ယိုယွင်း ပျက်စီးနေသော သဘာဝပတ်ဝန်းကျင်များ
(ယိုယွင်း ပျက်စီးနေသော သဘာဝပတ်ဝန်းကျင်များ)
myanmar steemit ရှိ
အစ်ကိုမောင်နှမများ အားလုံး မင်္ဂလာပါဗျာ
ကျွန်တော်တို့ရဲ့. ယိုယွင်းပျက်စီးနေသော
သဘာဝ. ပတ်ဝန်းကျင်အကြောင်းများကို
ကျွန်တော် ရေးသား၍ တင်ပြချင်ပါတယ်ခင်ဗျာ ။
ပထမဦးဆုံးအနေနဲ့ ကျွန်တော် ကလေးဘဝကစလို့
အခု ကြီးပြင်းလာတဲ့အထိ မှတ်မိခဲ့သမျှကို စုဆောင်း၍
ကျွန်တော်ရေးသားပါရစေ ။
ကျွန်တော် ကလေးဘဝအရွယ်တုန်းက. ရှမ်းပြည်မြောက်ပိုင်း
နမ့်ခမ်းမြို့လေးမှာ ကျွန်တော်နေထိုင်ခဲ့ဖူးပါတယ်။
အဲ့ဒီတုန်းက. ကျွန်တော်ရဲ့အသက်က ရှစ်နှစ်အရွယ်
ကလေးဘဝပဲ ရှိပါသေးတယ် ။
ကျွန်တော်နေထိုင်ခဲ့သောနမ့်ခမ်း မြို့ဆိုတဲ့ ဒေသအရပ်မှာ
တောတောင်တွေက. အရမ်းကို စိမ်းလန်းစိုပြေလွန်းတဲ့ အတွက်
နွေ မိုး ဆောင်းဆိုတဲ့ ဥတုသုံးပါးထဲမှာ နွေ ဟုခေါ်သော
နွေရာသီမရှိသလိုပဲဗျ ။
ဘာဖြစ်လို့လဲဆိုတော့ မိုး ရာသီဆိုရင် ရွာနေတဲ့မိုးကို
တိတ်ပါတော့လို့ ဆုတောင်းနေရလို့ပဲ ။
ဆောင်းလကို ရောက်ပြန်တော့လဲ
မနက်မိုးလင်းလို့ မျက်နှာသစ်တော့မယ်ဆိုရင်
ရေက ခဲနေလို့ ရေနေွးနဲ့ရောစပ်၍ မျက်နှာသစ်ခဲ့ရတဲ့
ဆောင်းလ ရာသီရဲ့ ဖြစ်ရပ်လေးပေါ့ဗျာ ။
ဆောင်းလရာသီမှာ အနွေးဓာတ်ကိုရရှိစေဖို့အတွက်
ဆောင်းလရောသီရဲ့နေမင်းအရှင်ကို မျှော်ရတာလဲ အမောပဲ
အဲ့ဒီအချိန်တုန်း မြူတွေကဆိုင်းပြီး နှင်းရည်တွေစိုစွတ်ကာ
မိုးနှင်းလေးတွေ အဆက်မပျက် ကျခဲ့တယ် ။
နေမင်းရှင်လဲ ဆောင်းလ ရာသီရဲ့မြူ ခိုးတွေကို
မခွဲနိုင်တဲ့ရက်တွေမှာဆိုရင် ၊နေမင်းရှင်ရဲ့အလင်းတန်းတွေ
ပျောက်နေရတဲ့ ဆောင်းရာသီရဲ့အချိန်ပေါ့ ။
နွေလသို့ ရောက်ပြန်တော့လဲ နွေဆိုတာ ပူတယ်လို့
ပြောနေကြပေမဲ့ ကျွန်တော် နေထိုင်ခဲ့ဖူးတဲ့ နမ့်ခမ်းမြို့ ရဲ့
မြောက်ပိုင်းဒေသ အရပ်မှာတော့
အနွေးထည်ကို ဝတ်ထားရပါမှ နွေးနွေးထွေးထွေးရှိလှတဲ့
