How to Make Paper Wall Hanging

in #myanmar6 years ago

Paper Wall Hanging
img1535960799402.jpg

ဒီတစ်​ခါမှာ​တော့နံရံမှာအလှဆင်​လို့ရ​အောင်​စက္ကူ​တွေနှင့်​ပြုလုပ်​ဖြစ်​ပါတယ်​။ပန်းပွင့်​​တွေနှင့်​အရွက်​များပြုလုပ်​ပြီး၊အပြာ​ရောင်​စက္ကူအလိပ်​​လေး​ပေါ်​ကော်​ကပ်​ပုံ​ဖော်​လိုက်​ပါတယ်​။ပြုလုပ်​ရန်​လိုအပ်​တဲ့ပစ္စည်း​တွေက​ရောင်​စုံစက္ကူ၊​ကော်​ဘူး၊ကတ်​​ကြေး၊​ပေတံ၊​ဘောလ်​ပင်​၊double tapeတို့လိုအပ်​တာပါ။ပြုလုပ်​ရမည့်​အဆင့်​​တွေကအပြာ​ရောင်​စာရွက်​နှင့်​စက္ကူအလိပ်​များ​ခေါက်​မယ်​။ပန်းပွင့်​၁၂ပွင့်​ပြုလုပ်​မယ်​။အရွက်​ပုံစံဆွဲ၍ဖြတ်​ရမှာပါ။

img1535960984285.jpg

ပထမအဆင့်​မှာ​တော့အပြာ​ရောင်​စာရွက်​အသုံးပြု၍စက္ကူအပိုင်းပိုင်းဖြတ်​မယ်​။ပြီး​နောက်​စက္ကူကိုအလိပ်​များ​ခေါက်​လိုက်​ပါ့မယ်​။စုစု​ပေါင်း၁၂ခု​ခေါက်​ပါ့မယ်​။ပြီး​နောက်​တစ်​ဘက်​မှာ၃ခုစီနဲ့အနား​လေးဘက်​ပါတဲ့ပုံစံဖြစ်​​အောင်​​ကော်​ကပ်​လိုက်​တယ်​။

IMG_20180902_161501.jpg

IMG_20180902_162958.jpg

ဆက်​လက်​ပြီးပန်းပွင့်​များပြုလုပ်​ချင်​ပါတယ်​။ပန်းပွင့်​ပြုလုပ်​နည်းကအလျား၊အနံတူညီတဲ့စာရွက်​ကို​ထောင့်​ဖြတ်​မျဉ်းနှစ်​​ကြောင်း၊အလယ်​မှ​ခေါက်​ချိုးမျဉ်းနှစ်​​ကြောင်း​ယူပါ့မယ်​။ပြီး​တော့အလယ်​မျဉ်းထိကိုတပတ်​လည်​လုံး​ခေါက်​ပါ့မယ်​။အလယ်​မျဉ်းအထိ​ဘေးနှစ်​ဘက်​မှ​ခေါက်​ပြီး၊ပုံပါအတိုင်းဆက်​လက်​​ခေါက်​ချိုးလိုက်​ပါတယ်​။

IMG_20180903_115629.jpg

IMG_20180903_115643.jpg

IMG_20180903_115714.jpg

IMG_20180903_115812.jpg

ဒီအဆင့်​မှာ​တော့ပုံပါအတိုင်း​ခေါက်​ပြီး၊ကျန်​တစ်​ဘက်​ကိုလည်း​ခေါက်​လိုက်​ပါတယ်​။

IMG_20180903_115838.jpg

ပြီး​နောက်​ပန်းတစ်​ပွင့်​ဖြစ်​ရန်​အဆင့်​ဆင့်​​ခေါက်​ပါဦးမယ်​။

IMG_20180903_115925.jpg

IMG_20180903_120016.jpg

IMG_20180903_120123.jpg

IMG_20180903_120148.jpg

IMG_20180903_120210.jpg

IMG_20180903_120229.jpg

ဒီအဆင့်​ထိ​ခေါက်​ပြီးရင်​​တော့​ပေတံသုံး၍ပန်းပွင့်​ပုံ​ဖော်​ကာ၊ပန်းပွင့်​များပြုလုပ်​လိုက်​ပါတယ်​။

