How to Make Beautiful Postcard

in #myanmar6 years ago

Beautiful Postcard

img1533802231077.jpg

ဒီတစ်​ခုက​တော့​ရောင်​စုံစက္ကူများနှင့်​ပြုလုပ်​ထားတဲ့paper postcardတစ်​ခုပါ။ပန်းပွင့်​​တွေ၊ဖဲကြိုးနှင့်​လှပ​အောင်​ပြုလုပ်​ထားတာပါ။ဒီလိုpostcardတစ်​ခုဖြစ်​ရန်​ပြုလုပ်​ရမည့်​အဆင့်​​တွေကကတ်​ထူတစ်​ခုကိုအနီ​ရောင်​စာရွက်​ဖြင့်​​ကော်​ကပ်​ရမှာဖြစ်​ပြီး၊​ရှေ့ဘက်​မှာအလှဆင်​ရန်​ပန်းပွင့်​များပြုလုပ်​ရမှာပါ။ပြီး​တော့အတွင်းဘက်​မှာ​တော့အစိမ်းနု​ရောင်​စာရွက်​ဖြင့်​အနားကွပ်​ကာ၊အ​ရောင်​သုံးမျိုး၊အရွယ်​အစားသုံးမျိုးစာရွက်​ကိုတွန့်​​ခေါက်​ကာ​၊အလယ်​​ခေါက်​ချိုးမှာ​ကော်​ကပ်​ရမှာပါ။လိုအပ်​တဲ့ပစ္စည်းများစုပါ့မယ်​။ကတ်​ထူ၊​ရောင်​စုံစာရွက်​၊ကတ်​​ကြေး၊​ကော်​ဘူး၊ခဲတံ၊​ပေတံ၊စသဖြင့်​လိုအပ်​မှာပါ။

img1533802631024.jpg

ပထမအဆင့်​မှာ​တော့ပန်းပွင့်​​လေး​တွေပြုလုပ်​ချင်​ပါတယ်​။ပန်းပွင့်​ပြုလုပ်​ရန်​အ၀ါ​ရောင်​စာရွက်​ကိုအလျား၊အနံတူညီ​အောင်​ဖြတ်​ရပါ့မယ်​။ပြီး​တော့​ထောင့်​ဖြတ်​အတိုင်း​ခေါက်​ချိုးလိုက်​မယ်​။ထပ်​မံပြီး​နောက်​တစ်​ကြိမ်​​ခေါက်​ရမယ်​။ပြီး​တော့မှစက္ကူ​ခေါက်​​ပေါ်ပုံဆွဲပြီးကတ်​​ကြေးဖြင့်​ဖြတ်​မယ်​။စက္ကူ​ခေါက်​ကိုဖြန့်​လိုက်​တဲ့အခါပန်းပွင့်​ပုံစံရလာမှာပါ။ဒီနည်းအတိုင်းအ၀ါ​ရောင်​ပန်းပွင့်​​တွေပြုလုပ်​ပါ့မယ်​။

IMG_20180808_164601.jpg

ကဒ်​ရဲ့​ရှေ့ဘက်​မျက်​နှာမှာအစိမ်းနု​ရောင်​စာရွက်​ကိုသုံးပြီး၊စာရွက်​ကို​ခေါက်​ကာပုံဆွဲလိုက်​ပါ့မယ်​။ပြီး​နောက်​ကတ်​​ကြေးဖြင့်​ဖြတ်​ပြီး၊ကဒ်​ရဲ့​ရှေ့ဘက်​အနားမှာ​ကော်​ကပ်​လိုက်​မှာပါ။ခုနကပြုလုပ်​ထားတဲ့ပန်းပွင့်​​တွေကို​တော့အနား​တွေကို​ပေတံဖြင့်​အနည်းငယ်​ကွပ်​ပြီး၊​ကော်​ကပ်​လိုက်​မယ်​။ပန်းစည်းပုံစံ​ယောင်​​ယောင်​ပုံ​ဖော်​ချင်​တာ​ကြောင့်​၊အနက်​​ရောင်​ဖြင့်​မျဉ်း​တွေဆွဲပြီး၊အပြာ​ရောင်​ဖဲကြိုးကိုချည်​၍​ကော်​ကပ်​လိုက်​ပါ့မယ်​။ဒါက​တော့အ​ရှေ့ဘက်​အလှဆင်​တာပါ။အတွင်းဘက်​အလှဆင်​တာကိုဆက်​​ပြောပြပါ့မယ်​။

