Beautiful Paper Art

in #myanmar6 years ago

Beautiful Paper Art

img1539516823807.jpg

ဒီတစ်​ခါမှာ​တော့အလှထားလို့ရ​အောင်​ပုံစံတစ်​မျိုးနှင့်​paper artတစ်​ခုပြုလုပ်​လိုက်​ပါတယ်​။လိုအပ်​တဲ့ပစ္စည်း​တွေက​တော့​ရောင်​စုံစာရွက်​၊ကတ်​ထူ၊ကတ်​​ကြေး၊​ကော်​ဘူး၊ခဲတံ၊​ပေတံ၊ဖဲကြိုးစသဖြင့်​လိုအပ်​ပါတယ်​။ပထမဆုံးမြင်​လိုက်​ရင်​ခက်​ခဲမယ်​ထင်​ရ​ပေမဲ့၊ပြုလုပ်​နည်းသိပြီးရင်​​တော့လွယ်​ကူပါတယ်​။ပြုလုပ်​ရမည့်​အဆင့်​​တွေကအသည်းပုံကတ်​ထူနှစ်​ခုဖြတ်​မယ်​။ပြီး​နောက်​ပုံမှာမြင်​ရတဲ့အစိမ်းနှင့်​ပန်း​ရောင်​အပွင့်​များပြုလုပ်​မယ်​။အဖြူ​ရောင်​စက္ကူအလိပ်​တစ်​ခုပြုလုပ်​မယ်​။ပြီး​တော့ဘူးခွံဖြတ်​ပြီး၊ပန်းအိုးပုံစံပြုလုပ်​ကာဖဲကြိုးချည်​လိုက်​ပါတယ်​။

img1539516909398.jpg

ပထမဆုံးအဆင့်​မှာအစိမ်း​ရောင်​နှင့်​ပန်း​ရောင်​စက္ကူများပြုလုပ်​ပါ့မယ်​။အရွယ်​တူစက်​၀ိုင်း​တွေဖြတ်​လိုက်​ပါတယ်​။ပြီး​တော့​maker penမှာပုံမှာမြင်​ရတဲ့အတိုင်းစက်​၀ိုင်းပုံစက္ကူ​တွေကိုခွက်​ပုံစံမျိုးရ​အောင်​​ခေါက်​လိုက်​ပါတယ်​။ထိုနည်းအတိုင်းအစိမ်း​ရောင်​၊ပန်း​ရောင်​စက္ကူ​ခေါက်​များပြုလုပ်​လိုက်​ပါတယ်​။ဆက်​လက်​ပြီးကတ်​ထူစက္ကူမှာအသည်းပုံဆွဲပြီး၊ဖြတ်​ကာပုံစံတူနှစ်​ခုပြုလုပ်​လိုက်​ပါတယ်​။ခုနကပြုလုပ်​ပြီးတဲ့စက္ကူ​ခေါက်​​တွေကိုအသည်းပုံကတ်​ထူ​ပေါ်အပြင်​ဘက်​ကအစိမ်း​ရောင်​နှင့်​အတွင်းဘက်​ပန်း​ရောင်​စက္ကူ​ခေါက်​များ​ကော်​ကပ်​လိုက်​ပါတယ်​။ဒီနည်းအတိုင်းနှစ်​ခုပြုလုပ်​လိုက်​ပါတယ်​။

IMG_20181014_112141.jpg

IMG_20181014_112322.jpg

IMG_20181014_120946.jpg

ပြီး​တော့အဖြူ​ရောင်​စက္ကူအလိပ်​တစ်​ခုပြုလုပ်​လိုက်​ပါတယ်​။စက္ကူလိပ်​ရဲ့တစ်​ဘက်​မှာ​တော့အဖြူ​ရောင်​စာရွက်​ကို​ခေါက်​ပြီး၊ပတ်​လိုက်​ပါတယ်​။ဆက်​လက်​ပြီးကတ်​ထူဘူးခွံတစ်​ခုကိုဖြတ်​ကာအဖြူ​ရောင်​စာရွက်​ဖြင့်​​ကော်​ကပ်​လိုက်​ပါတယ်​။ခုနကပြုလုပ်​ပြီးတဲ့အသည်းပုံနှစ်​ခုနှင့်​အဖြူ​ရောင်​စက္ကူအလိပ်​ကိုအလယ်​မှာထားပြီး၊ခိုင်​ခံ့​စွာ​ကော်​ကပ်​လိုက်​ပါတယ်​။ပြီး​နောက်​အဖြူ​ရောင်​ဘူးခွံထဲထည့်​ကာခိုင်​ခံ့စွာ​ကော်​ကပ်​လိုက်​ပါတယ်​။အစိမ်း​ရောင်​ဖဲကြိုးဖြင့်​ထပ်​မံချည်​လိုက်​ပါတယ်​။

