Beautiful Accessories Box

in #myanmar6 years ago

Beautiful Accessories Box
img1522828694478.jpg

img1522828773349.jpg

ဒီတစ်​ခါမှာ​တော့ညီမ​လေးတစ်​​ယောက်​ကသူ့ကိုခဲတံ၊​ဘောလ်​ပင်​၊​ပေတံစတဲ့စာ​ရေးကိရိယာလည်းထည့်​လို့ရ​အောင်​၊ပြီး​တော့​ခေါင်းစည်းကြိုးလည်းထည့်​ဖို့boxတစ်​ခုပြုလုပ်​​ပေးပါတဲ့။နှင်းဆီပန်းလည်းပါရမယ်​။အ​ရောင်​လည်းစုံ​အောင်​ထည့်​​ပေးပါဆိုလို့သူ့စိတ်​တိုင်းကျလုပ်​​ပေးထားတာပါ။ပထမဆုံး​တော့လိုအပ်​တာ​တွေ​ခေါက်​ပြီး​ကော်​ကပ်​ကာစု​ဆောင်းပါ့မယ်​။
IMG_20180327_222606.jpg

IMG_20180404_143737.jpg

ဒါက​တော့​အောက်​​ခြေမှာသုံးဖို့ကတ်​ထူဘူးအလွယ်​တကူရှာမရလို့ကိုယ်​တိုင်​​ခေါက်​လိုက်​ပါတယ်​။ကတ်​ထူတစ်​ရွက်​မှာခဲတံနှင့်​​ပေတံသုံးပြီးအတိုင်းအတာမှတ်​ပါ့မယ်​။ဘေးနှစ်​ဘက်​အကွက်​ကလိုချင်​တဲ့အမြင့်​ပါ။အလယ်​မှာ​တော့ဘူးရဲ့လိုချင်​တဲ့အရွယ်​အစားအတိုင်းမှတ်​မှာပါ။ပြီး​တော့မျဉ်းဆွဲပြီးအပြင်​ဘက်​မျဉ်းအထိကတ်​​ကြေးနှင့်​ဖြတ်​မှာပါ။ထို့​နောက်​​ခေါက်​ကာ​ကော်​ကပ်​ပြီးဘူးခွံပုံစံရမှာပါ။အ​ရောင်​စုံစာရွက်​နှင့်​ထပ်​မံဖုံးလိုက်​ပါ့မယ်​။
IMG_20180404_143822.jpg

ဒီတစ်​ခုကို​တော့လိုချင်​တဲ့အတိုင်းတာဖြတ်​ပြီးပန်းစာရွက်​နှင့်​အ​ပေါ်မှဖုံးပြီး​ကော်​ကပ်​လိုက်​ပါ့မယ်​။

IMG_20180321_223500.jpg

IMG_20180321_223539.jpg

ကတ်​ထူဘူးခွံ​လေးခုယူပါ့မယ်​။မလိုတဲ့အပိုင်း​တွေဖြတ်​ပြီး​တော့ပုံမှာမြင်​ရတဲ့ပုံစံအတိုင်းပုံ​ဖော်​ကာကတ်​​ကြေးနှင့်​ဖြတ်​မှာပါ။ကတ်​ထူဘူးခွံ​လေးခုကိုနှစ်​ခုစီပုံစံနှစ်​မျိုးဖြတ်​ပါ့မယ်​။ရရှိလာတဲ့ဘူးခွံ​တွေကို​တော့အပြာ​ရောင်​နှင့်​ပန်း​ရောင်​စာရွက်​ကိုသုံးပြီးတစ်​ခုလုံးဖုံးအုပ်​ကာ​ကော်​ကပ်​လိုက်​ပါ့မယ်​။

IMG_20180322_103602.jpg

IMG_20180322_103935.jpg

IMG_20180322_110550.jpg

ပြီး​တော့ပန်းပွင့်​နှင့်​အရွက်​​လေး​တွေပြုလုပ်​မှာပါ။ပန်းက​တော့နှင်းဆီပြုလုပ်​နည်းပါ။နှင်းဆီပွင့်​ကို​တော့အပြာ​ရောင်​နှင့်​ပန်း​ရောင်​စာရွက်​ကိုအသုံးပြုပါ့မယ်​။စာရွက်​​ပေါ်စက်​၀ိုင်းပုံတစ်​ပတ်​ပြီးတစ်​ပတ်​ဆွဲပါ့မယ်​။ပြီး​နောက်​ကတ်​​ကြေးနှင့်​ဖြတ်​မှာပါ။ဆွဲထားတဲ့မျဉ်းအတိုင်းဖြတ်​မှာပါ။အပြင်​ဘက်​အစက​နေပြီး​အဆုံးထိ​ခေါက်​ကာ​ကော်​ကပ်​လိုက်​မယ်​။ဒီနည်းအတိုင်းနှင်းဆီပွင့်​အများကြီး​ခေါက်​လိုက်​မှာပါ။အရွက်​ကို​တော့စာရွက်​ကိုအထပ်​ထပ်​​ခေါက်​ပြီးဒီ​အ​ပေါ်မှာအရွက်​ပုံဆွဲပြီးတစ်​ခါတည်းဖြတ်​လိုက်​မှာပါ။

