How to Make Paper Wall Hanging

in #myanmar6 years ago

Paper Wall Hanging

img1534660821119.jpg

ဒီတစ်​ခါမှာ​တော့နံရံမှာအလှဆင်​လို့ရတဲ့စက္ကူနှင့်​ပြုလုပ်​ထားတဲ့paper wall hangingတစ်​ခုပါ။ပန်းပွင့်​ပြုလုပ်​နည်းပုံစံတစ်​မျိုးတည်းနှင့်​paper stickကိုကတ်​ထူ​ပေါ်ပုံစံချပြီး၊ဒီအ​ပေါ်တွင်​မှပန်းပွင့်​​တွေ​ကော်​ကပ်​အလှဆင်​ထားတာပါ။ပြုလုပ်​ရမည့်​အဆင့်​​တွေကအဖြူ​ရောင်​စာရွက်​ဖြင့်​paper stickပြုလုပ်​မယ်​။ကတ်​ထူတစ်​ခုဖြတ်​ရမယ်​။ပြီး​တော့ပန်းပွင့်​များပြုလုပ်​ရမှာပါ။လိုအပ်​တဲ့ပစ္စည်း​တွေကကတ်​ထူ၊​ရောင်​စုံစာရွက်​၊ကတ်​​ကြေး၊​ကော်​ဘူး၊double tapeတို့လိုအပ်​ပါတယ်​။

img1534660481299.jpg

ပထမအဆင့်​အ​နေဖြင့်​အဖြူ​ရောင်​စာရွက်​ကိုအလိပ်​များပြုလုပ်​ပါ့မယ်​။ပြီး​နောက်​ကတ်​ထူတစ်​ရွက်​ကိုပုံမှာမြင်​ရတဲ့အတိုင်းဖြတ်​လိုက်​မယ်​။ကတ်​ထူ​ပေါ်မှာအဖြူ​ရောင်​စက္ကူအလိပ်​​တွေကို​နေရာချရမှာပါ။အလျားကို​တော့အတိုင်းအတာနှစ်​မျိုးနှင့်​​လေးခုစီဖြတ်​ရမှာပါ။ပြီး​တော့ကတ်​ထူ​ပေါ်​နေရာချ​ကော်​ကပ်​လိုက်​မှာပါ။ထို့​နောက်​ဒီအ​ပေါ်မှာပန်းပွင့်​များအလှဆင်​ရန်​ပန်းပွင့်​များပြုလုပ်​ပါဦးမယ်​။

IMG_20180817_223652.jpg

ပန်းပွင့်​ပြုလုပ်​ရန်​အနီ၊လိ​မ္မော်​၊အစိမ်း​ရောင်​ကို​ရွေးလိုက်​ပါတယ်​။ပြီး​နောက်​မိမိလိုချင်​တဲ့အလျားတိုင်း၍ဖြတ်​ရပါ့မယ်​။အလျား၊အနံတူညီရမှာပါ။ပန်းတစ်​ပွင့်​မှာဆိုရင်​ပန်းပွင့်​ပုံစံနှစ်​ခုစီတွဲ၍​ကော်​ကပ်​တာပါ။ပထမအဆင့်​မှာ​ထောင့်​ဖြတ်​အတိုင်းစာရွက်​ကို​ခေါက်​ချိုးပါ့မယ်​။နောက်​တစ်​ဆင့်​ထပ်​မံ​ခေါက်​ချိုးရပါ့မယ်​။ပြီး​နောက်​​ဘောလ်​ပင်​ဖြင့်​​ရေးဆွဲပြီး၊ကတ်​​ကြေးဖြင့်​ဖြတ်​ကာ၊စက္ကူ​ခေါက်​ကိုဖြန့်​လိုက်​ပါ့မယ်​။

