How to Make Beautiful Paper Flower Vase

in #myanmar6 years ago

Paper Flower Vase
ဒီတစ်​ခါမှာ​တော့ပန်းအိုးပြုလုပ်​ထားတာပါ။အလျား၊အနံတူညီတဲ့စာရွက်​ကို​ခေါက်​ရင်းpaper vaseတစ်​ခုပြုလုပ်​ထားတာပါ။လိုအပ်​တဲ့ပစ္စည်းများစုပါ့မယ်​။ရောင်​စုံစာရွက်​၊ကတ်​​ကြေး၊​ကော်​ဘူး၊​ပေတံ၊ခဲတံစသဖြင့်​လိုအပ်​မှာပါ။ပြုလုပ်​ရမည့်​အဆင့်​များကပန်းအိုးပုံစံ​စက္ကူ​ခေါက်​ပါ့မယ်​။ပြီး​တော့ပန်းပွင့်​များနှင့်​အရွက်​များပြုလုပ်​ပါ့မယ်​။

img1531467523756-01.jpeg

ပန်းအိုးပြုလုပ်​ရန်​လိ​မ္မော်​​ရောင်​စက္ကူကိုယူမယ်​။အတိုင်းအတာအရွယ်​အစားက​တော့မိမိနှစ်​သက်​သလိုပြုလုပ်​နိုင်​ပါတယ်​။အလျား၊အနံတူညီရပါ့မယ်​။စာရွက်​ကို​ထောင့်​စွန်းမျဉ်းနှစ်​​ကြောင်း၊အလယ်​မှထက်​၀က်​​ခေါက်​ချိုးမျဉ်းနှစ်​​ကြောင်းယူပါ့မယ်​။ပြီး​နောက်​အတွင်းဘက်​သို့ပုံပါအတိုင်း​ခေါက်​လိုက်​မယ်​။ပြီး​နောက်​အ​ပေါ်ဘက်​​ထောင့်​စွန်း​နေရာမှပုံမှာပြထားတဲ့အတိုင်းအညီအမျှပိုင်းသုံးပိုင်း​ခေါက်​လိုက်​မယ်​။ခေါက်​ထားတဲ့အညီအမျှပိုင်းမှာဘဲ​ဘေးဘက်​နှစ်​ဘက်​ကိုထပ်​မံ​ခေါက်​ရမယ်​။ဒီနည်းအတိုင်းကျန်​တစ်​ဘက်​ကိုလည်း​ခေါက်​ရမှာပါ။နောက်​တစ်​ဆင့်​မှာ​ခေါက်​ထားတဲ့စက္ကူစကိုပုံမှာမြင်​ရတဲ့အတိုင်း​ဘေးဘက်​သို့ထပ်​မံ​ခေါက်​ကာအနား​တွေကို​ခေါက်​ရပါ့မယ်​။အနားသတ်​​ခေါက်​ရန်​အတွက်​ပထမတစ်​ဆင့်​​ခေါက်​ပြီး​နောက်​တစ်​ခါထပ်​မံ​ခေါက်​ချိုးရမှာပါ။ဒီနည်းအတိုင်းတစ်​ပတ်​လည်​လုံး​ခေါက်​ချိုးလိုက်​မယ်​။ပြီး​တော့​အောက်​​ခြေဘက်​စက္ကူစကိုလည်း​ပေါ်သို့​ခေါက်​တင်​ရမယ်​။ဆက်​လက်​ပြီးအ​ပေါ်ဘက်​စက္ကူ​ခေါက်​ချွန်​များကိုလည်း​ခေါက်​ချိုးချလိုက်​မှာပါ။ရရှိလာတဲ့စက္ကူ​ခေါက်​ကို​ခေါက်ချိုးထားတာဖြန့်​ပြီးပုံမှာမြင်​ရတဲ့ပန်းအိုးပုံစံ​ဖော်​လိုက်​ပါ့မယ်​။

