How to Make Paper Dressing Table

in #myanmar6 years ago

Paper Dressing Table

IMG_20180520_113710-01.jpeg

IMG_20180520_113815-01.jpeg

ဒီတစ်​ခါမှာ​တော့dressing tableတစ်​ခုပြုလုပ်​ထားတာပါ။ဒီတစ်​ခုမှာကတ်​ထူစက္ကူနှင့်​ကတ်​ထူဘူးခွံ၊​ရောင်​စုံစာရွက်​နှင့်​ခဲတံ၊​ပေတံ၊​ကော်​ဘူးစသဖြင့်​လိုအပ်​တာပါ။
ပြုလုပ်​ရမည့်​အဆင့်​​တွေက​တော့​ဘေးဘက်​​ဘောင်​နှစ်​ခုအတွက်​ကတ်​ထူကိုဖြတ်​ပြီး​ကော်​ကပ်​မယ်​။နောက်​​ကျောဘက်​အတွက်​ကိုလည်းအလျားတိုင်းတာပြီးကတ်​​ကြေးဖြင့်​ဖြတ်​၍​ကော်​ကပ်​မယ်​။ဒီတစ်​ခုမှာ​တော့အံဆွဲတစ်​ခုပါဝင်​တာ​ကြောင့်​အံဆွဲအတွက်​ကတ်​ထူကိုတိုင်းတာပြီးဖြတ်​၍ပုံ​ဖော်​ရမှာပါ။ပြီး​တော့မှအံဆွဲအဖုံး​ပေါ်မှာအလှဆင်​ရန်​နှင့်​dressing tableတစ်​ခုလုံးကိုစာရွက်​အပိုင်းပိုင်းဖြတ်​ပြီးပုံစံ​ဖော်​​ကော်​ကပ်​မှာပါ။

IMG_20180520_112559.jpg

IMG_20180520_112627.jpg

ဒါက​တော့ကတ်​ထူဘူးခွံတစ်​ခုပါ။10",9.5"အတိုင်းအတာရှိပါတယ်​။၎င်းကိုမလိုတဲ့အစိတ်​အပိုင်းများဖြတ်​ပြီး၊ဘူးခွံတစ်​ခုလုံးကို​ရောင်​စုံစက္ကူနှင့်​ဖုံးအုပ်​​ကော်​ကပ်​ရမှာပါ။

IMG_20180506_094852.jpg

IMG_20180520_112745.jpg

ဒီအဆင့်​မှာ​တော့​ဘေးဘက်​အတွက်​ကတ်​ထူနှစ်​ခုကိုဖြတ်​ရမှာပါ။ခုနကကတ်​ထူဘူးခွံရဲ့အရှည်​အလျားထက်​အနည်းငယ်​ပိုယူပြီး11"ဖြတ်​ယူမယ်​။အမြင့်​ကို​တော့8"ယူပြီးပုံမှာပြထားတဲ့အတိုင်းပုံစံ​ဖော်​၍ဖြတ်​မှာပါ။ထိုနည်းအတိုင်း​ဘေးဘက်​​ဘောင်​နှစ်​ခုအတွက်​အရွယ်​အစားတူဖြတ်​ပြီးအပြာ​ရောင်​စာရွက်​သုံးပြီးတစ်​ခုလုံးကိုဖုံးအုပ်​၍​ကော်​ကပ်​လိုက်​မယ်​။ဒါက​တော့​ဘေးဘက်​အတွက်​ပါ။ပြီး​တော့ခုနကပြုလုပ်​ပြီးတဲ့ကတ်​ထူဘူးခွံရဲ့​ဘေးနှစ်​ဘက်​မှာခိုင်​ခံ့စွာ​ကော်​ကပ်​လိုက်​မယ်​။

