How to Make Paper Organizer for Notes

in #myanmar6 years ago

Paper Organizer for NoteIMG_20180320_090059.jpg

IMG_20180320_090121.jpg

ဒီ​နေ့ပြုလုပ်​တာက​တော့စာရွက်​​တွေကိုတွန့်​​ခေါက်​ပြီးအခန်းငယ်​​လေးများပြုလုပ်​ကာအတိုအထွာများထည့်​လို့ရ​အောင်​ပါ။ဒီတစ်​ခုအတွက်​လိုအပ်​တာ​တွေကအ၀ါ​ရောင်​စာရွက်​၊ပန်းစာရွက်​၊ခဲတံ၊​ပေတံ၊​ကော်​ဘူးစသဖြင့်​ပါ။ပထမဆုံးပြုလုပ်​မှာကA4sizeအ၀ါ​ရောင်​စာရွက်​​ပေါ်မှာအလျားလိုက်​အလယ်​မျဉ်းရ​အောင်​​ခေါက်​ချိုးမှာပါ။အလယ်​ထက်​၀က်​ပိုင်းမျဉ်းကိုဆွဲပြီး၊အ​ပေါ်အနား၊​အောက်​ဘက်​အနား၊အလယ်​မျဉ်းတို့​ပေါ်မှာ1.5cmစီမှတ်​လိုက်​မှာပါ။အလယ်​မျဉ်းကိုကတ်​​ကြေးဖြင့်​ဖြတ်​ပြီးအရွယ်​တူစာရွက်​နှစ်​ခုကိုပုံမှာပြထားတဲ့အတိုင်းတွန့်​ပြီးညီညာစွာ​ခေါက်​လိုက်​မှာပါ။

IMG_20180320_085458.jpg

IMG_20180320_085537.jpg

ဒီအဆင့်​မှာ​တော့ခုနကတွန့်​​ခေါက်​ထားတဲ့စာရွက်​​ခေါက်​မှာတစ်​ခုချင်းစီမှာအရွယ်​တူစာရွက်​​တွေကပ်​မှာပါ။ဒီလိုပြုလုပ်​ဖို့အတွက်​ပထမဆုံးအလျား၊အနံ10.3cmပတ်​လည်​အတိုင်းအတာနှင့်​စာရွက်​များဖြတ်​မှာပါ။ရရှိလာတဲ့စာရွက်​​တွေကိုခုနတွန့်​​ခေါက်​ထားတဲ့စက္ကူ​ခေါက်​​ပေါ်တစ်​ထပ်​ချင်းအနားများကိုညီညာ​အောင်​ထားပြီး​ကော်​ကပ်​မှာပါ။အကုန်​လုံး​ကော်​ကပ်​ပြီးတဲ့အခါမှာ​တော့အခန်း​တွေအများကြီးနှင့်​စက္ကူ​ခေါက်​တစ်​ခုရမှာပါ။ပြီး​တော့အပြာ​ရောင်​စာရွက်​​ပေါ်မှာ10.3cm,4.8cm,10.3cm,6cmအတိုင်းအတာများမှတ်​သားပြီး၊6cmအကွက်​​ပေါ်မှာအဖွင့်​အပိတ်​လုပ်​လို့ရ​အောင်​ပုံမှာပြထားတဲ့အတိုင်းပုံစံဆွဲမှာပါ။ပြီး​နောက်​ကတ်​​ကြေးဖြင့်​ဖြတ်​ထုတ်​ပြီး၊ပိုပြီးခိုင်​ခံ့ပုံစံကျ​အောင်​ကတ်​ထူတစ်​ခုနှင့်​​ကော်​ကပ်​လိုက်​မယ်​။ဒီအဆင့်​ထိပုံများနှင့်​ပြထားပါတယ်​။
IMG_20180320_085521.jpg