နွေရာသီ ရှမ်းမြောက်ဒေသရဲ့ သဘာဝပတ်ဝန်းကျင်ပေါ့ဗျာ ။
တရုတ်ပြည်နဲ့ . ရှမ်းမြောက်ဒေသကို
နယ်နိမိတ်လို အမှီပြုထားတဲ့မြစ်တစ်စင်းရှိတယ်
မြစ်ရဲ့အမည်က ရွှေလီမြစ်လို့ ခေါ်ဝေါ်ကြပြီး
အဲ့ဒီမြစ်တစ်စင်းဟာ တော်တော်လေးကျယ်ပြန့်သလို
စီးဆင်းနေတဲ့ မြစ်ရေတွေဟာ
ဗန်းမော်မြစ်မှာ သွားပြီး ပေါင်းဆုံကြတယ်
ရွှေလီမြစ်ရဲ့စီးဆင်းမှုက သဘာဝပတ်ဝန်းကျင်မှာ
ရှိကြတဲ့ သူတွေကို အကျိုးပြုစေခဲ့ပါတယ်
ရွှေလီမြစ်ရေဟာ ရှမ်းမြောက်တောင်တန်းက
ကြလာတဲ့စိမ့်စမ်းရေတွေကြောင့်
ခါးပိုင်းလောက်နစ်တဲ့နေရာမျိုးမှာဆိုရင်
မြစ်အောက်မှာရှိနေတဲ့ ဖြူလွှလွှ ကျောက်စလစ်ဂဲလေးတွေကို
မြင်ရလောက်တဲ့အထိ ကြည်လင်လို့နေပါတယ်
နှင်းများ အကျလွန်လာတဲ့ရက်မျိုးမှာဆိုရင် ရွှေလီမြစ်ရဲ့
ရေပြင်ပေါ်မှာ ၊ ရေလွှာလေးတွေ ခဲနေတတ်ပါတယ်
ရွှေလီမြစ်ဟာ ကျယ်ပြန့်ပြီး
အလွန်ကြည်နူးစရာကောင်းတဲ့အတွက်
ရှမ်းမြောက်ဒေသရဲ့အလှတရားအဖြစ်နဲ့
ရပ်တည်နေပါတယ် ။
သိပ်မကြာခင်မှာပဲ ကျွန်တော်တို့မိသားစုတွေ
မြန်မာပြည် အောက်ပိုင်းဖြစ်တဲ့ ပြည်မြို့ကို
ပြောင်းရွှေ့သွားရတော့ ကျွန်တော်ရဲ့. အသက်က
ဆယ့်တစ်နှစ်ပြည့်ခဲ့ပါပြီ အဲ့ဒီတုန်းက
ကျွန်တော်တို့ ပဲခူးရိုးမတောကြီးဟာ အရမ်းကို
စိမ်စိမ်းလန်းစိုပြေပြီး တောရိုင်း တရိစ္ဆာန်ပေါင်းစုံတို့
နားခိုရာအရိပ်တစ်ခုပေါ့ဗျာ ။
အဲ့ဒီတုန်းကတော့ ကျွန်တော်ရဲ့အသက်ကငယ်သေးတော့
ဆော့ကစားတာကလွဲလို့. ကျန်တာကို စိတ်မဝင်စားခဲ့ဘူး
သဘာဝဆိုတာ ဘာလဲလို့  ကျွန်တော်ရဲ့မိဘတွေကို
မေးခဲ့ဖူးပါတယ် ။ မိဘတွေက ကျွန်တော်ကို သားကငယ်တော့
ပြောပြလဲ သိဦးမှာမဟုတ်ပါဘူးဆိုတဲ့ အဖြေနဲ့ပဲ
ကျွန်တော်နေခဲ့ရတယ် ။
အခု ကျွန်တော် ငယ်ငယ်က ကြုံခဲ့ဖူးတဲ့ ဒေသအရပ်ရပ်တို့နှင့်
တဖြေးဖြေးယိုယွင်းလာတဲ့ သဘာဝပတ်ဝန်းကျင်များ
အကြောင်းလေးတွေကို ၊အပြုသဘောဆောင်၍
ယနေ့ထိတိုင်အောင် ကြုံနေရတဲ့ သဘာဝတရားတွေကို