IMG_20180520_112726.jpg

IMG_20180520_112832.jpg

ပြီး​တော့​ကျောဘက်​မှာထားရန်​အတွက်​ကတ်​ထူတစ်​ခုကိုတိုင်းတာ၍ဖြတ်​ရပါမယ်​။ကတ်​ထူပြားကိုတိုင်းတာဖြတ်​၍အပြာ​ရောင်​စာရွက်​ဖြင့်​တစ်​ခုလုံးဖုံး၍​ကော်​ကပ်​ပါ့မယ်​။ပြီး​တော့​ကျောဘက်​မှာပုံပါအတိုင်း​နေရာချ၍​ကော်​ကပ်​မှာပါ။

IMG_20180520_112848.jpg

ပြီး​နောက်​အံဆွဲပြုလုပ်​ရန်​အတွက်​ကတ်​ထူစက္ကူကိုအသုံးပြုပြီးboxတစ်​ခုပြုလုပ်​မှာပါ။အံဆွဲပြုလုပ်​မှာဆို​တော့ပထမဆုံးပြုလုပ်​တဲ့ကတ်​ထူဘူးခွံရဲ့အတိုင်းအတာထက်​အနည်းငယ်​​သေး၍ပြုလုပ်​ရမှာပါ။ပြုလုပ်​နည်းက​တော့ဘူးခွံရဲ့အတိုင်းအတာ​အောက်​အနည်းငယ်​​သေး၍တိုင်းပြီး​ဘောင်​ခတ်​၍​လေး​ထောင့်​ပုံဆွဲမှာပါ။ဘေးပတ်​လည်​ကို​တော့အမြင့်​​နေရာအတွက်​ဘူးခွံအမြင့်​​အောက်​​သေး၍တိုင်းတာပြီး၊​ထောင့်​စွန်း​လေးဘက်​ကိုကတ်​​ကြေးဖြင့်​​ကော်​ကပ်​ရန်​အနည်းငယ်​ဖြတ်​ပါ့မယ်​။ထောင့်​​လေး​ထောင့်​ကို​ကော်​ကပ်​၍ဘူးခွံပုံစံရရင်​အနီ​ရောင်​စာရွက်​နှင့်​တစ်​ခုလုံးဖုံးအုပ်​လိုက်​မှာပါ။ပြီး​တော့​သေသပ်​စွာ​ကော်​ကပ်​လိုက်​မယ်​။ပြုလုပ်​နည်းက​တော့အရင်​တုန်းကလည်းpaper boxပြုလုပ်​နည်းနှင့်​အတူတူပါဘဲ။လိုချင်​တဲ့အရွယ်​အစားဘဲကွာခြားတာပါ။

IMG_20180520_113004.jpg

IMG_20180520_113102.jpg

Dressing tableတစ်​ခုလုံးကို​တော့ပန်း​ရောင်​စက္ကူကိုတူညီတဲ့အပိုင်းများဖြတ်​ပြီး​ရှေ့ဘက်​၊​ဘေးဘက်​၊​နောက်​ဘက်​​တွေကိုညီညာစွာ​ကော်​ကပ်​အလှဆင်​မှာပါ။

IMG_20180520_113435.jpg

ပြီး​တော့အံဆွဲရဲ့​ရှေ့ဘက်​မျက်​နာကိုလှချင်​တာ​ကြောင့်​​ရှေ့ဘက်​မျက်​နာစာရဲ့အလျားကိုတိုင်းပြီးကတ်​ထူတစ်​ခု​ပေါ်မှာအဖြူ​ရောင်​စာရွက်​ကပ်​ပြီး​ဘေးပတ်​လည်​ကိုပန်း​ရောင်​​လေး​တွေနှင့်​အနားကွပ်​မှာပါ။လက်​ကိုင်​အတွက်​ကို​တော့paper stick​တွေပြုလုပ်​ပြီး​ခွေလိုက်​မှာပါ။အ​ရောင်​က​တော့အပြာနှင့်​ပန်း​ရောင်​ကိုအသုံးပြုထားတာပါ။ပြုလုပ်​ပြီးတဲ့ကတ်​ထူကိုအံဆွဲရဲ့​ရှေ့ဘက်​မျက်​နာစာမှာ​ကော်​ကပ်​မယ်​။

