How to Make Accessories Holder & Tissue Box

in #myanmar6 years ago

ဒီတစ်​ခါပြုလုပ်​တာကအတိုအထွာပစ္စည်းများထည့်​ရ​အောင်​နှင့်​tissueထည့်​ဖို့စက္ကူဘူးတစ်​ခုပြုလုပ်​လိုက်​ပါတယ်​။ရိုးရိုးရှင်းရှင်းပုံစံပြုလုပ်​တာဖြစ်​ပြီး၊ပန်းပွင့်​​တွေလည်းမထည့်​​တော့ပါဘူး။လိုအပ်​တဲ့ပစ္စည်း​တွေစုပါ့မယ်​။accessories boxအတွက်​ဘူးခွံနှစ်​ခုလိုအပ်​ပါတယ်​။tissue boxအတွက်​ကကတ်​ထူတစ်​ရွက်​လိုအပ်​ပါတယ်​။ပြီး​တော့​ရောင်​စုံစက္ကူ၊ကတ်​​ကြေး၊​ကော်​ဘူး၊ခဲတံ၊​ပေတံ၊စသဖြင့်​လိုအပ်​ပါတယ်​။ပထမဆုံးaccessories boxပြုလုပ်​ပါ့မယ်​။

img1538394824269.jpg

img1538394320336.jpg

ပြုလုပ်​နည်းကကတ်​ထူဘူးခွံနှစ်​ခုကိုယူလိုက်​တယ်​။ပြီး​တော့​ကော်​ကပ်​လိုက်​တယ်​။ဆက်​လက်​ပြီးပုံပါအတိုင်းပုံစံဆွဲလိုက်​တယ်​။ပြီး​နောက်​ကတ်​​ကြေးနှင့်​ဖြတ်​မယ်​။လိ​မ္မော်​​ရောင်​စာရွက်​ကိုယူပြီး၊​ကော်​ကပ်​လိုက်​တယ်​။နောက်​တဆင့်​မှာအခြားစက္ကူအပိုင်း​လေး​တွေနှင့်​အနား​တွေကိုညီညာစွာ​ကော်​ကပ်​လိုက်​ပါတယ်​။

IMG_20180921_112835.jpg

IMG_20180921_112851.jpg

ဆက်​လက်​ပြီးtissue boxပြုလုပ်​လိုက်​တယ်​။ပြုလုပ်​ဖို့အတွက်​ကတ်​ထူတစ်​ရွက်​ကိုယူတယ်​။ပြီး​တော့boxပြုလုပ်​ရန်​မိမိလိုချင်​တဲ့အရွယ်​တိုင်းတာဆွဲလိုက်​တယ်​။ဘေးဘက်​​ဘောင်​အတွက်​ထပ်​မံဆွဲလိုက်​တယ်​။ဘူးရဲ့အဖုံးကိုတစ်​ဆက်​တည်းပြုလုပ်​ချင်​တာ​ကြောင့်​ဆက်​လက်​ဆွဲပြီး၊အတွင်းသို့​ခေါက်​လို့ရ​အောင်​အစွန်းထွက်​ဆွဲလိုက်​တယ်​။ဆွဲထားတဲ့အတိုင်းကတ်​​ကြေးဖြင့်​ဖြတ်​၍​ခေါက်​ချိုးပြီး၊ဘူးခွံပုံစံရ​အောင်​​ဘေးဘက်​ကလိုအပ်​တဲ့​နေရာမှာဖြတ်​ပြီး​ကော်​ကပ်​လိုက်​ပါတယ်​။ထို့​နောက်​အတွင်းဘက်​ကိုအဖြူ​ရောင်​စက္ကူကပ်​ပြီး၊အဖုံးမှာtissueယူလို့ရ​အောင်​ကတ်​​ကြေးဖြင့်​ဖြတ်​လိုက်​တယ်​။ပြီး​တော့​ဘေးဘက်​အနားမှာအနီ​ရောင်​စာရွက်​ကပ်​ပြီး၊အ​ပေါ်ဘက်​မှာအ၀ါ​ရောင်​ကပ်​ကာ၊အနား​တွေမှာ​တော့အခြားစက္ကူစများဖြင့်​အနားသတ်​​ကော်​ကပ်​လိုက်​ပါတယ်​။ပြီး​တော့accessories boxနှင့်​tissue boxကို​ကော်​ကပ်​ရမှာပါ။ကတ်​ထူတစ်​ခုပြုလုပ်​ပြီး၊အဲဒီအ​ပေါ်မှာboxနှစ်​ခု​ကော်​ကပ်​ထားလည်းရပါ​သေးတယ်​။ဒီပိုစ့်​မှာ​တော့ကတ်​ထူမပြုလုပ်​​တော့ပါဘူး။