ကျွန်တော် ရေးသားတင်ပြခွင့်ပြုပါလို့ တောင်းဆိုပါရစေ ။
ယိုယွင်း ပျက်စီး နေသော သဘာဝတရားကြီးကို
ကျွန်တော်တို့ နေ့စဉ်နဲ့အမျှ မြင်တွေ့နေရပါတယ်
သဘာဝတရားကြီးက ဘာဖြစ်လို့များ တဖြေးဖြေးနဲ့
ယိုယွင်းပျက်စီးလာရတာလဲလို့. ကျွန်တော်
လိုက်ကြည့်မိသောအခါ ။ ပျက်စီးစေတတ်သော
အကြောင်းရင်းများကို ကျွန်တော်အနည်းငယ်
ရှာဖွေတွေ့ရှိလိုက်ပါတယ် ။
အဓိကဖြစ်တဲ့အရာက. လူဖြစ်နေတယ်
ဘာဖြစ်လို့လဲဆိုတော့ လူဟာ အသိဥာဏ်ရှိပြီး
အရာရာကို လုပ်နိုင်စွမ်းရှိနေလို့ပါပဲ
ကျွန်တော် အဲ့ဒီလိုပြောလိုက်လို့ ကျွန်တော်ကို
"မင်းပြောမှပဲ ငါတို့သိတော့တယ်"လို့
ထင်ချင်ထင်ကြလိမ့်မယ် ။ ကျွန်တော်ပြောတာက
အဲ့ဒီလိုအတွေးမျိုးကို ပြောတာမဟုတ်ပါဘူး ။
အဓိကဆိုတဲ့စကားလုံးကို ကျွန်တော်သုံးလိုက်တဲ့အတွက်
လူဟာ သဘာဝကြီးအတွက် အရေးကြီးဆုံး
ပထမ အခြေခံသူလို့ ကျွန်တော်ယူဆလိုက်တာပါ။
သဘာဝတရားကြီးအတွက် ပထမ အခြေခံဖြစ်တဲ့
ကျွန်တော်တို့ လူသားတိုင်းမှာ စိတ်ခြင်းမတူသလို
အတွေးခေါ် အထင်အမြင်တွေလဲ ကွာခြားနေတယ်ဆိုတာ
လူတိုင်းလိုလိုသိနေကြပြီးသားဖြစ်မှာပါ အဲ့ဒီတော့
လူတစ်ယောက်နေထိုင်မှုနဲ့ ဆက်နွယ်နေတဲ့လူ့ဘဝနဲ့
သဘာဝတရားကြားမှာ ဖြစ်ပေါ်လာတဲ့ တစ်နှစ်ပြီးတစ်နှစ်မှာ
လူဦးရေတွေက တိုးပွားလာကြတယ် ။
လူဦးရေ. တိုးပွားလာတာနဲ့အမျှ
နေထိုင်ရေးက အစ စားဝတ်နေရေးပါ ခက်ခဲလာကြပါတယ်
အလုပ်အမျိုးမျိုးနဲ့ ဆင်းရဲနွမ်းပါးမှုတွေကို လိုက်ပြီးကြည့်လိုက်ရင်
ကျွန်တော်တို့နိုင်ငံမှာ ချမ်းသာနေတဲ့သူတွေထက်
ဆင်းရဲတဲ့သူတွေက ပိုများနေတာကို တွေ့မြင်ကြရမှာပါ ။
အလုပ်အကိုင်ကရှားပါပြီး မူရင်းဖြစ်တဲ့ တောင်ယာအလုပ်နဲ့
လယ်အလုပ်ကိုပဲ အားကိုးနေရတဲ့ ဘဝတွေကများနေတော့
ငွေရဖို့အတွက်ဆိုရင် ဥပဒေလွတ်ကင်းတဲ့ အလုပ်မျိုးကို
ကြုံရာကျပန်း လုပ်ကိုင်စားသောက်နေထိုင်တော့
သဘာဝတရားကြီးကို ယိုယွင်းပျက်ဆီးဖို့အတွက်
