How to Make Paper Pop-up Card

in #myanmar4 years ago

ဒီတစ်ခါမှာတော့paper pop-up cardတစ်ခုပြုလုပ်ထားတာပါ။ပြုလုပ်နည်းအဆင့်ဆင့်ကိုပုံနှင့်စာဖြင့်ဖော်ပြထားပါတယ်။လိုအပ်တဲ့ပစ္စည်းများကကတ်ထူတစ်ရွက်၊ရောင်စုံစာရွက်၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံစသဖြင့်လိုအပ်ပါတယ်။

ပထမအဆင့်မှာတော့စာရွက်တစ်ခုပေါ်အရွယ်တူအသည်းပုံနှစ်ခုဆွဲပြီး၊ပုံအတိုင်းထပ်မံဆွဲလိုက်ပါတယ်။ပြီးနောက်အသည်းပုံကိုဆွဲထားတဲ့အတိုင်းဖြတ်ပြီး၊အသည်းပုံရဲ့အစွန်းနှစ်ခုကိုကော်ကပ်ဆက်လိုက်ပါတယ်။ပြီးနောက်ရောင်စုံစာရွက်ကော်ကပ်ထားတဲ့ကတ်ထူကိုခေါက်ချိုး၍အသည်းပုံရဲ့အလယ်မှာတစ်ဘက်စီကော်ဖြင့်ကတ်ထူရဲ့အလယ်မှာကပ်လိုက်ပါတယ်။ကဒ်ရဲ့အတွင်းနှင့်အပြင်ဘက်မှာအစိမ်းရောင်စာရွက်အပိုင်းငယ်များဖြတ်ပြီးပုံအတိုင်းကော်ကပ်လိုက်ပါတယ်။အနီရောင်အသည်းပုံလေးတွေဖြတ်ပြီးလည်းထပ်မံကော်ကပ်ထားပါတယ်။

ဒီအဆင့်မှာပန်းပွင့်ပြုလုပ်ထားပါတယ်။ပန်းပွင့်နှစ်ပွင့်ပြုလုပ်ရမှာဖြစ်ပြီး၊စာရွက်ကိုအလျားအနံတူညီအောင်ဖြတ်၍ပုံအတိုင်းအဆင့်ဆင့်ခေါက်ကာဖြတ်လိုက်တယ်။ပန်းပွင့်ပုံစံရလာရင်အနားတွေကိုပေတံသုံး၍ခေါက်လိုက်တယ်။နောက်တစ်ဆင့်မှာစာရွက်ကိုစက်ဝိုင်းပုံဖြတ်၍အနားတွေကိုအပိုင်းငယ်များဖြတ်ပြီး၊အတွင်းသို့ကွေး၍ခေါက်လိုက်တယ်။ပြီးနောက်ပန်းပွင့်ပုံစံပေါ်ကော်ကပ်ပါတယ်။ပန်းပွင့်နှစ်ပွင့်ကိုတော့အတွင်းနှင့်အပြင်ဘက်မှာအလှဆင်ကော်ကပ်ပါတယ်။

Written by @asterkame
MSC-008
By my photos & made by me

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Thank you

Posted using Partiko Android

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.028
BTC 57630.83
ETH 3105.65
USDT 1.00
SBD 2.33