How to Make Pencil Box

in #myanmar4 years ago

ဒီတစ်ခုကတော့ခဲတံ၊ဘောလ်ပင်တွေထည့်လို့ရတဲ့အဖုံးပါတဲ့pencil boxတစ်ခုပါ။ဘိုးပွင့်၊ကြယ်ပွင့်လေးတွေခေါက်၍အလှဆင်ထားပြီးလိုအပ်တာတွေကစာရွက်၊ခဲတံ၊ပေတံ၊ကတ်ကြေး၊ကော်ဘူးစသဖြင့်လိုအပ်ပါတယ်။

ပထမအဆင့်မှာစာရွက်ကိုအလျားအနံတူညီစွာဖြတ်ပြီး၊အညီအမျှသုံးပိုင်းခေါက်ပါတယ်။ဒီသုံးပိုင်းကိုတစ်ပိုင်းစီကိုတစ်ဝက်စီခေါက်ပါတယ်။ပြီးနောက်ထောင့်စွန်းကိုပုံအတိုင်းခေါက်ပြီး၊ခုနကခေါက်ထားတဲ့ကော်လံတစ်ခုစီကိုပုံအတိုင်းအဆင့်ဆင့်အဆုံးထိခေါက်ပြီးခေါက်ချိုးမျဥ်းယူလိုက်ပါတယ်။ပြီးနောက်ဘေးဘက်ကိုကော်လံတစ်ခုစာခေါက်မယ်။အပေါ်ဘက်ကိုတစ်လက်မခေါက်မယ်။ကျန်တစ်ဘက်ကို1cmခေါက်၍၊ခေါက်ချိုးမျဥ်းအတိုင်းလေးထောင့်ပုံစံရအောင်ခေါက်၍အဆုံးမှာကော်ကပ်ပါတယ်။တစ်လက်မခေါက်ထားတဲ့တစ်ဘက်မှာခေါက်ချိုးမျဥ်းအတိုင်းပုံအတိုင်းခေါက်လိုက်တယ်။boxရဲ့မျက်နှာတစ်ခုစီမှာအခြားစာရွက်အပိုင်းငယ်နှစ်ခုစီကော်ကပ်ထားလိုက်ပါတယ်။ပြီးနောက်အစိမ်းရောင်စာရွက်ဖြင့်တစ်ဘက်မှာထပ်မံပိတ်လိုက်ပါတယ်။ဘူးအဖုံးပြုလုပ်ရန်ဘူးရဲ့အရွယ်အတိုင်းမျဥ်းဆွဲ၍ဘေးဘက်လေးမျက်နာကိုအနည်းငယ်ပို၍ဘောင်ခတ်လိုက်ပါတယ်။ဆွဲထားတဲ့မျဥ်းအတိုင်းခေါက်လိုက်ပြီး၊အပြင်ဘက်ဘောင်မှာလိုအပ်သလိုဖြတ်ပြီး၊ကော်ကပ်၍အဖုံးပြုလုပ်လိုက်ပါတယ်။

ဒီအဆင့်မှာတော့ဘိုးပွင့်ပြုလုပ်မှာပါ။အနီရောင်စာရွက်ကိုစက်ဝိုင်းပုံဖြတ်၍တွန့်ခေါက်ပြီးအလယ်မှအခြားအနီရောင်စာရွက်ဖြင့်ချည်လိုက်ပါတယ်။ဆက်လက်ပြီးကြယ်ပွင့်များခေါက်ပါတယ်။ကြယ်ခေါက်တဲ့စာရွက်အပိုင်းဖြင့်ပုံအတိုင်းအဆင့်ဆင့်ခေါက်လိုက်ပြီးကြယ်ပွင့်များကိုအနီရောင်ဘိုးပွင့်များနဲ့အတူကော်ကပ်ပြီးboxမှာအလှဆင
်ပါတယ်။

Written by @asterkame
MSC-008
By my photos & made by me

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Thank you

Posted using Partiko Android

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.029
BTC 57886.34
ETH 3104.72
USDT 1.00
SBD 2.54