အခွင့်ကြုံသလိုမျိုး ဖြစ်နေတယ် ။ ဘာကြောင့်
အဲ့ဒီလိုမျိုးဖြစ်ရတာလဲဆိုရင် ပထမအချက်က
လယ်ယာမရှိ အလုပ်အကိုင်မရှိတဲ့ တစ်ရက်လုပ်
တစ်ရက်စားသမားတွေအတွက်က. သဘာဝတောတန်းတွေကို
မှီခိုပြီး နေထိုင်ရလို့ပါပဲ ။
သူတို့မိသာစုအတွက် ဝမ်းရေးကို ဖြေရှင်းဖို့က
သဘာဝတောထဲမှာနေပြီး (၂ )အချက်ကိုပြုလုပ်ကြတယ်
ထင်းခုတ်တဲ့သူတွေကခုတ် မီးသွေးဖုတ်တဲ့
သူတွေက ၊ မီးသွေးဖုတ်ကြပြီး ငွေရဖို့အတွက်ကို
အမြို့မြို့အနယ်နယ်ထိ သယ်ဆောင်ပြီးရောင်းကြတယ်
ရလာတဲ့ငွေလေးနဲ့. မိသားစုဝမ်းတစ်ထွာအရေးကို
ရှာဖွေစားသောက်ကာ
အသက်ရှင်သန်ရေးအတွက် ရပ်တည်နေကြတယ် ။
(၃ ) အချက် သဘာဝ. တောတန်းတွေထဲမှာရှိတဲ့
နှစ်ပေါင်းများစွာက ပေါက်နေကြတဲ့အဖိုးတန် သစ်တွေကို
ခုတ်နေကြတဲ့သူတွေဟာ လိုတာထက်ကို ပိုနေကြတယ် ။
( ၄ )အချက်က တောရွာတိုင်းမှာ အိမ်မှာမီးမွှေးတဲ့အခါ
မြို့ပြလို လျှက်စစ်မီးတွေ ဂတ်အိုးမီတွေမရှိကြတဲ့အတွက်
ထင်းကို အရွယ်မရောက်သေးတဲ့ သစ်တွေနဲ့
မီးအဖြစ်သုံးကြရတယ် ။
( ၅ ) အချက်က လယ်မရှိ ယာမရှိတဲ့သေးတဲ့ သူတွေအတွက်
စိုက်ပျိုးရေးတစ်ခုခု လုပ်ဆောင်နိုင်အောင်လို့
တောရိုင်းတွေကို မီးရှိုပြီး ယာကွင်းအဖြစ်သို့
ပြုလုပ်ကြတယ် ။
အခုလို အချက်(၅ )ချက်နဲ့ လုပ်ကိုင်နေတဲ့သူတွေဟာ
သဘာဝကြီးသည် ယိုယွင်းပျက်စီးသွားမလားလို့
ဘယ်နှစ်ယောက်များ တွေးမိကြမလဲ
စဉ်စားကြည့်ရင် သိနိုင်ပါတယ် ။
စာပေပညာတွေ ဗဟုသုတတွေကို အလွန်းနည်းပါးလိုသာ
ယိုယွင်းပျက်စီးစေတဲ့ အကြောင်းကို သူတို့မသိသေးလို့
လုပ်နေကြတာပဲလို့ ကျွန်တော်တွေးမိခဲ့တယ် ။
ဒါပေသိ ကျွန်တော်ဖြည့်တွေးနေသော်လဲ
တချို့တချို့သော လူတွေမှာ စာပေ ပညာများနှင့်
ဗဟုသုတ ကြွယ်ဝနေသူတွေကိုလဲ
ကျွန်တော် တွေ့မြင်ခဲ့နေရတယ် သဘာဝတရားကို မှီခိုပြီး
နေထိုင်ကြတဲ့ လူတွေက. သဘာဝတရားကို
ပြန်ပြီး ဖျက်စီးနေသလို ဖြစ်နေတယ် ။
"ဥပမာနဲ့. ကျွန်တော်ပြောရမယ်ဆိုရင် "
