How to Make Pencil Holder & Photo Stand

in #myanmar6 years ago

Pencil Holder & Photo Stand

img1537194766280.jpg

ဒီတစ်​ခါမှာ​တော့ပုံ​လေး​တွေလည်းထည့်​လို့ရ​အောင်​၊ခဲတံ၊​ဘောလ်​ပင်​၊စာ​ရေးကိရိယာများလည်းထည့်​နိုင်​​အောင်​စက္ကူ​ခေါက်​ရင်းပုံစံနှစ်​မျိုးပြုလုပ်​လိုက်​ပါတယ်​။လိုအပ်​တဲ့ပစ္စည်း​တွေကကတ်​ထူ၊​ရောင်​စုံစာရွက်​၊ကတ်​​ကြေး၊​ကော်​ဘူး၊ခဲတံ၊​ပေတံစသဖြင့်​လိုအပ်​ပါတယ်​။ပြုလုပ်​ရမည့့်​အဆင့်​​တွေကpencil holderဖြစ်​ရန်​ကတ်​ထူ​ခေါက်​ပြီးတစ်​ခုနှင့်​တစ်​ခုဆက်​ရမယ်​။ပုံများထည့်​ရန်​​ဘောင်​အတွက်​စက္ကူ​ခေါက်​ရင်း​ကော်​ကပ်​ပြုလုပ်​ရမှာပါ။

img1537195073704.jpg

Pencil Holderပြုလုပ်​ရန်​ကတ်​ထူကိုပုံပါအတိုင်းဖြတ်​လိုက်​ပါတယ်​။အရွယ်​တူကတ်​ထူ​လေးခုဖြတ်​ကာ၊အ​ရောင်​ကို​တော့နှစ်​မျိုးပြုလုပ်​ပါတယ်​။ပန်း​ရောင်​နှင့်​အစိမ်း​ရောင်​ပါ။အ​ရောင်​တစ်​မျိုးကိုနှစ်​ခုစီဖြတ်​ပြီး၊အ​ရောင်​တစ်​ခုစီခြား၍​ကော်​ကပ်​လိုက်​တယ်​။ရရှိတဲ့စက္ကူ​ခေါက်​အလျားကိုတိုင်း၍​လေး​ထောင့်​ပုံစံကတ်​ထူကိုပြုလုပ်​ပြီး၊pencil holderဖြစ်​ရန်​​ကော်​ကပ်​လိုက်​ပါတယ်​။

IMG_20180915_114643.jpg

IMG_20180915_115258.jpg

IMG_20180915_115517.jpg

Photo Frameဆက်​ပြီးပြုလုပ်​ပါဦးမယ်​။၎င်းကိုလည်းအ​ရောင်​နှစ်​မျိုးပြုလုပ်​ချင်​တာ​ကြောင့်​အစိမ်း​ရောင်​နှင့်​ပန်း​ရောင်​စာရွက်​ကိုအလျား၊အနံတူညီစွာဖြတ်​ပြီး၊ပထမဆုံး​ကော်​ကပ်​လိုက်​ပါတယ်​။အလယ်​မှ​ခေါက်​ချိုးပြီး၊အလယ်​မျဉ်းအထိတစ်​ဘက်​စီမှ​ခေါက်​ပါတယ်​။ထောင့်​ဖြတ်​အတိုင်း​ခေါက်​ချိုးပြီးပုံပါအတိုင်းနှစ်​ဘက်​စလုံး​ခေါက်​လိုက်​တယ်​။ထို့​နောက်​​လေး​ထောင့်​ပုံစံ​ခေါက်​လိုက်​တယ်​။ထောင့်​​လေး​ထောင့်​အနက်​နှစ်​​ထောင့်​ကိုတစ်​၀က်​ခန့်​​ခေါက်​ပြီးအတွင်းသို့​ခေါက်​လိုက်​တယ်​။အတွင်းဘက်​​ထောင့်​စွန်း​တွေကိုအပြင်​သို့​ခေါက်​ပြီးအ​ပေါ်ဘက်​နှစ်​​ထောင့်​ကိုဆက်​လက်​​ခေါက်​ပါ့မယ်​။

