How to Make Accessories Box

in #myanmar6 years ago

ဒီတစ်​ခုက​တော့အတိုအထွာပစ္စည်း​လေးများထည့်​နိုင်​တဲ့accessories boxတစ်​ခုပါ။အလယ်​မှာကတ်​ထူကိုလက်​ကိုင်​ပုံစံပြုလုပ်​ထားပြီး၊တစ်​ဘက်​စီမှာပစ္စည်းထည့်​နိုင်​တဲ့ဘူးပုံစံပြုလုပ်​ကာပန်းပွင့်​များဖြင့်​အလှဆင်​ထားပါတယ်​။လိုအပ်​တဲ့ပစ္စည်း​တွေကကတ်​ထူ၊​ရောင်​စုံစာရွက်​၊ကတ်​​ကြေး၊​ကော်​ဘူး၊CD​ခွေအ​ဟောင်းတစ်​ချပ်​၊double tape၊ကတ်​​ကြေး၊​ကော်​ဘူး၊စသဖြင့်​လိုအပ်​ပါတယ်​။

img1545475788780.jpg

img1545475902588.jpg

ပထမအဆင့်​မှာကတ်​ထူတစ်​ခုဖြတ်​မယ်​။လက်​ကိုင်​ပါပြီး၊ပန်း​ရောင်​စာရွက်​ဖြင့်​​ကော်​ကပ်​လိုက်​ပါတယ်​။ပြီး​နောက်​CD​​ဟောင်းတစ်​ချပ်​ကိုအလယ်​မှတစ်​၀က်​တိတိဖြတ်​ပြီး၊အခြားကတ်​ထူကိုလိုအပ်​တဲ့အမြင့်​၊CDချပ်​ရဲ့ပတ်​လည်​၊​ကော်​ကပ်​လို့ရ​အောင်​​နေရာအပိုအနည်းငယ်​ချန်​၍ဖြတ်​ရမယ်​။နှစ်​ခုပြုလုပ်​ရမှာဖြစ်​ပြီး၊အစိမ်း​ရောင်​စာရွက်​ဖြင့်​​ကော်​ကပ်​လိုက်​ပါတယ်​။ထိုကတ်​ထူနှစ်​ခုကိုCDချပ်​နှစ်​ခုနှင့်​double tapeသုံးပြီး၊ပထမဆုံးပြုလုပ်​တဲ့လက်​ကိုင်​ပါတဲ့ကတ်​ထူရဲ့တစ်​ဘက်​စီမှာပုံပါအတိုင်းဆက်​လိုက်​ပါတယ်​။ဆက်​လက်​ပြီးပန်းပွင့်​များပြုလုပ်​ပါ့မယ်​။

IMG_20181222_092250.jpg

IMG_20181222_092428.jpg

IMG_20181222_093111.jpg

img1545476073592.jpg

ပန်းပွင့်​တစ်​ပွင့်​တွင်​အ​ရောင်​နှစ်​မျိုးဖြင့်​ပြုလုပ်​ရမှာဖြစ်​ပြီး၊စာရွက်​အလျားအနံတူညီစွာဖြတ်​လိုက်​ပါတယ်​။အလယ်​မှထက်​၀က်​ပိုင်း​ခေါက်​ချိုးမျဉ်းနှစ်​​ကြောင်း၊​ထောင့်​စွန်းမှတစ်​ဘက်​စီ​ခေါက်​ချိုးမျဉ်းနှစ်​​ကြောင်းယူပြီး၊ပုံပါအတိုင်းအတွင်းသို့​ခေါက်​လိုက်​ပါတယ်​။ပြီး​တော့တစ်​ဘက်​မှစက္ကူနှစ်​စကိုအလယ်​သို့​ခေါက်​ရမယ်​။ထိုစက္ကူ​ခေါက်​ပုံစံလိုမျိုးအများကြီး​ခေါက်​ရမှာဖြစ်​ပြီး၊ပန်းပွင့်​ပုံစံဖြစ်​​အောင်​တစ်​ခုနှင့်​တစ်​ခုဆက်​၍​ကော်​ကပ်​ပါတယ်​။ထိုနည်းအတိုင်းပန်းပွင့်​​လေးပွင့်​ပြုလုပ်​ထားပါတယ်​။ပြီး​နောက်​ပုံပါအတိုင်းနှစ်​ဘက်​စလုံးကို​ကော်​ကပ်​အလှဆင်​လိုက်​ပါတယ်​။

IMG_20181222_111248.jpg

IMG_20181222_112745.jpg

IMG_20181222_112904.jpg

IMG_20181222_141655.jpg

img1545475729106.jpg

img1545475641255.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

ကလေးတွေမြင်ရင် လိုချင်ရချင်မှာ

ဟုတ်​ပါတယ်​.. ..က​လေး​တွေလိုချင်​မှာ...​အ​ရောင်​စုံ​လေးဆို​တော့...☺

Posted using Partiko Android

နည်းပညာတွေ မြင့်လာပြီ။တော်ပါတယ်ဗျာ။

ဟုတ်​ကဲ့....​ကျေးဇူးပါ...ဆက်​ကြိုးစားပါ့မယ်

Posted using Partiko Android

ထမင်းဂျိုင့်​နဲ့သာတူ​တော့

😁😁😁ဟုတ်​တယ်​...​ပြောလိုက်​မှတူ​နေသလိုဘဲ.....

Posted using Partiko Android

ကာလာလေးတွေစပ်ထားတာ မြင်လိုက်တာနဲ့ လိုချင်စရာ ပစ္စည်းလေးဖြစ်နေပါတယ်ခင်ဗျာ။

ခုလိုအား​ပေးလို့​ပျော်​ပါတယ်​....ဆက်​ကြိုးစားပါ့မယ်​...​ကျေးဇူးပါ...

Posted using Partiko Android

လှတယ် ဗျို့

လှတယ်​ဆိုလို့ဆက်​ကြိုးစားပါ့မယ်​....

Posted using Partiko Android

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63470.48
ETH 2544.22
USDT 1.00
SBD 2.72