How to Make Accessories Box

in myanmar •  22 days ago

ဒီတစ်​ခုက​တော့အတိုအထွာပစ္စည်း​လေးများထည့်​နိုင်​တဲ့accessories boxတစ်​ခုပါ။အလယ်​မှာကတ်​ထူကိုလက်​ကိုင်​ပုံစံပြုလုပ်​ထားပြီး၊တစ်​ဘက်​စီမှာပစ္စည်းထည့်​နိုင်​တဲ့ဘူးပုံစံပြုလုပ်​ကာပန်းပွင့်​များဖြင့်​အလှဆင်​ထားပါတယ်​။လိုအပ်​တဲ့ပစ္စည်း​တွေကကတ်​ထူ၊​ရောင်​စုံစာရွက်​၊ကတ်​​ကြေး၊​ကော်​ဘူး၊CD​ခွေအ​ဟောင်းတစ်​ချပ်​၊double tape၊ကတ်​​ကြေး၊​ကော်​ဘူး၊စသဖြင့်​လိုအပ်​ပါတယ်​။

img1545475788780.jpg

img1545475902588.jpg

ပထမအဆင့်​မှာကတ်​ထူတစ်​ခုဖြတ်​မယ်​။လက်​ကိုင်​ပါပြီး၊ပန်း​ရောင်​စာရွက်​ဖြင့်​​ကော်​ကပ်​လိုက်​ပါတယ်​။ပြီး​နောက်​CD​​ဟောင်းတစ်​ချပ်​ကိုအလယ်​မှတစ်​၀က်​တိတိဖြတ်​ပြီး၊အခြားကတ်​ထူကိုလိုအပ်​တဲ့အမြင့်​၊CDချပ်​ရဲ့ပတ်​လည်​၊​ကော်​ကပ်​လို့ရ​အောင်​​နေရာအပိုအနည်းငယ်​ချန်​၍ဖြတ်​ရမယ်​။နှစ်​ခုပြုလုပ်​ရမှာဖြစ်​ပြီး၊အစိမ်း​ရောင်​စာရွက်​ဖြင့်​​ကော်​ကပ်​လိုက်​ပါတယ်​။ထိုကတ်​ထူနှစ်​ခုကိုCDချပ်​နှစ်​ခုနှင့်​double tapeသုံးပြီး၊ပထမဆုံးပြုလုပ်​တဲ့လက်​ကိုင်​ပါတဲ့ကတ်​ထူရဲ့တစ်​ဘက်​စီမှာပုံပါအတိုင်းဆက်​လိုက်​ပါတယ်​။ဆက်​လက်​ပြီးပန်းပွင့်​များပြုလုပ်​ပါ့မယ်​။

IMG_20181222_092250.jpg

IMG_20181222_092428.jpg

IMG_20181222_093111.jpg

img1545476073592.jpg

ပန်းပွင့်​တစ်​ပွင့်​တွင်​အ​ရောင်​နှစ်​မျိုးဖြင့်​ပြုလုပ်​ရမှာဖြစ်​ပြီး၊စာရွက်​အလျားအနံတူညီစွာဖြတ်​လိုက်​ပါတယ်​။အလယ်​မှထက်​၀က်​ပိုင်း​ခေါက်​ချိုးမျဉ်းနှစ်​​ကြောင်း၊​ထောင့်​စွန်းမှတစ်​ဘက်​စီ​ခေါက်​ချိုးမျဉ်းနှစ်​​ကြောင်းယူပြီး၊ပုံပါအတိုင်းအတွင်းသို့​ခေါက်​လိုက်​ပါတယ်​။ပြီး​တော့တစ်​ဘက်​မှစက္ကူနှစ်​စကိုအလယ်​သို့​ခေါက်​ရမယ်​။ထိုစက္ကူ​ခေါက်​ပုံစံလိုမျိုးအများကြီး​ခေါက်​ရမှာဖြစ်​ပြီး၊ပန်းပွင့်​ပုံစံဖြစ်​​အောင်​တစ်​ခုနှင့်​တစ်​ခုဆက်​၍​ကော်​ကပ်​ပါတယ်​။ထိုနည်းအတိုင်းပန်းပွင့်​​လေးပွင့်​ပြုလုပ်​ထားပါတယ်​။ပြီး​နောက်​ပုံပါအတိုင်းနှစ်​ဘက်​စလုံးကို​ကော်​ကပ်​အလှဆင်​လိုက်​ပါတယ်​။

IMG_20181222_111248.jpg

IMG_20181222_112745.jpg

IMG_20181222_112904.jpg

IMG_20181222_141655.jpg

img1545475729106.jpg

img1545475641255.jpg

Written by @asterkame
MSC-008
By my photos & made by me

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ကလေးတွေမြင်ရင် လိုချင်ရချင်မှာ

·

ဟုတ်​ပါတယ်​.. ..က​လေး​တွေလိုချင်​မှာ...​အ​ရောင်​စုံ​လေးဆို​တော့...☺

Posted using Partiko Android

နည်းပညာတွေ မြင့်လာပြီ။တော်ပါတယ်ဗျာ။

·

ဟုတ်​ကဲ့....​ကျေးဇူးပါ...ဆက်​ကြိုးစားပါ့မယ်

Posted using Partiko Android

ထမင်းဂျိုင့်​နဲ့သာတူ​တော့

·

😁😁😁ဟုတ်​တယ်​...​ပြောလိုက်​မှတူ​နေသလိုဘဲ.....

Posted using Partiko Android

ကာလာလေးတွေစပ်ထားတာ မြင်လိုက်တာနဲ့ လိုချင်စရာ ပစ္စည်းလေးဖြစ်နေပါတယ်ခင်ဗျာ။

·

ခုလိုအား​ပေးလို့​ပျော်​ပါတယ်​....ဆက်​ကြိုးစားပါ့မယ်​...​ကျေးဇူးပါ...

Posted using Partiko Android

လှတယ် ဗျို့

·

လှတယ်​ဆိုလို့ဆက်​ကြိုးစားပါ့မယ်​....

Posted using Partiko Android