Beautiful Paper Wall Hanging

in #myanmar6 years ago

Beautiful Paper Art

IMG_20180720_131550-01.jpeg

ဒီတစ်​ခါပြုလုပ်​ထားတာကနံရံမှာအလှဆင်​လို့ရတဲ့paper artတစ်​ခုပါ။အ​ရောင်​ကိုလည်းအများကြီးစပ်​ထားတာမဟုတ်​ဘဲလိ​မ္မော်​​ရောင်​တစ်​မျိုးတည်းနှင့်​ပြုလုပ်​ထားတာပါ။လိုအပ်​တဲ့ပစ္စည်း​တွေကလိ​မ္မော်​​ရောင်​စာရွက်​၊ကတ်​​ကြေး၊​ကော်​ဘူး၊ခဲတံ၊​ပေတံ၊စတာ​တွေလိုအပ်​ပါတယ်​။ပြုလုပ်​ရမည့်​အဆင့်​​တွေကကတ်​ထူကိုစက်​၀ိုင်းပုံဖြတ်​ရမယ်​။စာရွက်​ကိုအရွယ်​တူစက်​၀ိုင်းပုံစံဖြတ်​၍တွန့်​​ခေါက်​မယ်​။နောက်​တစ်​ခုကအလျား၊အနံတူညီ​အောင်​ဖြတ်​၍​ထောင့်​ဖြတ်​အတိုင်းတြိဂံပုံစာရွက်​ပြုလုပ်​ပြီးတွန့်​​ခေါက်​မယ်​။ပြီး​တော့နှင်းဆီပန်းပွင့်​​တွေကိုပြုလုပ်​နည်းနှစ်​မျိုးဖြင့်​ပုံ​ဖော်​ပါ့မယ်​။

IMG_20180719_112649.jpg

IMG_20180719_113345.jpg

IMG_20180719_114120.jpg

ပထမဆုံးက​တော့နှင်းဆီပွင့်​တစ်​ပွင့်​တည်းပြုလုပ်​ပါ့မယ်​။ပြုလုပ်​နည်းကအလျား၊အနံတူစက္ကူ​တွေဖြစ်​​အောင်​ဖြတ်​မယ်​။စုစု​ပေါင်း၆ရွက်​ဖြတ်​ပြီး​ခေါက်​ပါ့မယ်​။ထောင့်​ဖြတ်​မျဉ်းအတိုင်းစ၍​ခေါက်​ပြီး၊ပုံပါအတိုင်းအဆင့်​ဆင့်​​ခေါက်​ရမယ်​။ရရှိတဲ့စက္ကူ​ခေါက်​ကိုကတ်​​ကြေးဖြင့်​ပုံစံ​ဖော်​၍ဖြတ်​မယ်​။ဒီနည်းအတိုင်းကျန်​တဲ့စက္ကူများကိုလည်း​ခေါက်​၍ဖြတ်​မယ်​။ပြီး​တော့စက္ကူ​ခေါက်​​တွေကိုဖြန်.့၍ပုံမှာမြင်​ရတဲ့အတိုင်းစက္ကူ​ခေါက်​ရဲ့အချို့အစိတ်​အပိုင်းများကိုဖြတ်​လိုက်​မယ်​။ပြီး​နောက်​အနားနှစ်​ဘက်​ကို​ကော်​ကပ်​လိုက်​ပါ့မယ်​။ကော်​ကပ်​ပြီးရရှိလာတဲ့စက္ကူ​ခေါက်​​တွေကိုကြီးစဉ်​ငယ်​လိုက်​ထပ်​စီ၍​ကော်​ကပ်​ပြီးပန်းတစ်​ပွင့်​ဖန်​တီးမှာပါ။

IMG_20180719_114915.jpg

ဆက်​လက်​ပြီးနှင်းဆီပွင့်​များပြုလုပ်​ရန်​လိ​မ္မော်​​ရောင်​စာရွက်​ကိုညီညာစွာစီ၍၊ဒီအ​ပေါ်မှာပုံဆွဲလိုက်​ပါ့မယ်​။ပြီး​နောက်​ကတ်​​ကြေးဖြင့်​ဖြတ်​၍အစမှအတွင်းဘက်​သို့လှိမ့်​​ခေါက်​ကာအဆုးံမှာ​ကော်​ကပ်​ရမှာပါ။ဒီနည်းအတိုင်းနှင်းဆီပွင့်​များပြုလုပ်​ရမှာပါ။

IMG_20180718_214039.jpg

IMG_20180718_214313.jpg

IMG_20180718_221152.jpg

ဆက်​လက်​ပြီးလိ​မ္မော်​​ရောင်​စာရွက်​များကို​ခေါက်​ရင်းpaper artနှစ်​ခုပြုလုပ်​ပါ့မယ်​။ပထမတစ်​ခုမှာစာရွက်​ကိုစက်​၀ိုင်းပုံဖြတ်​၍တွန့်​​ခေါက်​မယ်​။ပြီး​နောက်​အလယ်​မှ​ခေါက်​ချိုးကာ​ကော်​ကပ်​မှာဖြစ်​ပြီး၊ဒီပုံစံအတိုင်းစက္ကူ​ခေါက်​များပြုလုပ်​လိုက်​မယ်​။