IMG_20181014_113833.jpg

img1539516769544.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

အသည်းပုံလေးတွေ အရမ်းလန်း

Posted using Partiko Android

အလန်း​လေးလုပ်​ထားပါတယ်​...​ကျေးဇူးပါ...

Posted using Partiko Android

အင်း လှတယ်ကွယ် ပေးရမည့်သူက များတော့
လုပ်နိုင်မယ်မထင်ပါဘူး 😁

အဟီး....ကူ​ပေးပါ့မယ်​...လူများ​နေလို့😀

Posted using Partiko Android

လက်ဆောင်ပေးလို့ကောင်းတယ်နော်အမ လှတယ်

ဟုတ်​တယ်​...လက်​​ဆောင်​​ပေးလို့​ကောင်းပါတယ်​....

Posted using Partiko Android

လှလိုက်တာ အသည်းလေးက

အသည်းအလှ​လေး...နှစ်​​ရောင်​စပ်​​လေး​ပေါ့😊
ကျေးဇူးပါ....

Posted using Partiko Android

ချစ်စရာ အသည်းပုံ ပန်းအိုးလေးပါလား လက်ရာလေးက သေသပ်လိုက်တာ ညီမရေ

Posted using Partiko Android

ချစ်​စရာ​လေးဆိုလို့​ပျော်​ပါတယ်​😊...​နောက်​လည်းဆက်​ပြုလုပ်​ပါဦးမယ်​...

Posted using Partiko Android

Wow beautiful!

ဟုတ်​ကဲ့...​ကျေးဇူးပါ...

Posted using Partiko Android

အသည်းပုံလေး ချစ်စဖွယ်

Posted using Partiko Android

ပုံစံတစ်​မျိုးလုပ်​ကြည့်​ထားတာပါ...​ကျေးဇူးပါ...

Posted using Partiko Android

ပေးစရာလူရှာဦးမှဘာ

ပေးဖို့မရှိ​သေးရင်​သိမ်းထားလို့ရပါတယ်​😀

Posted using Partiko Android

ကပ်​သီးကပ်​သပ်​ စိတ်​ကူး​ပေါ်တယ်​ဟယ်
တစ်​ရှူး​တွေ​ရော အသုံးကိုတည့်​လို့

😀😀ဒီလို​ပေါ့...လက်​​ဆောင်​​ပေးလို့ရတယ်​...လုပ်​ထားအုံး....

Posted using Partiko Android

မမ လက်​ရာ​လေး​တွေ မ​တွေ့ရတာ​တောင်​ ကြာပြီ 😄😄

Posted using Partiko Android

ဟုတ်​တယ်​...မ​တွေ့တာကြာပြီ...😀

Posted using Partiko Android

မလာဖြစ်​တာပါဗျာ 😁😁

Posted using Partiko Android

ဟုတ်​ဟုတ်​😀

Posted using Partiko Android

😄😄

Posted using Partiko Android

ဒီပုံက နည်းနည်းရိုးသလိုပဲ။အသည်းပုံမဟုတ်ပဲ နှစ်ဘက်ခွဲလိုက်ရင်ပိုလှမလားလို့

ဟုတ်​ကဲ့...အသည်းပုံတစ်​ခုတည်းဆို​တော့ရှင်းသွားတယ်​...အကြံ​ပေးလို့​ကျေးဇူးပါ...

Posted using Partiko Android

ဟုတ်​ကဲ့...အသည်းပုံတစ်​ခုတည်းဆို​တော့ရှင်းသွားတယ်​...အကြံ​ပေးလို့​ကျေးဇူးပါ...

Posted using Partiko Android

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 62860.75
ETH 3112.64
USDT 1.00
SBD 3.86