IMG_20180712_172545.jpg

IMG_20180712_172729.jpg

IMG_20180712_172905.jpg

IMG_20180712_172951.jpg

IMG_20180712_173030.jpg

IMG_20180712_173048.jpg

IMG_20180712_173410.jpg

IMG_20180712_173446.jpg

IMG_20180713_101006.jpg

ဒီအဆင့်​မှာ​တော့ပန်းပွင့်​များ​ခေါက်​ပါ့မယ်​။စက္ကူ​ခေါက်​နည်းကအလျား၊အနံတူညီတဲ့စာရွက်​ကိုယူမယ်​။ထောင့်​စွန်း​လေးခုကိုအလယ်​သို့စု​ခေါက်​မယ်​။ပြီး​တော့​ထောင့်​စွန်းမျဉ်းနှစ်ေ​ကြာင်း၊​အလယ်​မျဉ်းနှစ်​​ကြောင်းယူပြီးပုံပါအတိုင်းအတွင်းသို့​ခေါက်​မယ်​။ပြီး​နောက်​​ဘေးဘက်​အနားနှစ်​ခုကိုအလယ်​မျဉ်းသို့​ခေါက်​မယ်​။ကျန်​တစ်​ဘက်​ကိုလည်းဒီနည်းအတိုင်း​ခေါက်​မယ်​။စက္ကူ​ခေါက်​ရဲ့​အောက်​​ခြေဘက်​အစွန်းကိုကတ်​​ကြေးဖြင့်​အနည်းငယ်​ဖြတ်​ပါ့မယ်​။ပြီး​တော့ပုံမှာမြင်​ရတဲ့အတိုင်း​အနားများ​ခေါက်​လိုက်​မယ်​။ခေါက်​ချိုးမျဉ်းများရရှိပြီးပြီဆို​တော့ပန်းပွင့်​ပုံ​ဖော်​ပြီးအ​ပေါ်ဘက်​အနား​တွေကို​တော့​ဘေးဘက်​ကို​ခေါက်​လိုက်​ပါ့မယ်​။ပန်းပွင့်​စုစု​ပေါင်း​လေးပွင့်​ပြုလုပ်​လိုက်​တယ်​။

IMG_20180713_101538.jpg

IMG_20180713_101616.jpg

IMG_20180713_101701.jpg

IMG_20180713_101915.jpg

IMG_20180713_102119.jpg

IMG_20180713_102242.jpg

ပန်းပွင့်​များပြုလုပ်​ပြီးရင်​ရိုးတံအဖြစ်​အစိမ်း​ရောင်​စာရွက်​ကိုpaper stickများ​ခေါက်​ပြီးအ​ပေါ်ဘက်​မှာကတ်​​ကြေးဖြင့်​စက္ကူအပိုင်းငယ်​များဖြတ်​ကာ​ကော်​ကပ်​ပြီးပန်းပွင့်​များနှင့်​ဆက်​လိုက်​မှာပါ။

IMG_20180713_102344.jpg

IMG_20180713_102452.jpg

IMG_20180713_102604.jpg

အရွက်​များအဖြစ်​အစိမ်း​ရောင်​စာရွက်​ကိုယူမယ်​။အလျားအနံမတူညီရပါ။အလယ်​​ခေါက်​ချိုးမျဉ်းယူမယ်​။ပြီး​တော့ဒီအလယ်​မျဉ်းအထိတစ်​ဘက်​စီမှစာရွက်​ကိုအဆင့်​အဆင့်​​ခေါက်​ရမှာပါ။သုံးဆင့်​​ခေါက်​ရပါ့မယ်​။ဒီနည်းအတိုင်းကျန်​တစ်​ဘက်​ကိုလည်း​ခေါက်​ပြီးအလယ်​မှ​ခေါက်​ချိုးလိုက်​မယ်​။ပန်းပွင့်​​လေးပွင့်​ဆို​တော့အရွက်​လည်း​လေးရွက်​​ခေါက်​လိုက်​မယ်​။

IMG_20180713_104717.jpg

IMG_20180713_104743.jpg

IMG_20180713_104815.jpg

IMG_20180713_104917.jpg

လိုအပ်​တဲ့စက္ကူ​ခေါက်​များပြုလုပ်​ပြီးပြီဆို​တော့အရွက်​ကိုအလယ်​မှ​ခေါက်​ချိုး​ကော်​ကပ်​ကာပန်းပွင့်​များပြုလုပ်​ပြီး၊လှပတဲ့ပန်းအိုးအဖြစ်​ပုံ​ဖော်​မှာပါ.....

img1531503010644.jpg

img1531467374389.jpg

Thank you
Written by @asterkame
MSC-008
By my photos & made by me

Sort:  

ဖုန်းရေဆိုပြီးဟန်းသွားလို့
မကြည်ကိုပြောပေးပါ
messanger ဖွင့်လို့မရလို့ postတင်မရဘူးဖြစ်နေတယ်
please

ဟုတ်​ကဲ့...ကြည်​ကို​ပြောပြလိုက်​ပြီးပါပြီ....

