How to Make Accessories Holder & Tissue Box

in myanmar •  last month

ဒီတစ်​ခါပြုလုပ်​တာကအတိုအထွာပစ္စည်းများထည့်​ရ​အောင်​နှင့်​tissueထည့်​ဖို့စက္ကူဘူးတစ်​ခုပြုလုပ်​လိုက်​ပါတယ်​။ရိုးရိုးရှင်းရှင်းပုံစံပြုလုပ်​တာဖြစ်​ပြီး၊ပန်းပွင့်​​တွေလည်းမထည့်​​တော့ပါဘူး။လိုအပ်​တဲ့ပစ္စည်း​တွေစုပါ့မယ်​။accessories boxအတွက်​ဘူးခွံနှစ်​ခုလိုအပ်​ပါတယ်​။tissue boxအတွက်​ကကတ်​ထူတစ်​ရွက်​လိုအပ်​ပါတယ်​။ပြီး​တော့​ရောင်​စုံစက္ကူ၊ကတ်​​ကြေး၊​ကော်​ဘူး၊ခဲတံ၊​ပေတံ၊စသဖြင့်​လိုအပ်​ပါတယ်​။ပထမဆုံးaccessories boxပြုလုပ်​ပါ့မယ်​။

img1538394824269.jpg

img1538394320336.jpg

ပြုလုပ်​နည်းကကတ်​ထူဘူးခွံနှစ်​ခုကိုယူလိုက်​တယ်​။ပြီး​တော့​ကော်​ကပ်​လိုက်​တယ်​။ဆက်​လက်​ပြီးပုံပါအတိုင်းပုံစံဆွဲလိုက်​တယ်​။ပြီး​နောက်​ကတ်​​ကြေးနှင့်​ဖြတ်​မယ်​။လိ​မ္မော်​​ရောင်​စာရွက်​ကိုယူပြီး၊​ကော်​ကပ်​လိုက်​တယ်​။နောက်​တဆင့်​မှာအခြားစက္ကူအပိုင်း​လေး​တွေနှင့်​အနား​တွေကိုညီညာစွာ​ကော်​ကပ်​လိုက်​ပါတယ်​။

IMG_20180921_112835.jpg

IMG_20180921_112851.jpg

ဆက်​လက်​ပြီးtissue boxပြုလုပ်​လိုက်​တယ်​။ပြုလုပ်​ဖို့အတွက်​ကတ်​ထူတစ်​ရွက်​ကိုယူတယ်​။ပြီး​တော့boxပြုလုပ်​ရန်​မိမိလိုချင်​တဲ့အရွယ်​တိုင်းတာဆွဲလိုက်​တယ်​။ဘေးဘက်​​ဘောင်​အတွက်​ထပ်​မံဆွဲလိုက်​တယ်​။ဘူးရဲ့အဖုံးကိုတစ်​ဆက်​တည်းပြုလုပ်​ချင်​တာ​ကြောင့်​ဆက်​လက်​ဆွဲပြီး၊အတွင်းသို့​ခေါက်​လို့ရ​အောင်​အစွန်းထွက်​ဆွဲလိုက်​တယ်​။ဆွဲထားတဲ့အတိုင်းကတ်​​ကြေးဖြင့်​ဖြတ်​၍​ခေါက်​ချိုးပြီး၊ဘူးခွံပုံစံရ​အောင်​​ဘေးဘက်​ကလိုအပ်​တဲ့​နေရာမှာဖြတ်​ပြီး​ကော်​ကပ်​လိုက်​ပါတယ်​။ထို့​နောက်​အတွင်းဘက်​ကိုအဖြူ​ရောင်​စက္ကူကပ်​ပြီး၊အဖုံးမှာtissueယူလို့ရ​အောင်​ကတ်​​ကြေးဖြင့်​ဖြတ်​လိုက်​တယ်​။ပြီး​တော့​ဘေးဘက်​အနားမှာအနီ​ရောင်​စာရွက်​ကပ်​ပြီး၊အ​ပေါ်ဘက်​မှာအ၀ါ​ရောင်​ကပ်​ကာ၊အနား​တွေမှာ​တော့အခြားစက္ကူစများဖြင့်​အနားသတ်​​ကော်​ကပ်​လိုက်​ပါတယ်​။ပြီး​တော့accessories boxနှင့်​tissue boxကို​ကော်​ကပ်​ရမှာပါ။ကတ်​ထူတစ်​ခုပြုလုပ်​ပြီး၊အဲဒီအ​ပေါ်မှာboxနှစ်​ခု​ကော်​ကပ်​ထားလည်းရပါ​သေးတယ်​။ဒီပိုစ့်​မှာ​တော့ကတ်​ထူမပြုလုပ်​​တော့ပါဘူး။

IMG_20180925_163455.jpg

IMG_20181001_105002.jpg

img1538394262042.jpg

img1538394480311.jpg

Written by @asterkame
MSC-008
By my photos & made by me

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

တစ်ရှုးအမြဲသုံးသူတွေအတွက် အတော်ပဲဖြစ်မယ်

·

ဟုတ်​ကဲ့...လိုအပ်​တဲ့အခါတစ်​ရှူးထည့်​သုံးရ​အောင်​ပါ...