IMG_20180817_173214.jpg

ဒီနည်းအတိုင်းကျန်​စာရွက်​များကိုဖြတ်​ကာ၊အနီနှင့်​အစိမ်း​ရောင်​၊လိ​မ္မော်​နှင့်​အစိမ်း​ရောင်​တွဲ၍​ကော်​ကပ်​ကာပန်းပွင့်​များပြုလုပ်​လိုက်​ပါတယ်​။ရရှိလာတဲ့ပန်းပွင့်​​တွေကိုခုနကပြုလုပ်​ထားတဲ့ကတ်​ထူ​ပေါ်​ကော်​ကပ်​ရမှာပါ။အနီ​ရောင်​ပန်းပွင့်​​လေး​တွေကို​တော့အလယ်​မှာ​ကော်​ကပ်​ပြီး၊လိ​မ္မော်​​ရောင်​ပန်းပွင့်​​တွေကို​တော့အဖြူ​ရောင်​လက်​တံ​တွေ​ပေါ်ပုံမှာမြင်​ရတဲ့အတိုင်းညီညာစွာ​ကော်​ကပ်​လိုက်​ပါတယ်​။ပြီး​နောက်​double tapeသုံးပြီး၊နံရံမှာအလှဆင်​နိုင်​ပါပြီ။

IMG_20180817_220452.jpg

img1534685686420.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

Handmade လေးတွေကြိုက်တယ် ကျနော်လည်း ငယ်ငယ် ကကောင်မလေးကို ငှက်ရုပ်တို့ကြယ်တို့ တခြား handmade လေးတွေလုပ်ပြီးလက်ဆောင်ပေးဖူးတယ် 😁

ကိုယ်​တိုင်​လုပ်​ပြီး​ပေး​တော့​ကောင်​မ​လေးသ​ဘောကျမှာပါ...👍

ငါ့ညီမ လဲ ပိုစ်​တခုရဘို့ မလွယ်​လ်ုက်​တာ​နော်

ဟုတ်​တယ်​..​၀ါသနာပါတာလုပ်​​နေရ​တော့စက္ကူဖြတ်​လိုက်​၊​ကော်​ကပ်​လိုက်​နဲ.​ပျော်​ပါတယ်​....😁

လုပ်ထားတာ ချစ်စရာလေး

အင်း...​ကျေးဇူးပါ
ဆက်​ကြိုးစားပါ့မယ်​ 😊

အနုပညာ လက်‌ရာေ မြာက်‌ပါ‌ပေတယ်‌။လှတယ်‌ညီမ။

လှတယ်​ဆိုလို့​ပျော်​ပါတယ်​...အား​ပေးလို့​ကျေးဇူးပါ.. ..

လုပ်ကြည့်ဦးမှပါ

အင်း...လုပ်​ကြည့်​ပါ...
အလှဆင်​လို့ရတယ်​...

ပျော်စရာကောင်းပါတယ်ဗျာ။ ကိုယ်တိုင်ဖန်တီးမှုလေးတွေနဲ့ပီတိဖြစ်ရပါတယ်။

ဆက်​ပြီးကြိုးစားပါ့မယ်​.. ...ခုလိုအား​ပေးမှုအတွက်​​ကျေးဇူး​နော့...

အား​ပေး​နေပါတယ်​ ☺ ☺

အိုခီ....​နောက်​လည်းလှတာ​တွေဆက်​ပြုလုပ်​ဦးမယ်​...😊

Steemhunt မှာ တင်ရင် hunt token တွေပါ ရမယ်နော
Paper အလှခေါက်နည်းကလည်း product တစ်ခုပဲဆိုတော့

ဟုတ်​လား...သွား​လေ့လာကြည့်​မယ်​...အကြံ​ကောင်းအတွက်​​ကျေးဇူးပါ.....👍

လှလိုက်တာ

ဟုတ်​ကဲ့...လှတယ်​ဆိုလို့​ကျေးဇူးပါ...

နံရံမှာ ကပ်ထားလို့ ရတယ် ပေါ့နော်အမ

ဟုတ်​ပါတယ်​...နံရံမှာအလှဆင်​ဖို့ပါ....

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.029
BTC 58269.58
ETH 3138.31
USDT 1.00
SBD 2.43