IMG_20180915_154540.jpg

IMG_20180915_154316.jpg

IMG_20180915_154805.jpg

IMG_20180915_155206.jpg

IMG_20180915_155410.jpg

ပြီး​တော့အ​ပေါ်ဘက်​​ထောင်​နှစ်​​ထောင့်​ကိုပုံပါအတိုင်းအဆင့်​ဆင့်​​ခေါက်​လိုက်​ပါတယ်​။အခြားကတ်​ထူတစ်​ခုကိုလည်းပြုလုပ်​လိုက်​ပါတယ်​။pencil holderနှင့်​photo standကိုထား၍​ကော်​ကပ်​ရန်​ပါ။

IMG_20180915_155458.jpg

IMG_20180915_155508.jpg

IMG_20180915_155531.jpg

IMG_20180915_155837.jpg

IMG_20180915_160317.jpg

Photo frameထားရန်​ကတ်​ထူကိုသုံး​ခေါက်​ချိုးပြီး​ကော်​ကပ်​လိုက်​ပါတယ်​။

IMG_20180916_103225.jpg

img1537194940408.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

အမျိုးမျိုးလုပ်တတ်ပါပေသည်

ဟုတ်​ကဲ့...ဆက်​ကြိုးစားပါ့မယ်​.. ..

လက်မှုပညာတော်ပါပေသည်

ဟုတ်​ကဲ့...ဆက်​ကြိုးစားပါ့မယ်​.....​ကျေးဇူးပါ....

ဘောပင်ထည့်တဲ့ခွက်လေး အရမ်းအသုံးဝင်တာဘဲ ညီမရေ ဓာတ်ပုံထည့်တာလေးကော လုပ်ကြည့်အုံးမယ်

ဟုတ်​ကဲ့....လုပ်​ကြည့်​ပါ....စိတ်​၀င်​စားတယ်​ဆိုလို့ဝမ်းသာပါတယ်​....

အမလေးဗျာ ခေါက်ရတဲ့အဆင့်တွေဒီလောက်များတော့ လုပ်နိုင်ပါဘူးလေ ☺

ဟုတ်​တယ်​...​ခေါက်​ရတာနည်းနည်းများတယ်​....😊

လက်‌ရာ‌တွေက ‌သေသပ်‌လှပါ့ပါတယ်‌။

ဟုတ်​ကဲ့...​ကျေးဇူးပါ....ဆက်​ကြိုးစားပါ့မယ်

စိတ်ဝင်စားစရာပါဘဲဗျာ

ဟုတ်​ကဲ့...​ကျေးဇူးပါ.....

ဒါ့ပုံလေးထည့် ပီးတော့ ဘေးက ဘူးလေးထဲ ဘောပင်ထည့် ပီးတော့ စားပွဲပေါ်တင်ထား အိုခီဖဲ😁

ဟုတ်​တယ်​...ခဲတံ​တွေ​ရောပုံ​တွေပါထည့်​နိုင်​တယ်​...နစ်​မျိုးသုံးလို့ရတယ်​...

အဲ့ စက္ကူရောင်စုံလေးတွေက ဘယ်လိုဝယ်ရလဲဗျ

ဒီမှာ​တော့စာ​ရေးကိရိယာအ​ရောင်းဆိုင်​မှာဝယ်​တာ....အ​ရောင်​​ရွေးပြီးလိုအပ်​သလိုဝယ်​လို့ရပါတယ်​....

ဒါ မျိုးပညာက မိန်​က​လေး​တွေကို
ယောင်္ကျား​လေး​တွေကဘယ်​လိုလိုက်​မမှီဘူး

ဟုတ်​တယ်​....မိန်းက​လေး​တွေကအလှအပဆိုသ​ဘောကျတာ​လေ...😁😁

ဖိုတိုစတန်းလေးတွေ လှတယ်

ဟုတ်​ကဲ့...​ကျေးဇူးပါ....

Coin Marketplace

STEEM 0.17
TRX 0.14
JST 0.028
BTC 58083.18
ETH 2578.52
USDT 1.00
SBD 2.42