How to Make Paper Photo Frame

in #myanmar5 years ago

ဒီတစ်ခုကတော့ပုံလေးတွေကပ်လို့ရတဲ့photo frameတစ်ခုပြုလုပ်ထားပါတယ်။အရွက်တွေ၊ပန်းပွင့်တွေ၊စာရွက်ရောင်စုံများဖြင့်ပုံစံတစ်မျိုးလေးဖြစ်အောင်ပုံဖော်ထားပါတယ်။လိုအပ်တဲ့ပစ္စည်းတွေကကတ်ထူ၊ရောင်စုံစာရွက်၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံစသဖြင့်ပါ။

ပထမအဆင့်မှာကတ်ထူတစ်ရွက်ပေါ်စာရွက်ရောင်စုံအပိုင်းငယ်များဖြတ်၍ကော်ကပ်လိုက်ပါတယ်။ပြီးနောက်အလယ်မှာလေးထောင့်ပုံစံဖြတ်ပြီး၊ဘေးဘက်ဘောင်ကိုပုံအတိုင်းပုံဖော်၍ဖြတ်လိုက်ပါတယ်။ပြီးနောက်ကျောဘက်မှာထားရန်ကတ်ထူတစ်ရွက်ဖြတ်ပြီး၊ရောင်စုံစာရွက်ကော်ကပ်ထားလိုက်တယ်။ဆက်လက်ပြီးကတ်ထူနှစ်ခုကိုကော်ကပ်ပြီး၊အခြားစာရွက်များဖြင့်လေးထောင့်ပုံစံနေရာမှာဘောင်ကွပ်လိုက်ပါတယ်။ထို့နောက်အဖြူရောင်ကတ်ထူများဖြင့်ခြံပုံစံလိုမျိုးပုံဖော်လိုက်ပါတယ်။အဖြူရောင်ကတ်ထူကိုအပိုင်းငယ်များဖြတ်ကာပုံဖော်ကော်ကပ်ထားပါတယ်။

ဒီအဆင့်မှာပန်းပွင့်များပြုလုပ်ပါတယ်။လွယ်ကူတဲ့ပြုလုပ်နည်းဖြင့်ပြုလုပ်ထားပါတယ်။စာရွက်ကိုအလျားအနံတူညီစွာဖြတ်ပြီး၊ပုံအတိုင်းအဆင့်ဆင့်ခေါက်ကာ၊ပန်းပွင့်ပုံပေါ်အောင်ဖြတ်ပြီး၊အလယ်မှာအခြားစာရွက်အပိုင်းလေးကော်ကပ်လိုက်ပါတယ်။အရွက်များဖြတ်၍ဘောင်မှာကော်ကပ်ပြီး၊ပန်းပွင့်များထပ်မံကပ်၍အလှဆင်ထားပါတယ်။ဘောင်တင်ရန်အတွက်ကတ်ထူကိုခေါက်ချိုး၍တြိဂံပုံခေါက်ကော်ကပ်ပြီး၊ကျောဘက်မှာကော်ကပ်ပါတယ်။

Written by @asterkame
MSC-008
By my photos & made by me

Sort:  

ချစ်စရာလေး

ကျေးဇူးပါ.... ဆက်ကြိုးစားပါ့မယ်...

Posted using Partiko Android

ဖိုတိုဖရိမ်လေးတွေ အမျိုးစုံလှပါ့

ဟုတ်ကဲ့... ကျေးဇူးပါ

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.029
BTC 57886.34
ETH 3104.72
USDT 1.00
SBD 2.54