How to Make Paper Accessories Holder

in #myanmar6 years ago

Paper Accessories Holder

img1540306297234.jpg

ဒီတစ်​ခါမှာ​တော့စာ​ရေးကိရိယာနှင့်​အခြားအတိုအထွာများထည့်​နိုင်​​အောင်​accessories holderတစ်​ခုပြုလုပ်​လိုက်​ပါတယ်​။ကတ်​ထူဘူးခွံသုံးခုရှာရပါမယ်​။မညီညာတဲ့ဘူးခွံသုံးခုကို​ရောင်​စုံစာရွက်​၊ဖဲကြိုး၊ပန်းပွင့်​​လေးများနှင့်​အတူပုံစံတစ်​မျိုးဖြင့်​ပြုလုပ်​လိုက်​ပါတယ်​။လိုအပ်​တဲ့ပစ္စည်း​တွေက​ဘူးခွံသုံးခု၊ကတ်​​ကြေး၊​ကော်​ဘူး၊စာရွက်​၊ဖဲကြိုးစသဖြင့်​လိုအပ်​ပါတယ်​။

img1540306427493.jpg

ပထမဆုံးအရွယ်​မတူတဲ့ဘူးခွံသုံးခုယူပါ့မယ်​။ဘူးခွံရဲ့အ​ပေါ်ဘက်​​မှာကတ်​​ကြေးသုံး၍ပုံစံ​ဖော်​ကာဖြတ်​လိုက်​ပါတယ်​။ဘူးခွံသုံးခုမှာခရမ်းနှင့်​လိ​မ္မော်​​ရောင်​သုံး၍​ကော်​ကပ်​ပြီး၊အ​ရောင်​နှစ်​မျိုးဆက်​ထားတဲ့​နေရာမှာဖဲကြိုးဖြင့်​​ကော်​ကပ်​လိုက်​ပါတယ်​။ဘူးခွံတစ်​ခုနှင့်​တစ်​ခုဆက်​၍​ကော်​ကပ်​ပြီး၊အခြားကတ်​ထူတစ်​ခုကိုထပ်​မံပြုလုပ်​၍ဘူးခွံသုံးခုထား၍​ကော်​ကပ်​လိုက်​ပါတယ်​။

IMG_20181024_174609.jpg

IMG_20181023_211603.jpg

ပန်းပွင့်​များပြုလုပ်​ပါဦးမယ်​။အချင်6းcmရှိတဲ့စက်​၀ိုင်းများဖြတ်​လိုက်​မယ်​။ပန်းပွင့်​ကိုအ​ရောင်​နှစ်​မျိုးပြုလုပ်​ချင်​ပါတယ်​။ဒါ​ကြောင့်​အနီ​ရောင်​စာရွက်​ဖြင့်​6cmအချင်းဖြင့်​စက်​၀ိုင်းပုံဖြတ်​ကာတစ်​၀က်​ထပ်​မံဖြတ်​လိုက်​ပါ​သေးတယ်​။ထို့​နောက်​ပုံပါအတိုင်း​ကော်​ကပ်​ကာ၊အလယ်​မှ​ခေါက်​ပြီးအဆင့်​ဆင့်​​ခေါက်​လိုက်​ပါတယ်​။ပြီး​နောက်​​ကော်​ကပ်​ပြီးစက္ကူ​ခေါက်​ပြုလုပ်​လိုက်​ပါတယ်​။ပန်းတစ်​ပွင့်​မှာဆိုရင်​စက္ကူ​ခေါက်​​ခြောက်​ခု​ကော်​ကပ်​ရမှာပါ။စုစု​ပေါင်းပန်းသုံးပွင့်​ပြုလုပ်​ထားပါတယ်​။

