How to Make Paper Pop-up Card

in #myanmar4 years ago

ဒီတစ်ခုကတော့paper pop-up cardပါ။ပြုလုပ်နည်းကိုပုံနှင့်စာဖြင့်ဖော်ပြထားပြီး၊လက်ဆောင်ပေးလို့ရပါတယ်။လိုအပ်တဲ့ပစ္စည်းတွေကကတ်ထူ၊ရောင်စုံစာရွက်၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံစသဖြင့်လိုအပ်ပါတယ်။

ပထမအဆင့်မှာတော့A4size အနီရောင်စာရွက်ကိုအလယ်မှတစ်ဝက်ခေါက်ပြီး၊ပုံပါအတိုင်းတိုင်း၍ဖြတ်ကာ၊စာရွက်ကိုအတွင်းသို့ခေါက်လိုက်တယ်။ထိုခေါက်ထားတဲ့နေရာပေါ်အပြာရောင်စာရွက်ကော်ကပ်လိုက်ပါတယ်။ပြီးနောက်အဝါရောင်စာရွက်နှစ်ခုကိုလည်းဖြတ်ပြီးကော်ကပ်လိုက်ပါတယ်။ထိုအနီရောင်စာရွက်ကိုအခြားကတ်ထူတစ်ခုပေါ်ထပ်မံကော်ကပ်ထားလိုက်တယ်။ဆက်လက်ပြီးပန်းပွင့်များပြုလုပ်ပါတယ်။စာရွက်ကိုအပိုင်းငယ်များဖြတ်လိုက်တယ်။ပြီးနောက်အနားနှစ်ခုကော်ကပ်ပြီး၊ထိုစက္ကူခေါက်ငယ်တွေကိုတစ်ခုနှင့်တစ်ခုကော်ကပ်ဆင့်ရင်းပန်းပွင့်ပုံများပြုလုပ်လိုက်ပါတယ်။ပန်းပွင့်လေးတွေကိုကဒ်ရဲ့အတွင်းဘက်မှာထားလိုက်ပါတယ်။ပြီးနောက်2,0,2,0စာလုံးများကိုပုံဖော်၍ဖြတ်ပြီး၊အခြားကတ်ထူငယ်တွေပေါ်ကော်ကပ်ပါတယ်။ပြီးနောက်ပန်းပွင့်များရဲ့ရှေ့မှာကော်ကပ်လိုက်ပါတယ်။

ဒီအဆင့်မှာကဒ်ရဲ့အရှေ့ဘက်အတွက်အသည်းပုံကတ်ထူတစ်ခုဖြတ်မယ်။ထိုအပေါ်အခြားစာရွက်အပိုင်းလေးတွေဖြတ်ပြီးကော်ကပ်လိုက်ပါတယ်။ပြီးနောက်အရောင်နှစ်မျိုးဖြင့်အသည်းပုံလေးတွေဖြတ်ရမယ်။အသည်းပုံနှစ်ခုကိုကော်ကပ်လိုက်ပါတယ်။ရှေ့ဘက်မှာတော့အနီရောင်စာရွက်တစ်ရွက်ကိုထပ်မံကပ်မယ်။ထိုအပေါ်အသည်းပုံကတ်ထူကိုကော်ကပ်မယ်။အသည်းပုံအသေးလေးတွေကိုတော့ကဒ်ရဲ့အတွင်းအပြင်ဘက်တွေမှာကော်ကပ်ထားလိုက်ပါတယ်။

Written by @asterkame
MSC-008
By my photos & made by me

Sort:  

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Thank you so much

Posted using Partiko Android

2020 ကိုကြိုဆိုတာပေါ့

ဟုတ်တယ်.... နှစ်သစ်ရောက်တော့မယ်လေ..😁

Posted using Partiko Android

Coin Marketplace

STEEM 0.29
TRX 0.11
JST 0.033
BTC 63458.69
ETH 3084.37
USDT 1.00
SBD 3.99