ကျွန်တော်တို့ကို လူဖြစ်လာဖို့အတွက် မိဘနှစ်ပါးကမွေးခဲ့သလို လူဖြစ်လာတဲ့ ကျွန်တော်တို့ကိုလဲ မိဘနှစ်ပါးက
ရှေ့ကနေပြီး အပြီးပိုင် ခွဲခွာရမဲ့အချိန်ကိုရောက်ခဲ့မယ်ရင်
သားသမီးတိုင်းဘယ်လိုခံစားရမလဲဆိုတာကို
တွေးကြည့်ရင် သိနိုင်ပါပြီ ။
တကယ်တော့ သဘာဝတရားကြီးက. ကမ္ဘာကြီးရဲ့
မိခင်တစ်ဦးလိုပဲ လို့. ကျွန်တော်ပြောလိုက်ရင် လွန်သွားမလား ကျွန်တော်တို့တတွေ အခု အသက်ရှင်နေတယ်
ဒါပေသိ သဘာဝတရားကြီးအတွက်
ကျွန်တော်တို့. ဘာများလုပ်ခဲ့ပြီးပြီလဲဆိုတာ
တွေးရောတွေးမိကြရဲ့လားလို့ ကျွန်တော်အပါဝင်
မေးခဲ့မယ်ဆိုရင် ကျွန်တော် အခု အသက်ရှင်နေတယ်
သဘာဝတရားကြီးအတွက်
ကျွန်တော် ဘာတစ်ခုမှ မလုပ်ပေးရသေးဘူးဆိုတဲ့ဖြေက
ကျွန်တော်ရဲ့. ဝန်ခံချက်ပါပဲ ။
ကျန်တဲ့သူတွေတော့ သဘာဝတရားကြီးအတွက်
ဘာများ လုပ်ပေးနေကြသလဲဆိုတာတော့
ကျွန်တော် မသိဘူးပေါ့ဗျာ ။
"သဘာဝပတ်ဝန်ကျင်ကြီးက ဘာကြောင့်များ
ယိုယွင်းပျက်စီးမတွေမြန်လာရသလဲ "
ကျွန်တော် အဲ့ဒီအဖြေကို ကျွန်တော်ကိုယ်တိုင် ပြန်ဖြေပေးပါရစေ
အပေါ်မှာ ပြောပြခဲ့သလိုမျိုးနဲ့ ပေါင်းစပ်ကြည့်လိုက်တဲ့အခါ
တဖြေးဖြေးနဲ့ ခေတ်ကြီးက တိုးတက်လာသလို
သဘာဝပတ်ဝန်းကျင်ကလဲ တဖြေးဖြေးနဲ့
ယိုယွင်းပျက်စီးလာပါတယ် ။
ဘာကြောင့်လဲလို့. ကျွန်တော်ကို မေးစရာတွေဖြစ်လာပါလိမ့်မယ်
ဟုတ်ပါတယ် ကျွန်တော်ကလေးဘဝအရွယ် ငယ်ငယ်တုန်းက
တိုးတက်မှုမရှိသေးတဲ့ခေတ်မှာ သဘာဝပတ်ဝန်းကျင်ကြီးက
ယိုယွင်းမှုတွေနဲ့. မကြုံရသေးတော့
ဘယ်နေရာကြည့် ကြည့် စိမ်းလန်းစိုပြေနေလို့ပါပဲ ။
အခု ကျွန်တော်တို့တတွေ တိုးတက်လာတဲ့ခေတ်ကို
ရောက်လာတာနဲ့အမျှ သဘာဝတရားကြီးက
ယိုယွင်းပျက်စီးလာတာ ပိုပြီးမြန်လာတယ်လို့ ခံစားမိတယ်
ကျွန်တော်ဆိုလိုခြင်းက တိုးတက်လာတဲ့ခေတ်ကြောင့်
ပျက်စီးလာရတယ်ဆိုတဲ့ သဘောမျိုးနဲ့ ဆိုလိုခြင်းမဟုတ်ပါဘူး
တိုးတက်လာဖို့အတွက် အားလုံးကကြိုးပမ်းလာကြတယ်
