပိုလှသွားတယ်နော် အစ်မ

ဟုတယ်​....ပန်းပွင့်​နှင့်​အလှဆင်​လိုက်​မှပိုလှသွားတာ...

မှန်တင်ခုံပေါ် တင်ထားချင်မိတယ် ယွန်းရယ် အရမ်းလှတာပဲ😁

လှတယ်​ဆိုလို့​ပျော်​တာ​ပေါ့...@kyi...​နောက်​လည်းလှလှ​လေး​တွေလုပ်​ဦးမယ်​....ဆက်​အား​ပေးပါ​နော့😍😍

တော်​​တော်​လှပြီး အသုံးဝင်​တယ်​ မမ​ရေ။

အား​ပေးလို့​ကျေးဇူးပါ...​နောက်​လည်းအား​ပေးပါဦး....

အရမ်းလှ မမ

အား​ပေးလို့...thank u😊

ပညာသားပါပါတယ်နောက်ထပ်လည်းမျော်လင့်နေပါတယ်

ဟုတ်​ကဲ့...ဆက်​ပြီးပြုလုပ်​ပါ့မယ်​...

လှ ထာဟယ်​ နင်​တအားစိတ်​​ရှည်​တယ်​​နော်
စိတ်​ကူးလဲ​ကောင်းတယ်

ဟုဟု...အား​ပေးလို့​ကျေးဇူးပါ...

Pencil holder လေးလည်း လှတာဘဲ ..

ဟုတ်​ကဲ့...အား​ပေးလို့​ပျော်​လိုက်​တာ....​နောက်​လည်းလှလှ​လေး​တွေပြုလုပ်​ပါ့မယ်​...😊😊

မကုန်နိင်သောပညာလေးနဲ့တင်ပြသွားတာ ကြိုက်ပါတယ်

ဟု...ဆက်​ပြီးလှတာ​လေး​တွေပြုလုပ်​ပါဦးမယ်

လှပါတယ်​ဗျာ

အိုခီ....​ကျေးဇူးပါ...

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.029
BTC 57360.07
ETH 3004.82
USDT 1.00
SBD 2.26