IMG_20180322_112830.jpg

လိုအပ်​တာ​တွေရပြီဆို​တော့ကတ်​ထူဘူးခွံရဲ့ဘယ်​ဘက်​​ထောင့်​စွန်းမှာကတ်​ထူစာရွက်​ကိုအညီအမျှ​ခေါက်​ပြီး​ကော်​ကပ်​မှာပါ။ဖြတ်​ထားတဲ့ဘူးခွံ​လေးခုကို​တော့ပုံမှာမြင်​ရတဲ့အ​နေထားအတိုင်း​နေရာချပြီး၊နှင်းဆီပွင့်​နှင့်​အရွက်​​တွေကို​တော့ပုံပါအတိုင်းအလှဆင်​​ကော်​ကပ်​လိုက်​မယ်​။လူကြီး​တွေအ​နေနှင့်​​တော့ကြည့်​ရတာအနည်းငယ်​ရှုပ်​​နေတယ်​ထင်​ရ​ပေမဲ့က​လေးအကြိုက်​​လေးပါ။

IMG_20180404_150536.jpg

img1522828694478.jpg
Thank you
Written by @asterkame
MSC-008
By my photos & made by me

Sort:  

မြိတ်လာပြီး အကုန်လာယူရမလား ယွန်းရေ😍😍လုပြသမျှတွေ ကြွေနေပီလေ 😁

ယူပါ@kyi...အကုန်​လာယူလိုက်​...​ပေးပါမယ်​ 😁😁😁

Accessory ဆိုလို့သတိရတယ် ကျနော်လည်း သစ်သားနဲ့လုပ်ထားတဲ့ Accessory box လေးတွေခုတလောရောင်းဖြစ်နေတယ်ခင်ဗျဟီးးးးးးဒါနဲ့အမလုပ်ထားတာလေးလည်းလှပါတယ်လို့စ်..

ဟု....အား​ပေးလို့​ကျေးဇူးပါ...ဒါနဲ.ဘုတာအဆင်​​ပြေလား?...😀

ဘုတညအဆင်ပြေတယ်ဗျ မန့်ဘုပိုပီးအဆင်ပြေတယ်sbd လည်းမဆုံးဘဲ steempower ပြန်ရတယ်ဗျကျနော်တော့အတော်လေးကြိုက်တယ်ဗျာ

စကား မစပ်​ ကိုသာ​အေး၊ အမရဲ့ box ​လေး​တွေ လုပ်​ပြီး​ရောင်းပါလားဗျ...☺☺

အရမ်းလှတဲ့ လက်ရာလေးတွေပါအမ

ခုလိုအား​ပေးလို.​ကျေးဇူးပါ...

ဟုတ်​ကဲ့...​ကျေးဇူးပါရှင့်​...

စိတ်ရှည်တာကို အားကျလိုက်တာရှင်

ဟုတ်​...ခုလိုအား​ပေးလို.လည်း​ကျေးဇူးပါ....

လုပ်​တက်​ချင်​တယ်

စာဖတ်​ရင်းပုံ​လေး​တွေကြည့်​ပြီးလုပ်​ကြည့်​ပါ။အဆင်​​ပြေမှာပါ...😊

မရိုးအောင်လည်းလုပ်နိုင်ပါ့

အင်း...​နောက်​လည်းကြိုးစားပိုစ့်​တင်​ပါဦးမယ်​...

professional ကျလွန်းပါတယ်အမ

အား​ပေးလို့​ကျေးဇူးပါ...၀ါသနာပါလို့ပါ...

တော်တော်လေးလှပြီး စနစ်တကျ ပြုလုပ်ထားတာတွေ့ရပါတယ်။ဒီလိုဒီဇိုင်းလှလှလေးတွေ လုပ်နိုင်နေတဲ့ အစ်မ ပို၍ပို၍အောင်မြင်ပါစေလို့ ဆုတောင်းပေးနေပါတယ်။

ဟုတ်​ကဲ့...​နောက်​လည်းကြိုးစားပိုစ့်​တင်​ပါ့မယ်​...လိုအပ်​တာရှိရင်​​ပြောပြ​ပေးပါ...

Skynet teen ထဲကလာတာ‌တောင်‌ ညီမ‌လောက်‌မလှဘူး။ Tv က ပုံ‌တွေက ရိုးတယ်‌။

ဟုတ်​ကဲ့bro...ခုလိုအား​ပေးလို.​ကျေးဇူးပါ...လိုအပ်​တာရှိလည်း​ပြောပြ​ပေးပါ...

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.029
BTC 61795.04
ETH 3458.89
USDT 1.00
SBD 2.52