ကြိုးပမ်းလာသမျှလဲ ခေတ်ကြီးက တိုးတက်လာတယ်
တိုးတက်လာလို့လဲ အရင်ကလိုမျိုး မျက်ကန်း တစ်ယောက်လို
မဟုတ်တော့ဘူး ။
ကိုယ်သိချင်တဲ့အရာမှန်သမျှကို လိုက်ရှာစရာမလိုတော့တဲ့
မျက်လုံးဖွင့် နားဖွင့်စေလွယ်တဲ့ ခေတ်ကိုရောက်နေတဲ့အတွက်
အားလုံးက ဦးနှောက်အသိဥာဏ်တွေ
တိုးပွားနေတာကို ကျွန်တော်တို့တတွေ မြင်တွေ့ရမှာပါ။
ဒါပေသိ တိုးတက်နေသော်လဲ ခေတ်ရဲ့ ရေစီးကြောင်းပေါ်မှာ
လူတိုင်းမလိုက်နိုင်ကြသေးလို့သာ
သဘာဝပတ်ဝန်းကျင်ကြီးက ယိုယွင်းပျက်စီးမှုတွေ
မြန်လာရခြင်းပဲလို့ ထင်မိပါတယ် ။
ဘယ်လိုကြောင့် ယိုယွင်းပျက်စီးခြင်းက မြန်လာရသလဲလို့
မေးစရာတွေဖြစ်လာလိမ့်မယ် ။
ဒီတော့ ကျွန်တော်သိလောက် မြင်သလောက်ကိုပဲ
ကျွန်တော်ပြောပြပါရစေ ။
(၁) အချက် တိုးတက်နေတဲ့ခေတ်မှာ
လူရဲ့ခွန်အားကို လျှော့ချပြီး စက်ယန္တရားတွေနဲ့
အသုံးပြုလာကြတယ် ။
အရင်က စက်ယန္တရားတွေ သိပ်မပေါ်သေးတဲ့အချိန်မှာ
လူ့ရဲ့ခွန်အားနဲ့ သဘာဝကိုမှီခိုပြီး
လုပ်ကိုင်စားသောက်နေတဲ့အချိန် သစ်တစ်ပင်ကို ခုတ်မယ်ဆိုရင်
တနေကုန်မှသစ်တစ်ပင်ပဲခုတ်နိုင်မယ်။
တိုးတက်လာတဲ့ ခေတ်ထဲမှာတော့ စက်ယန္တရားတွေနဲ့
့သုံးနေတဲ့အခါ ၊ တစ်နေကုန်ခုတ်မယ်ဆိုရင်
အနည်းဆုံး သစ်ဆယ်ပင်လောက် ခုတ်နိုင်ခဲ့တယ် ။
( ၂ ) အချက် လောဘသမားတွေ ပိုများလာတယ်
ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တိုင်စိုက်ပျိုးထားခြင်း
မရှိတဲ့အတွက်ကြောင့် ၊ သစ်တစ်ပင်ရဲ့တန်ဖိုးကို
ကောင်းကောင်းမသိတဲ့အတွက်ကြောင့်
အရွယ်မရောက်သေးတဲ့ သစ်ပင်တွေရော
အရွယ်ရောက်ပြီးသာ သစ်ပင်တွေရော
အကုန်ခုတ်ကြတယ် ။
( ၃) အချက် သဘာဝပတ်ဝန်းကျင်ကို
အလေးအနက်ထားသူတွေ ပိုနည်းသွားတယ်။
တိုးတက်လာတဲ့ ခေတ်မှာ ပျော်စရာတွေ
များလာသလို လူတစ်ယောက်ကိုညှိ့ယူနိုင်စွမ်းရှိတဲ့
အသုံးအဆောင်ပစ္စည်းတွေက အိမ်တိုင်းလိုလိုရှိနေကြတယ်
စာပေလိုက်စားမှုတွေလျှော့နည်းသွားပြီး