IMG_20180520_113149.jpg

IMG_20180520_113225.jpg

IMG_20180520_113302.jpg

My Paper Dressing Table

IMG_20180520_113815-01.jpeg

Thank you
Written by @asterkame
MSC-008
By my photos & made by me

Sort:  

ဒါလေးလည်း တစ်မျိုးဆန်းသစ်နေရော

အင်း...ဟုတ်​တယ်​...​ကျေးဇူး​နော့... ..

ဒီလိုဆိုတော့ အံဆွဲလှလှလေး ရပြီလေ😊😊

ဟုတ်​တယ်​😀😀
ဒါကအံဆွဲတစ်​ခုတည်း...နှစ်​ခုသုံးခုဆက်​တင်​လို့ရတယ်​...​နောက်​မှလုပ်​ကြည့်​ဦးမယ်​...

လှပါတယ်ဗျာ
တမျိုးနဲ့တမျိုးမရိုးရဘူးနော်

အင်းဆို မရိုးအောင်လည်းလုပ်တတ်ပါ့

ခုလိုအား​ပေးတာ​ကျေးဇူးပါ​နော့.....​နောက်​လည်းကြိုးစားဦးမယ်​😊

ပညာရှင်တစ်ပါး ပါဘဲ အားပေးလျှက်

အင်း....​ကျေးဇူးပါ...😊

သ​ဘောကျတယ်​​ဗျာ..

ဟုဟု....thanks par

သေချာတယ်
ကျနော်တော့ လုပ်နိုင်မဲ့ပုံမပေါ်ဘူး။
အနုစိတ်ရင် စိတ်ကမရှည်တော့ အမလုပ်ထားတာလေးတွေဘဲ ထိုင်ငေးပါတော့မယ်ဗျာ

ရပါတယ်​....လာ​ငေးပါ😁
အား​ပေးလို့​ကျေးဇူး​နော့....

အမျိုးသမီးပြန်​လာရင်​ အစ်​မ blog ထဲ​ခေါ်လာခဲမယ်​။ အမျိုးသမီးဆို​တော့ပိုစိတ်​ရှည်​​တယ်​​လေ။ လှလှ​လေး​တွေ သူလည်းသ​ဘောကျမှာ။

အင်း..​ခေါ်လာခဲ့ပါ...မိန်းက​လေးဆို​တော့လှတာ​လေး​တွေပိုမြင်​တတ်​ပြီးပိုစိတ်​ရှည်​မှာပါ....

အံဆွဲ အဆင့် လှလှလေးတွေ လုပ်ပြပါအုံး ပန်းပွင့်လေးတွေ အလှဆင်ပြီး 😊

အင်း....ကြည်​...ကုန်​ကြမ်း​ပေးတယ်​​ပေါ့​လေ😝😍

ကောင်းလိုက်တဲ့စိတ်ကူးလေးပါ။အစ်မ design ပိုင်းကိုတော်တော် ကျွမ်းကျင်တယ်နော်။ကိုယ်ပိုင်ဖန်တီးနိုင်စွမ်းက တော်တော်လေး အံ့သြရပါတယ်။ချီးကျူးစရာကောင်းပါတယ်။

အင်း...ခုလိုအား​ပေးတာ​ကျေးဇူးပါ...လိုအပ်​တာဆိုလည်းအကြံ​ပေးပါဦး

အံဆွဲလှလှလေးတစ်ခု လုပ်လိုက်ပြန်ပြီ အစ်မကတော့ တကယ့်စံပါဘဲဗျ

ဟု...​နောက်​လည်းလှလှ​လေး​တွေပြုလုပ်​ပါဦးမယ်​...thanks par

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.032
BTC 61191.20
ETH 2972.28
USDT 1.00
SBD 3.48