How to Make Paper Gift Box

in #myanmar5 years ago

ဒီတစ်ခါတော့gift boxတစ်ခုပြုလုပ်ထားတာပါ။ပြုလုပ်နည်းကိုပုံနှင့်စာတို့ဖြင့်ဖော်ပြထားပြီး၊လိုအပ်တာတွေကကတ်ထူ၊ရောင်စုံစာရွက်၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံစသဖြင့်လိုအပ်ပါတယ်။ပန်းပွင့်နှစ်ပွင့်ပြုလုပ်၍အလှဆင်ထားပါတယ်။

ပထမအဆင့်မှာတော့ကတ်ထူပေါ်တိုင်းတာ၍မျဥ်းဆွဲပါ့မယ်။တစ်ဘက်မှာတော့3cmတိုင်း၍ကျန်တစ်ဘက်မှာ4cmတိုင်းပြီးမျဥ်းနှစ်ကြောင်းဆွဲပါ့မယ်။ပြီးနောက်ကန့်လန့်ဖြတ်မျဥ်းကြောင်းများကို3cmစီခြား၍ဆွဲပါတယ်။ထို့နောက်ဆွဲထားတဲ့အတိုင်းခေါက်ချိုးလိုက်ပါတယ်။3cmတိုင်းထားတဲ့တစ်ဘက်ကိုတော့အပိုင်းငယ်များဖြတ်ပြီးခေါက်ချိုးကာboxရဲ့တစ်ဘက်ကိုကော်ကပ်ပြီးပိတ်လိုက်ပါတယ်။ကျန်တစ်ဘက်မှာစက္ကူဖောက်တံဖြင့်ဖဲကြိုးထည့်၍ချည်လို့ရအောင်အပေါက်လေးတွေဖောက်ပြီး၊ဖဲကြိုးဖြင့်ချည်လိုက်ပါတယ်။ဆက်လက်ပြီးပန်းပွင့်များပြုလုပ်ပါတယ်။

ပန်းပွင့်ကနှစ်ပွင့်ပြုလုပ်ပြီး၊ပြုလုပ်နည်းကစာရွက်ကိုအလျားအနံတူညီစွာဖြတ်ပြီး၊ပုံအတိုင်းအဆင့်ဆင့်ခေါက်လိုက်တယ်။အလယ်မှခေါက်ချိုးပြီး၊ထိုစက္ကူခေါက်လေးတွေကိုတစ်ခုနှင့်တစ်ခုကော်ကပ်ကာပန်းပွင့်နှစ်ပွင့်ပြုလုပ်ပါတယ်။ပြီးနောက်boxမှာအလှဆင်ပါတယ်။

Written by @asterkame
MSC-008
By my photos & made by me

Sort:  

Gift box ဆိုတော့ ပို့ပေးပါဟေ

Posted using Partiko Android

ပို့လိုက်မယ်😊

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 68147.96
ETH 3273.79
USDT 1.00
SBD 2.66