How to Make Heart Lock Paper Card

in #myanmar6 years ago

ဒီတစ်​ခါမှာ​တော့​ခေါက်​ချိုးလို့ရတဲ့ကဒ်​အဆန်း​လေးတစ်​ခုပြုလုပ်​လိုက်​ပါတယ်​။အဖွင့်​အပိတ်​နှင့်​​ခေါက်​ချိုးလို့ရပြီး၊ပုံ​တွေနှင့်​မိမိနှစ်​သက်​တဲ့စာများ​ရေးပြီးတစ်​ဦးနှင့်​တစ်​ဦးလက်​​ဆောင်​​ပေးလို့ရပါတယ်​။လိုအပ်​တာ​တွေကကတ်​ထူ၊​ရောင်​စုံစာရွက်​၊​​ပေတံ၊ေ​ဘောလ်​ပင်​၊ကတ်​​ကြေး၊​ကော်​ဘူး၊စသဖြင့်​လိုအပ်​ပါတယ်​။ပြုလုပ်​ရမည့်​အဆင့်​များကကတ်​ထူတစ်​ရွက်​ကိုတိုင်းတာပုံ​ဖော်​၍ဖြတ်​မယ်​။လိုအပ်​တဲ့​နေရာ​ဆေးခြယ်​ပြီး၊heart shapeများပြုလုပ်​ကာ​ကော်​ကပ်​မယ်​။

img1537422230453.jpg

ပထမအဆင့်​မှာ​တော့ကတ်​ထူစာရွက်​​ပေါ်မှာ10cmစီတူညီတဲ့​ကော်​လံသုံးခုဆွဲလိုက်​တယ်​။ကျန်​တစ်​ဘက်​ကိုလည်းထိုနည်းအတိုင်းဆွဲလိုက်​တယ်​။ဒါဆိုရင်​ကတ်​ထူ​ပေါ်မှာတူညီတဲ့အကွက်​ကိုးကွက်​ရရှိမှာပါ။ပြီး​တော့ထိပ်​ဆုံးအတန်းမှ​ဘေးဘက်​နှစ်​ကွက်​ကိုဖြတ်​ထုတ်​မယ်​။အောက်​ဘက်​ဆုံးအတန်းမှ​ဘေးဘက်​နှစ်​ကွက်​ကိုပုံပါအတိုင်းလိုအပ်​သ​လောက်​ဖြတ်​မယ်​။နောက်​တစ်​ဆင့်​မှာကဒ်​ရဲ့အတွင်းဘက်​ကိုအစိမ်း​ရောင်​၊အပြင်​ဘက်​ကိုလိ​မ္မော်​​ကော်​ကပ်​ထားလိုက်​တယ်​။ပန်း​ရောင်​စာရွက်​ကိုတိုင်း၍ဖြတ်​ပြီး​တော့လည်းထပ်​မံ​ကော်​ကပ်​လိုက်​တယ်​။ပြီး​နောက်​မျဉ်းဆွဲထားတဲ့​နေရာ​တွေကို​ခေါက်​ချိုးကာအနက်​​ရောင်​အစက်​မျဉ်းများဆွဲလိုက်​တယ်​။ပြီး​တော့ကဒ်​ကို​ခေါက်​ချိုးပီးအဖွင့်​အပိတ်​လုပ်​နိုင်​​အောင်​​ရှေ့ဘက်​မှာheart shapeပုံစံ​ဖော်​လိုက်​တယ်​။ကဒ်​ရဲ့အလယ်​တန်းမှ​ဘေးဘက်​နှစ်​ကွက်​ကိုတစ်​၀က်​စီ​ခေါက်​ချိုးပြီး၊heart shapeပုံစံကိုတစ်​၀က်​စီဟိုဘက်​ဒီဘက်​ဆွဲ၍ဖြတ်​လိုက်​တယ်​။သူရဲ့အ​ပေါ်ဘက်​အကွက်​ကို​တော့heart shapeပုံစံနဲ့အရွယ်​တူစက္ကူဖြတ်​ဓားနှင့်​အ​ပေါက်​ငယ်​တစ်​ခုပြုလုပ်​မယ်​။ဒါမှပုံပါအတိုင်းအဖွင့်​အပိတ်​ပြုလုပ်​နိုင်​မှာပါ။ဒီအထိပုံများနှင့်​ပြထားပါတယ်​။

IMG_20180917_151155.jpg

IMG_20180917_151339.jpg

IMG_20180917_153249.jpg

IMG_20180917_153629.jpg

IMG_20180917_153842.jpg

IMG_20180917_154022.jpg

IMG_20180917_154858.jpg

IMG_20180917_160334.jpg

IMG_20180918_172159.jpg

ပြီး​တော့အနီ​ရောင်​စာရွက်​ကိုယူပြီးအရွယ်​တူheart shapeများဖြတ်​၍ကဒ်​ရဲ့အတွင်းဘက်​​တွေမှာညီညာစွာ​ကော်​ကပ်​ထားလိုက်​တယ်​။

