How to Make Pencil Box

in #myanmar4 years ago

ဒီတစ်ခုကတော့pencil boxပါ။စက်ဘီးပုံစံလိုဘီးသုံးဘီးနဲ့ဘောက်စ်တစ်ခု၊ရှေ့ဘက်မှာပန်းခြင်းတစ်ခုဖြင့်ပုံဖော်ထားပါတယ်။ပြုလုပ်နည်းကိုပုံစာတို့ဖြင့်ဖော်ပြထားပါတယ်။လိုအပ်တဲ့ပစ္စည်းတွေကကတ်ထူ၊စာရွက်၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံလိုအပ်ပါတယ်။အဆင့်၁မှာအရွယ်တူဘီးသုံးဘီးကိုကတ်ထူဖြင့်ပုံအတိုင်းဖြတ်လိုက်ပါတယ်။အဝါရောင်စာရွက်ဖြင့်ကော်ကပ်ပြီးအနားတွေမှာအပြာရောင်လေးတွေအနားကွပ်လိုက်ပါတယ်။ပြီးနောက်ဘူးခွံတစ်ခုရှာပြီးလိုအပ်သလိုဖြတ်၍လိမ္မော်ရောင်စာရွက်ကော်ကပ်ပါတယ်။ဘူးခွံရဲ့ထောင့်လေးခုကိုကတ်ကြေးဖြင့်ဖြတ်ပြီးပုံအတိုင်းခေါက်လိုက်ပါတယ်။ထို့နောက်ဘီးနှစ်ခုနှင့်ဆက်၍ကော်ကပ်ပါတယ်။

ဒီအဆင့်မှာအစိမ်းရောင်စာရွက်နဲ့ကတ်ထူကိုကော်ကပ်၍အပိုင်းငယ်ပြုလုပ်ပြီးအလယ်မှခေါက်၍အနားနှစ်ခုကိုအနည်းငယ်ခေါက်ပြီးလိမ္မော်ရောင်ဘောက်စ်မှာကလစ်ဖြင့်ညပ်လိုက်ပါတယ်။ကျန်ဘီးတစ်ခုကိုလည်းအစိမ်းရောင်ကတ်ထူအပိုင်းဖြင့်ဆက်ထားလိုက်တယ်။ပြီးနောက်ဘောက်စ်နဲ့ပုံအတိုင်းဆက်လိုက်ပါတယ်။လက်ကိုင်တစ်ခုလည်းပြုလုပ်ချင်လို့အစိမ်းရောင်စာရွက်အပိုင်းကိုပုံအတိုင်းခေါက်ပြီးရှေ့ဘီးရဲ့ကတ်ထူမှာဆက်၍ကလစ်ညပ်လိုက်ပါတယ်။

ဒီတစ်ခုကိုလည်းရှေ့ဘက်မှာထားဖို့ခြင်းတစ်ခုပြုလုပ်မှာပါ။ကတ်ထူနဲ့လိမ္မော်ရောင်စာရွက်ကိုစက်ဝိုင်းပုံဖြတ်ပြီးအလယ်မှာစက်ဝိုင်းပုံအသေးထပ်မံဆွဲပြီး၊ထိုအထိအပိုင်းငယ်များဖြတ်ရန်ဆွဲလိုက်ပါတယ်။ပြီးနောက်အပိုင်းငယ်များဖြတ်၍ခေါက်ပြီးကလစ်ဖြင့်ညပ်ကာခြင်းပုံစံတစ်ခုပြုလုပ်လိုက်ပါတယ်။အရွယ်တူပန်းပွင့်များဖြတ်ပြီးကော်ကပ်လိုက်ပါတယ်။ခြင်းကိုလည်းရှေ့ဘီးပေါ်တင်၍ကော်ကပ်လိုက်ပါတယ်။

Written by @asterkame
MSC-008
By my photos & made by me

Sort:  

သားသားလေးအတွက် ပို့ပေးပါ

ပို့ပေးပါ့မယ်....👍

Posted using Partiko Android

လုပ်ထားတာလေး လှလိုက်တာ

ကျေးဇူးနော့....နောက်လည်းလှတာလေးတွေလုပ်ဦးမှာပါ....

Posted using Partiko Android

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.029
BTC 57886.34
ETH 3104.72
USDT 1.00
SBD 2.54