IMG_20180809_134835.jpg

IMG_20180809_135258.jpg

img1533802264869.jpg

ကဒ်​ရဲ့အတွင်းဘက်​ကို​တော့အဖြူ​ရောင်​အပြည့်​​ကော်​ကပ်​ကာအနားသတ်​​တွေကိုအစိမ်းနု​ရောင်​အနားကွပ်​လိုက်​ပါ့မယ်​။ပြီး​တော့အစိမ်း၊အပြာ၊အနီစာရွက်​​တွေကိုဖြတ်​လိုက်​ပါ့မယ်​။အစိမ်း​ရောင်​ကအရွယ်​အစားအကြီးဆုံးဖြတ်​ပြီး၊အနီ​ရောင်​ကအ​သေးဆုံဖြတ်​လိုက်​ပါ့မယ်​။သုံးခုကိုမတူ​အောင်​ဖြတ်​လိုက်​ပါ့မယ်​။ပြီး​နောက်​တွန့်​​ခေါက်​ပြီးကတ်​ထူရဲ့အလယ်​မှာညီညာစွာ​နေရာချပြီး၊​ကော်​ကပ်​လိုက်​ပါ့မယ်​။ဒါဆိုရင်​ကဒ်​ကိုအဖွင့်​အပိတ်​လုပ်​တဲ့အခါပုံပါအတိုင်းမြင်​ရမှာပါ။

IMG_20180809_135805.jpg

Beautiful postcard

img1533802341511.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

Thank you so much

မြက်​ခင်းပုံ​လေးနဲ့ ပန်း​လေးနဲ့ ပုံ​ဖော်​ထားတာ အရမ်း ချစ်​စရာ​ကောင်းပါတယ်

ခုလိုအား​ပေးတာ​ပျော်​ပါတယ်​....​နောက်​လည်းမရိုးရ​အောင်​ဆက်​ကြိုးစားပါ့မယ်​...

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

Thank you so much

လှတယ် ဗျ

ဟုတ်​ကဲ့...​ကျေးဇူးပါ....

တကယ့်​ကိုအနုပညာ​မြောက်​ပါတယ်​ ညီမ​ရေ

ဟုတ်​ကဲ့...ဒီလိုအား​ပေးတာလည်းခွန်​အားဘဲ....​နေ့တိုင်းတင်​နိုင်​​အောင်​လည်းကြိုးစား​နေတယ်​...

ညီမရဲ့ လုပ်‌အားနှုန်းကို ‌လေးစားတယ်‌။တကယ်‌အားထည့်‌ထားတာဘဲ။ချစ်‌စရာ‌လေးမို့ သိမ်းထားချင်‌မိပါတယ်‌။

သိမ်းထားလို့ရပါတယ်​....​နေ့တိုင်းပိုစ့်​တင်​နိုင်​​အောင်​လည်းဆက်​ကြိုးစားပါ့မယ်​....အား​ပေးလို့​ကျေးဇူးပါ.. ...

postcardလေးက တော်တော်လှတယ် sis။

လှတယ်​ဆိုလို့​ကျေးဇူးပါ...

cute design with good idea ; thanks for sharing

Thanks for your support comment

လှပပြီး နှစ်သက်စရာကောင်းတဲ့ postcard လေးတစ်ခုဖြစ်ပါတယ်။ဆန်းသစ်သော ဖန်တီးမှုပုံစံလေးတစ်ခုလို့ ထင်မြင်မိပါတယ်။

ဟုတ်​ကဲ့...​ကျေးဇူးပါ...ဆက်​ပြီးကြိုးစားပါ့မယ်... ..

အမြဲအားပေးလျက်ပါ@aster

ဟုတ်​ကဲ့...အား​ပေးလို့​ကျေးဇူးပါ.. ..

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 63706.08
ETH 2615.50
USDT 1.00
SBD 2.82