IMG_20180902_163259.jpg

အရွက်​များပြုလုပ်​ရန်​အတွက်​အစိမ်း​ရောင်​စာရွက်​ကို​ခေါက်​ချိုးပြီး၊အရွက်​ပုံစံအရင်​ဆွဲပါ့မယ်​။ပြီးမှကတ်​​ကြေးဖြင့်​ဖြတ်​လိုက်​တယ်​။သစ်​ရွက်​၈ရွက်​ပြုလုပ်​ပါတယ်​။

IMG_20180903_115537.jpg

လိုအပ်​တဲ့ပစ္စည်းများပြုလုပ်​ပြီးပြီဆို​တော့အပြာ​ရောင်​စက္ကူအလိပ်​​ပေါ်ပန်းပွင့်​နှင့်​အရွက်​များ​ကော်​ကပ်​လိုက်​ပါတယ်​။double tapeသုံးပြီးနံရံမှာကပ်​လို့ရပါတယ်​။

img1535985443592.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

ဟိုတစ်နေ့က စာအိတ်လေး လိုက်လုပ်ကြည့်တာ ယုန်နားရွက်လေးက လုပ်လို့မရဘူး ဒီလိုတောင့်တောင့်ကြီးပဲဖြစ်သွားတယ်။
IMG_20180905_112810_HDR.jpg

ယုန်ကလေးက နားရွက်ထောင်

Wow....မိုက်​တယ်​...နားရွက်​ကတစ်​​နေရာမှာ​ခေါက်​တာလွဲသွားလို့​နေမယ်​....good😍

ဟုတ်မယ်ထင်တယ် သေချာပြန်ကြည့်လိုက်ဦးမယ်

အယ်လဲ့ မတ်တယ်

မတ်​​အောင်​လုပ်​ထားတာ😀

လှလိုက်တာ Resteem ယူထားပြီ မြန်မာမှုလက်ရာကလည်း လုပ်တတ်ရင် လှတာပဲနော် စက္ကူအစား တခြားအမာခံပစ္စည်းတွေနဲ့သာဆို ဈေးကွက်တင်လို့ ရလောက်တယ်

ဟုတ်​ပါတယ်​...စက္ကူ​နေရာမှာအခြားခိုင်​ခံ့​စေမဲ့အစားထိုးပစ္စည်းတစ်​ခုခုဆို​​ပို​ကောင်းပါတယ်​....ခုကနမူနာလုပ်​ပြရင်းpaper artတစ်​ခုပုံ​ဖော်​တာပါ....အကြံဥာဏ်​​ကောင်းများ​ပေးလို့ဝမ်းသာပါတယ်​...

နံရံချိတ်စရာလေးပေါ့ လှပါတယ်လို့😍

ဟုတ်​ကဲ့...လှတယ်​ဆိုလို့​ကျေးဇူးပါကြည်​....

ညီမလေးအခန်းထဲမာ ကပ်ချင်လိုက်တာ
မလုပ်တတ်ဖူး 😞

လက်​​ဆောင်​​ပေးမယ်​​လေ...

လုပ်​ကြည့်​အုံးမှပါ လှမလား​တော့မသိဘူး😁😁

အား​ပေးလို့ဝမ်းသာပါတယ်​...

အမြဲတမ်းအားပေးလိုက်ပါနော်

ဟုတ်​ကဲ့...အား​ပေးလို့​ကျေးဇူးပါ

နံရံမှာ အလှဆင်ထားဖို့အတွက် ဒီဇိုင်းအဆန်းလေးပဲ ဖြစ်ပါတယ်အစ်မ ။တော်လိုက်တာနော်။အမြဲအားပေးလျက်ပါ။

ဟုတ်​ပါတယ်​...နံရံကပ်​​လေးပါ...ဆက်​ပြီးကြိုးစားပါ့မယ်​.. ..​ကျေးဇူးပါ...

Wall decoration တစ်ခုပါပဲ အမရေ Good တယ်ဗျ

ကြိုးစားပြုလုပ်​ဦးမယ်​...ဆက်​အား​ပေးပါလို့...

တနေ့တစ်မျိုး မရိုးအောင်ပါဘဲလား ညီမရေ

မရိုးရ​အောင်​ကြိုးစားပါဦးမယ်​....​ကျေးဇူးပါ...

တကယ်တော်တယ်နော်

ဆက်​ကြိုးစားပါ့မယ်​.....​ကျေးဇူးပါ....

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63964.02
ETH 2592.87
USDT 1.00
SBD 2.75