IMG_20180918_172237.jpg

ကဒ်​ရဲ့​ခေါက်​နည်းက​တော့

IMG_20180918_172032.jpg
အဆင့်​(1)

IMG_20180918_172046.jpg

အဆင့်​(2)

IMG_20180918_172103.jpg
အဆင့်​(3)

IMG_20180918_170808.jpg

အဆင့်​(4)Heart Lock Paper Card

Written by @asterkame
MSC-008
By my photos & made by me

Sort:  

ဆပ်ပြာခဲထည့်ဖို့ ပါကင်ဒီဇိုင်းလေး တင်ပေးပါလား😁

ဟုတ်​ကဲ့...​နောက်​ပိုစ့်​​ကျရင်​ပြုလုပ်​နည်းတင်​​ပေးပါ့မယ်​...​ကျေးဇူးပါ...😊

ဒီပုံစံလေးကလည်း တစ်မျိုးဆန်းပါတယ်။အမျိုးမျိုး စုံလင်အောင် တင်ပြပေးနေတဲ့ ပညာကိုလည်း လေးစားမိပါတယ်။အမြဲအားပေးလျက်ပါ။

ဟုတ်​ကဲ့ပါ...​နောက်​လည်းမရိုးရ​အောင်​ဆက်​လက်​ကြိုးစာမှာမို့​ကျေးဇူးပါ....

ကတ်လေးက ချစ်စရာလေး ညီမရေ လက်ဆောင်လုပ်ပေးရရင် ကောင်းမှာနော်

ဟုတ်​တယ်​...အထဲမှာပုံ​လေး​တွေကပ်​ပြီး၊စာလည်း​ရေးလို့ရပါတယ်​....​ကျေးဇူးပါ....

စက္ကူ အရုပ်​က​လေး​တွေက တမျိုးချစ်​ဖို့​ကောင်းတယ်
ငါးတန်း ​ခြောက်​တန်းအရွယ်​တုန်းက အရူးအမူးပါ့
လေယဉ်​ပျံ​လေး​တွေ ငှက်​က​လေး​တွေ

ဟုတ်​တယ်​...စက္ကူရုပ်​​တွေကတမျိုးဆန်းတယ်​....
ခုလိုအား​ပေးလို့​ကျေးဇူး​နော့....

ဒီဇိုင်းဆန်းတယ်‌‌နော်‌ ။‌တွေးတတ်‌တယ်‌ဗျာ ။ ချီးကျူးပါတယ်‌။

ဟုတ်​ကဲ့...ချီးကျူးအား​ပေးလို့​ကျေးဇူးပါ...

ပိုက်ဆံအိတ်အသေးသုံးလည်းအဆင်ပြေမယ်ထင်တယ် လက်ဆောင်ပေးဖို့ တော့ကောင်းတယ်ဗျ

ပိုက်​ဆံအိတ်​ဆိုမလုံဘူးထင်​တယ်​...ဖွင့်​လိုက်​ရင်​​ဘေးဘက်​မှာအကာမရှိ​တော့​လေ....လက်​​ဆောင်​​ပေးရင်​​ကောင်းပါတယ်​...

ချစ်စရာလေးပါ😍😍

ချစ်​စရာ​လေးဆိုလို့​ပျော်​ပါ၏....😁

အို အသဲတွေကို အရောင်ဆိုးနေပါရောလားကွယ်

ဟုတ်​ကဲ့.....ခုတစ်​​ရောင်​တည်းဆိုးထားတာ...​နောက်​တစ်​ခါ​အသဲ​ရောင်​စုံလုပ်​လိုက်​မယ်​....😁

တကယ်တော့ အဲတာတွေဘယ်လိုမှမလုပ်တတ်ဘူး

ဟုတ်​ကဲ့...မလုပ်​တတ်​လည်းလာအား​ပေးလို့​ကျေးဇူးပါ....

ကိုယ့်အသည်းကို မင်းခွဲလည်း ကိုယ့်မှာ backup အသဲတွေ အများကြီးရှိသေးတယ် ဆိုတဲ့သဘောလားဟင်... ဟိဟိ။ လှလည်းလှ လုပ်ရတာလည်း လက်ဝင်မှာနော်...။

😁😁ကိုယ့်​ဘာသာလုပ်​ပြီးဒီလိုအ​တွေးမ​ပေါ်ဘူး....​ပြောလည်း​ပြောတတ်​တယ်​....အဟီး
လက်​၀င်​ပါတယ်​...ညီညာသပ်​သပ်​ရပ်​ရပ်​ဖြစ်​​အောင်​လို့....

အဲ့လို ပေါက်တတ်ကရတွေးရမယ်ဆို ဒီက ထိပ်ဆုံးကလေ... 😄😄

ပေါက်​ကရမဟုတ်​ပါဘူး
တွေးတတ်​လွန်းလို့
😁

Coin Marketplace

STEEM 0.17
TRX 0.14
JST 0.028
BTC 58607.22
ETH 2616.94
USDT 1.00
SBD 2.43