IMG_20180718_170608.jpg

IMG_20180718_170632.jpg

ပြီး​တော့​နောက်​တစ်​ခုကိုအလျား၊အနံတူညီတဲ့စာရွက်​ကို​ထောင့်​စွန်းမှဖြတ်​မယ်​။ထိုအခါအနားသုံးနားစက္ကူကိုရမှာပါ။ပြီး​တော့တွန့်​​ခေါက်​ပြီး၊အလယ်​မှ​ခေါက်​ချိုး​ကော်​ကပ်​ရမှာပါ။ဒီနည်းအတိုင်းစက္ကူ​ခေါက်​များပြုလုပ်​မယ်​။

IMG_20180718_171846.jpg

IMG_20180718_172145.jpg

ရရှိလာတဲ့စက္ကူ​ခေါက်​နှင့်​ပန်းပွင့်​များကိုအလှဆင်​​ကော်​ကပ်​ရန်​၊စက်​၀ိုင်းပုံစံကတ်​ထူကိုဖြတ်​ရမှာပါ။ဒီအ​ပေါ်မှာမှစက္ကူ​ခေါက်​များနှင့်​ပန်းပွင့်​များကို​ကော်​ကပ်​ပြီးနံရံမှာအလှဆင်​နိုင်​တဲ့paper artတစ်​ခုပြုလုပ်​လိုက်​တာပါ။

IMG_20180718_221358.jpg

IMG_20180719_115529.jpg

My paper wall hanging

IMG_20180720_131506-01.jpeg

Thank you
Written by @asterkame
MSC-008
By my photos & made by me

Sort:  

လှပတဲ့လက်ရာတစ်ခုပါ
မဂ်လာဆောင်တွေမှာသုံးလို့ရမယ်နဲ့တူတယ်

ဟုတ်​ကဲ့...ကိုယ်​သုံးချင်​တဲ့စာရွက်​အမျိုးအစားနဲ့ဒီပြုလုပ်​နည်းအတိုင်းပန်းအလှဆင်​လို့ရပါတယ်​...​ကျေးဇူးပါ...

တစ်ကယ့်ကို လှပပြီး အသုံးဝင်တဲ့ Wall Hanging လေးပါပဲဗျ
လက်ဆောင်ပေးလည်း အဆင်ပြေနိုင်တယ် Good တယ်ဗျ

အား​ပေးလို့​ကျေးဇူးပါ
လှတာ​လေး​တွေဆက်​ပြီးပြုလုပ်​ပါ့မယ်​...

လုပ်‌တတ်‌ပါ‌ပေ့ညီမ‌ရေလှတယ်‌။

ဟုတ်​ကဲ့...​ကျေးဇူးပါ...
ဆက်​ကြိုးစားပါ့မယ်​.. ...

လှတယ်​​နော်​ ညီမက ဒီအလုပ်​ကိုဝါသနာကြီးတယ်​​နော်

လှတယ်​ဆိုလို့​ကျေးဇူးပါ.. ..😊
အား​ပေးလို့​ပျော်​ပါတယ်​....

လှပပြီး အသစ်လေးတွေတင်ပြတာ မရိုးပါဘူး

ဆက်​ပြီးမရိုးရ​အောင်​ပုံ​ဖော်​ကြိုးစားပါ့မယ်​...​ကျေးဇူးပါ....

တော်တော်လေး လှပပြီး ကောင်းမွန်ပါတယ်။ပန်းပွင့်လေးဖော်ထားတာ ပေါ်လွင်ပြီး အရမ်းလှပါတယ်အစ်မ။

ဟုတ်​ကဲ့...ဆက်​ကြိုးစားပါ့မယ်
အား​ပေးလို့​ကျေးဇူးပါ

ချစ်စရာ ပန်းပုံလေး အစစ်တောင်အဲ့လောက်လှမှာ မဟုတ်ဘူး 😊😊

ဆက်​ပြီးလည်းလှပတာ​လေး​တွေပြုလုပ်​ပါဦးမယ်​...​ကျေးဇူးပါ....

လှလှလေးတွေ တနေ့တမျိုး မရိုးရဘူးနော်

အင်း...​ကျေးဇူးပါ
ဆက်​ကြိုးစားပါ့မယ်

လှပသေသပ်နေရော... quelling လုပ်ရတာ ခက်မှာပဲနော်... စိတ်ဝင်စားတယ် ဒါပေမယ့် ခုချိန်ထိ မလုပ်ကြည့်ဖြစ်သေးဘူး ။ ဒီလိုလေးလည်း လုပ်ကြည့်ချင်သေးတာ..။ 38aeb62a516b1f803a4c1032bbc19fdb.jpg

လှလိုက်​တာပုံ​လေး....
ဟုတ်​တယ်​quillingကလက်​၀င်​တယ်​...စိတ်​၀င်​စားရင်​အားတဲ့အချိန်​​လေးလုပ်​ကြည့်​ပါ...

ပထမဆုံးပုံက ပန်း​လေးလိုချင်​တယ်

အင်း...ဒီပြုလုပ်​နည်းအတိုင်း​ရောင်​စုံပြုလုပ်​ရင်​လည်းလှတယ်​...

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.029
BTC 62497.97
ETH 2428.72
USDT 1.00
SBD 2.65