IMG_20180320_085558.jpg

IMG_20180320_085613.jpg

IMG_20180320_085636.jpg

IMG_20180313_114127.jpg

ပြီး​နောက်​ခုနကပြုလုပ်​ထားတဲ့အပြာ​ရောင်​ကတ်​ထူကိုမှတ်​သားထားတဲ့​နေရာ​တွေမှာ​ခေါက်​ချိုးလိုက်​မယ်​။အ၀ါ​ရောင်​တွန့်​​ခေါက်​ထားတဲ့စက္ကူ​ခေါက်​နှင့်​အတူ​ကော်​ကပ်​လိုက်​မှာပါ။မှတ်​ထားတဲ့အတိုင်းအတာနှင့်​ကွက်​တိဖြစ်​ပြီးအ​ရှေ့ဘက်​မှာ​တော့အဖုံးပုံစံရမှာပါ။အ​ရှေ့ဘက်​ခြမ်းကိုအလှဆင်​ချင်​တာ​ကြောင့်​ပထမဆုံးအ၀ါ​ရောင်​စာရွက်​ကို​ကော်​ကပ်​မယ်​။ဒီအ​ပေါ်မှာမှအဖုံးအဖွင့်​ပိတ်​လုပ်​လို့ရ​အောင်​ပန်းစက္ကူကိုကပ်​မှာပါ။ကတ်​ထူအဖုံး​ပေါ်မှာလည်းပန်းစက္ကူ​တွေနှင့်​ကပ်​ကာအလှဆင်​မှာပါ။

IMG_20180320_085717.jpg

IMG_20180320_085744.jpg

IMG_20180313_120454.jpg

IMG_20180313_120846.jpg

IMG_20180320_103030.jpgimg1521531809039.jpg
Thank you
Paper organizer for notes
Written by @asterkame
MSC-008
By my photos & made by me

Sort:  

အမ ကတော့ Professional ပီသပါတယ်

ဝါသနာပါလို့ပါ
အား​ပေးတဲ့အတွက်​​ကျေးဇူးပါ

သင်္ကြန်​ ရုံးပိတ်​ရက်​လည်း နီးလာပြီဗျာ။အားလပ်​ရက်​ကြမှ​သေချာလုပ်​ကြည့်​ရမယ်​။

အင်း...လုပ်​ကြည့်​ပါ...👍👍

‌ကျေးဇူးပါ ညီမ‌ရေ။

ဟုတ်​ကဲ့ပါ

ကျွန်​​တော်​လဲစမ်းလုပ်​ကြည့်​ဦးမယ်​ဗျာ

အိုခီ...စမ်းကြည့်​ပါ...

တကယ့်လက်မှုပညာရှင်ပါဗျာ

အား​ပေးလို့​ကျေးဇူးပါ....

အားတဲ့ အခါလုပ်ကြည့်ရမယ် အရမ်းလှ

ဟုဟု..လုပ်​ကြည့်​ပါ...​ကျေးဇူးပါ...

အစ်မ ရဲ့ creation တွေကတော့ တစ်ကယ်စိတ်ဝင်စားစရာကောင်းပါတယ်။design တွေ colour လေးတွေ အကုန်လှပါတယ်။လေးစားလျက်

ဟုတ်​ကဲ့...ခုလိုအား​ပေးလို့​ကျေးဇူးပါ.. .

မရိုးအောင်အမြဲတမ်းတင်ပြပေးတာ အရမ်းကောင်းပါတယ်@aster

ဟု...အား​ပေးလို့လည်း​ကျေးဇူးပါ...

ညီမက​တော့စိတ်​​ရှေလက်​​ရှေလုပ်​တပ်​တယ်​ကွယ်

စိတ်​ရှည်​ရင်​လှပပြီး​သေသပ်​တယ်​....😊😊

ပိုက်ဆံအိတ်နဲ့လည်း ခပ်ဆင်ဆင်ရယ် အစ်မ ရုံးတွေမှာ ဒီလိုလှလှလေးပြုလုပ်ပြီး ကိုယ့်ပစ္စည်းကို အသေအချာသိမ်းထားရင် ပိုစိတ်ကြည်နူးရမယ်ဗျ

ဟုတ်​တယ်​...ပုံစံတမျိုး​လေးဖြစ်​သွားမယ်​...​ကောင်းပါတယ်​။

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.033
BTC 64550.89
ETH 3156.32
USDT 1.00
SBD 4.30