IMG_20181023_085757.jpg

IMG_20181023_085828.jpg

IMG_20181023_090249.jpg

IMG_20181023_085955.jpg

IMG_20181023_091747.jpg

အရွက်​အဖြစ်​အစိမ်း​ရောင်​စာရွက်​ကိုအလျားအနံတူညီစွာဖြတ်​ပြီး၊အလယ်​မှ​ခေါက်​ချိုးမယ်​။နောက်​တစ်​ဆင့်​ထပ်​မံ​ခေါက်​ပြီး၊ထိုစက္ကူ​ခေါက်​​ပေါ်ပုံဆွဲကာကတ်​​ကြေးဖြင့်​ဖြတ်​ပြီး၊စက္ကူ​ခေါက်​ကိုဖြန့်​လိုက်​ပါတယ်​။ပန်းပွင့်​နှင့်​ပူးတွဲ​ကော်​ကပ်​ပြီး၊boxသုံးခုမှာအလှဆင်​လိုက်​ပါတယ်​။

IMG_20181023_100128.jpg

IMG_20181023_100201.jpg

IMG_20181023_100233.jpg

img1540306483297.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.

ဟုတ်​ကဲ့...​ကျေးဇူးပါ...

Posted using Partiko Android

အတော်ကြိုးစားတာပဲနော် fighting

Posted using Partiko Android

ဟုတ်​ကဲ့...ဆက်​ကြိုးစားပါ့မယ်​.. .

Posted using Partiko Android

ပန်းလေးက ခေါင်းလောင်းပန်းနဲ့တူတယ်နော်

Posted using Partiko Android

အင်း...အ​ရောင်​နှစ်​မျိုးစပ်​ပြုလုပ်​ထားတာပါ...​ခေါင်း​လောင်းပန်းကမြင်​ရင်​သိမယ်​....

Posted using Partiko Android

တစ်​​ခေါက်​တစ်​​ခေါက်​ လှလာ​လေး​တွေ ​ပေါ်​ပေါ်လာတယ်

Posted using Partiko Android

နောက်​လည်းပိုလှလာ​အောင်​ဆက်​ကြိုးစားပါဦးမယ်​😊

Posted using Partiko Android

နောက်​လည်းပိုလှလာ​အောင်​ဆက်​ကြိုးစားပါဦးမယ်​😊

Posted using Partiko Android

ပန်းအစား ရဲတိုက်​ပုံစံ​လေး​ဖော်​လိုက်​ရင်​ ပိုမိုက်​မှာ

အင်း...ဟုတ်​တယ်​​နော့...တစ်​မျိုးဆန်းသွားမှာ....

Posted using Partiko Android

စိတ်‌ကူးစိတ်‌သန်း‌လေး‌တွေ ‌ကောင်းပါ့ဗျာ။

ဟုတ်​ကဲ့...ခုလိုအား​ပေးလို့​ကျေးဇူးပါ...ကြိုးစားပါဦးမယ်

Posted using Partiko Android

အရောင်လေးတွေ သူဟာသူတော့လှနေတာပဲ

ဟုတ်​ကဲ့...လှတယ်​ဆိုလို့​ကျေးဇူးပါ...

Posted using Partiko Android

လှယ် နောက်တစ်ခုလဲ စောင့်နေဦးမယ် တစ်ခုပြီးတစ်ခု တစ်ကယ်မလွယ် ။

လှတယ်​ဆိုလို့​ပျော်​ပါတယ်​...​နောက်​တစ်​ခုမပြီး​သေးလို့....

Posted using Partiko Android

စုံစီနဖာ တိုလီထွာလီထည့်ရန် အသုံးဝင်မယ် လှတယ်လို့😁

Posted using Partiko Android

ဟုတ်​ပါတယ်​...အဆင်​​ပြေတာအကုန်​ထည့်​ရပါတယ်​...အသုံးဝင်​ပါတယ်​...

Posted using Partiko Android

လှပသော flower accessories box လေးတွေပဲဖြစ်ပါတယ်အစ်မ။

ဟုတ်​ကဲ့...ဆက်​ပြီးကြိုးစားပါ့မယ်​...အား​ပေးလို့​ကျေးဇူးပါ

Posted using Partiko Android

Coin Marketplace

STEEM 0.29
TRX 0.25
JST 0.041
BTC 94226.21
ETH 3301.23
USDT 1.00
SBD 7.47