Posted using Partiko Android

တစ်ရှူးဘူးလေးတွေ လုပ်ရောင်းပါလားကွယ်😁

Posted using Partiko Android

·

အင်း...​ရောင်းမယ်​...ဒီအကြံ​ကောင်းတယ်​😀

Posted using Partiko Android

သီတင်းကျွတ်တော့မယ်မီးပုံးလေးတွေလုပ်နည်းတင်ပါဦး

·

ဟုတ်​ကဲ့...လာမဲ့ပိုစ့်​ကျရင်​တင်​ပါ့မယ်​....

Posted using Partiko Android

လက်တွေ့လုပ်ကြည့်တော့ လွယ်ဘူးဗျို့

·

အစမို့လို့မလွယ်​တာပါ....လက်​​တွေ့လုပ်​ကြည့်​လို့ဝမ်းသာပါတယ်​....

ကျွမ်းကျင်​ရာလိမ္မာဆိုသလိုပါ့
ဒါ တစ်​ရှူးထည့်​တဲ့ဗူး​လေး​တွေထင်​ပါ့

·

ဟုတ်​တယ်​...တစ်​ရှူးဘူး​လေး​တွေ😊

Posted using Partiko Android

ညီမက ဆရာ skill ဖြစ်‌‌နေပြီ။စီးပွား‌ရေး လုပ်‌လို့ရပြီ။

·

ဟုတ်​ကဲ့...ခုလိုအား​ပေးလို့​ပျော်​ပါတယ်​...ဆက်​ကြိုးစားပါမယ်

Posted using Partiko Android

တော်​တယ်​​နော်​ ဆက်​အားပးပါမယ်

Posted using Partiko Android

·

ဟုတ်​ကဲ့...ဘဘကြည်​...​ကျေးဇူးပါ...

Posted using Partiko Android

Tissue ဘူးလေးမှာ ပန်းလေးတွေ ထည့်ရင် ပိုလှမယ် ထင်မိ😍

Posted using Partiko Android

·

အင်း...ဟုတ်​တယ်​...ပန်း​လေး​တွေနဲ့ဆိုတမျိုးဆန်းမယ်​...ဒါမဲ့ရိုးရိုးရှင်းရှင်းပုံစံဖြစ်​ချင်​လို့ဒီအတိုင်းထားလိုက်​ပါတယ်​....

Posted using Partiko Android

တစ်ရှုးထည့်လိုက်ရင် ထုတ်ရတာ အဆင်ပြေလား ညီမ

Posted using Partiko Android

·

အဆင်​​ပြေပါတယ်​...ဒါမဲ့တစ်​ရှူးအလိပ်​ကြီးဆိုထည့်​လို့မရဘူး....တစ်​ရှူး​ခေါက်​ထည့်​ပြီး၊ထုတ်​ရင်​အဆင်​​ပြေပါတယ်​....

Posted using Partiko Android

မိုက်တယ် သီတင်းကျွှတ်နီးပြီဆိုတော့ မီးပုန်းလေးတွေ လာဦးမလားဟင် ။

·

လာမယ်​...မီးပုံးလုပ်​​နေတာမပြီး​သေးလို့မနက်​ဖြန်​မှပိုစ့်​တင်​မယ်​...

Posted using Partiko Android

အစ်မလုပ်နေတဲ့ ပစ္စည်းတော်တော်များများဟာ ဈေးကွက်ထဲ အဆင့်မီ ဖြစ်နေပြီလို့ မြင်မိနေပါတယ်။ဈေးကွက်ပိုင်းလေး စဉ်းစားကြည့်ပါလားအစ်မ။

·

ဟုတ်​ကဲ့...စဉ်းစားထားပါတယ်​....ပြုလုပ်​ဖြစ်​မှာပါ...ခုလိုအကြံ​ပေးလို့​ကျေးဇူးပါ...

Posted using Partiko Android

Tissue သေးသေးလေးတွေခေါက်ထည့်ထားလို့ ရတယ်ပေါ့နော်အမ

·

ဟုတ်​ပါတယ်​...tissue​တွေ​ခေါက်​ထည့်ပြီးသုံးလို့ရပါတယ်​.....

Posted using Partiko Android