IMG_20180925_163455.jpg

IMG_20181001_105002.jpg

img1538394262042.jpg

img1538394480311.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

တစ်ရှုးအမြဲသုံးသူတွေအတွက် အတော်ပဲဖြစ်မယ်

ဟုတ်​ကဲ့...လိုအပ်​တဲ့အခါတစ်​ရှူးထည့်​သုံးရ​အောင်​ပါ...

Posted using Partiko Android

တစ်ရှူးဘူးလေးတွေ လုပ်ရောင်းပါလားကွယ်😁

Posted using Partiko Android

အင်း...​ရောင်းမယ်​...ဒီအကြံ​ကောင်းတယ်​😀

Posted using Partiko Android

သီတင်းကျွတ်တော့မယ်မီးပုံးလေးတွေလုပ်နည်းတင်ပါဦး

ဟုတ်​ကဲ့...လာမဲ့ပိုစ့်​ကျရင်​တင်​ပါ့မယ်​....

Posted using Partiko Android

လက်တွေ့လုပ်ကြည့်တော့ လွယ်ဘူးဗျို့

အစမို့လို့မလွယ်​တာပါ....လက်​​တွေ့လုပ်​ကြည့်​လို့ဝမ်းသာပါတယ်​....

ကျွမ်းကျင်​ရာလိမ္မာဆိုသလိုပါ့
ဒါ တစ်​ရှူးထည့်​တဲ့ဗူး​လေး​တွေထင်​ပါ့

ဟုတ်​တယ်​...တစ်​ရှူးဘူး​လေး​တွေ😊

Posted using Partiko Android

ညီမက ဆရာ skill ဖြစ်‌‌နေပြီ။စီးပွား‌ရေး လုပ်‌လို့ရပြီ။

ဟုတ်​ကဲ့...ခုလိုအား​ပေးလို့​ပျော်​ပါတယ်​...ဆက်​ကြိုးစားပါမယ်

Posted using Partiko Android

တော်​တယ်​​နော်​ ဆက်​အားပးပါမယ်

Posted using Partiko Android

ဟုတ်​ကဲ့...ဘဘကြည်​...​ကျေးဇူးပါ...

Posted using Partiko Android

Tissue ဘူးလေးမှာ ပန်းလေးတွေ ထည့်ရင် ပိုလှမယ် ထင်မိ😍

Posted using Partiko Android

အင်း...ဟုတ်​တယ်​...ပန်း​လေး​တွေနဲ့ဆိုတမျိုးဆန်းမယ်​...ဒါမဲ့ရိုးရိုးရှင်းရှင်းပုံစံဖြစ်​ချင်​လို့ဒီအတိုင်းထားလိုက်​ပါတယ်​....

Posted using Partiko Android

တစ်ရှုးထည့်လိုက်ရင် ထုတ်ရတာ အဆင်ပြေလား ညီမ

Posted using Partiko Android

အဆင်​​ပြေပါတယ်​...ဒါမဲ့တစ်​ရှူးအလိပ်​ကြီးဆိုထည့်​လို့မရဘူး....တစ်​ရှူး​ခေါက်​ထည့်​ပြီး၊ထုတ်​ရင်​အဆင်​​ပြေပါတယ်​....

Posted using Partiko Android

မိုက်တယ် သီတင်းကျွှတ်နီးပြီဆိုတော့ မီးပုန်းလေးတွေ လာဦးမလားဟင် ။

လာမယ်​...မီးပုံးလုပ်​​နေတာမပြီး​သေးလို့မနက်​ဖြန်​မှပိုစ့်​တင်​မယ်​...

Posted using Partiko Android

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 61651.16
ETH 2369.36
USDT 1.00
SBD 2.50