လှလိုက်တာနော်

လှတယ်​ဆိုလို့​ကျေးဇူးပါ​နော့.....😊

Flower Vase ကတော့
ဧည့်ခန်းထဲမှာ အလှအဖြစ်ထားဖို့ ကောင်းလိုက်တာဗျာ

အင်း...ဟုတ်​တယ်​...လှ​နေမှာဘဲ👍

အော်​ ဒီတပတ်​မှာဒီလို​လေးလုပ်​တာကိုး
လှထာဟယ်​ ဒါနဲ့ နင်​တို့ဆီ​ရေကြီ​နေတယ်​ဆို

လှတယ်​ဆိုလို့​ကျေးဇူးပါ....တနင်္သာရီတိုင်းအချို.မြို့နယ်​​တွေ​ရေကြီး​နေတယ်​...ပင်​လယ်​ဘက်​​ဒေသ​တွေပိုဆိုး​ပေါ့...မြိတ်​မှာလည်းမြို့အပြင်​ဘက်​​တွေမှာလမ်း​ပေါ်​ရေကူးလို့ရတယ်​😁မိုးရွာတာလည်းတအားဘဲ...

ကောင်းမလေးကို လက်ဆောင်ပေးဖို့ လေ့ကျင့်ထားအုံးမယ်

Good tal...​ခုလိုအား​ပေးလို့​ကျေးဇူးပါ....

အလှပန်းအိုးလေးက လက်ရာတော်တော်ကောင်းပါတယ်။ပန်းပွင့်ပုံလေးတွေက လက်ရာကောင်းမှန်းသိသာစေတယ်။ခံစားမှုအပြည့်ပေးနိုင်ပါတယ်ခင်ဗျာ။

ဟုတ်​ကဲ့...​ကျေးဇူးပါ...ဆက်​ပြီးကြိုးစားပါ့ဦးမယ်... .လှတာ​လေး​တွေpostတင်​နိုင်​​အောင်​...

ဆရာမ​လေး စားပွဲမှာ ထားဖို့😁😁

ဟုတ်​တယ်​...စားပွဲ​ပေါ်မှာထားရင်​လှမယ်​​နော့...😁

အရမ်းလှတဲ့ ပန်းကလေးတွေဗျာ 😍😍

လှတာ​လေး​တွေဆက်​ပုံ​ဖော်​ပါ့မယ်​...​ကျေးဇူး​နော့.. .

ကြာရှည်‌ခံ‌အောင်‌ လူအများပိုအသုံးပြုလာ‌အောင်‌ စက္ကူ‌နေရာမှာ ‌ကြေး ပြားတို့ သတ္ထု ပြားတို့ စမ်းလုပ်‌ကြည့်‌ပါလား။‌ဈေးကွက်‌တစ်‌ခု ဖန်‌တီးကြည့်‌ပါလားညီမ။

ဟုတ်​ကဲ့...ဒါ​ပေမဲ့​ကြေးပြား၊သတ္တုပြားဆိုရင်​​ကော်​နှင့်​သုံးလို.့မရ​လောက်​ပြီ...ဒီအတွက်​အခြားနည်းတစ်​ခု​လေ့လာရမယ်​ထင်​တယ်​...အကြံ​ဥာဏ်​နှင့်​လမ်းညွန်​​ပေးလို့​ကျေးဇူးပါ....ခုက​တော့paper artတစ်​မျိုးတည်းလုပ်​ဖြစ်​တယ်​....

ရောင်စုံ ပန်းအိုးလေးဆိုတော့ အခန်းနံရံက ဘာအရောင်ဖြစ်ဖြစ်လိုက်ဖက်နေမှာ လှလိုက်တာ ။

ခုလိုအား​ပေးတာ​ကျေးဇူးပါ...

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 62441.36
ETH 2940.53
USDT 1.00
SBD 3.59