ဘာမဆို သိနိုင်စွမ်းရှိနေတဲ့ခေတ်ထဲမှာ ကိုယ်ကြိုက်နှစ်သက်တဲ့ အရာမှန်သမျှကိုကမ္ဘာပတ်လို့ စူးစမ်းလေ့လာနေကြတယ် ။
(၄) အချက် သူ့ထက်ငါ အပြိုင်အဆိုင်တွေများလာတယ် ။
အရင်ကလို ကိုယ့်ရွာကိုယ့်မြေမှာ မိရိုးဖလာအလုပ်တွေကို
မလုပ်တော့ပဲ ၊ တိုင်းတစ်ပါးကိုထွက်ပြီး လုပ်ကိုင်နေတဲ့သူတွေ
အရမ်းများနေတယ် ။ ခေတ်ရဲ့ရေစီးကြောင်းနောက်ကို
လူတိုင်းလိုလိုလိုက်နေတော့
သဘာဝရဲ့ အလှတရားကို မေ့နေကြတယ် ။
တိုးတက်လာတဲ့ခေတ်ဆိုတော့ စီးပွားရေးသမားတွေကလဲ
အရမ်းများလာတယ် ။
ဒီတော့ သူထက်ငါခြေတစ်လှမ်းသာဖို့အတွက်
သဘာဝကြီးကို ပြန်မကြည့်နိုင်တော့ဘူး။
(၅)အချက်က တီထွင်ဆန်းသစ်တဲ့ပစ္စည်းတွေပိုများလာတယ် ။
တိုးတက်လာခေတ်မှာ ကလေးလူကြီးပါမကျန်အောင်
မက်မောစရာတွေ အရမ်းများလာတယ် အရင်ကမမြင်ဖူးကြတဲ့
ပစ္စည်းတွေရော မြင်ဖူးကြတဲ့ပစ္စည်းရော
လွယ်လင့်တကူ ဝယ်ယူလို့ရလာတဲ့အခါကြတော့
တစ်နေ့တာရဲံ့ပင်ပန်းသမျှကို ခဏတာနဲ့ အမောပြေစေခဲ့တယ်။
ဇိမ်ခံစရာပစ္စည်းတွေပေါ်များလာတာနဲ့အမျှ
လူတစ်ယောက်ရဲ့စိတ်နေစိတ်ထားကို ပြောင်းလဲစေခဲ့တယ်
တီထွင်ဆန်းသစ်တဲ့ ပစ္စည်းလေးပေါ်မှာ
ကိုယ့်ရဲ့စိတ်တွေကိုနှစ်မြှုတ်ထားတဲ့သူတွေ ပိုများလာတယ်
အဲ့လိုတဖြေးဖြေးနဲ့ များလာတာနဲ့အမျှ
ယိုယွင်းပျက်စီးနေတဲ့သဘာပတ်ဝန်းကျင်များကို
အလေးမထားမိကြတော့ဘူး ။
ခု ကျွန်တော်ပြောပြတဲ့ အချက် ( ၅) ချက်ကို
မင်းရောကင်းလို့လားလို့ ကျွန်တော်ကိုမေးရင်ကျွန်တော်လဲ
မကင်းပါဘူး ။
ဒါပေသိ ကျွန်တော်ပြောချင်တာက တိုးတက်နေတဲ့ ခေတ်ကြီးမှာ အရင်ကလိုမျိုးမတိုးတက်သေးတဲ့ခေတ်နဲ့ စာရင်
တိုးတက်နေတဲ့ခေတ်မှာ သဘာဝပတ်ဝန်းကျင်က
ပိုပြီးတော့ စိမ်းလန်းစိုပြေလာရမယ်
ယိုယွင်းပျက်စီးနေတဲ့ သဘာဝတရားတွေကိုလဲ
တဖြေးဖြေးနဲ့ လျှော့နည်းလာရမဲ့အစား
ပိုများလာတာကို မြင်တွေ့နေရလို့ပါ ။
ကျွန်တော် ခရီးသွားလာရင်းနဲ့ သဘာဝပတ်ဝန်းကျင်ကို
ယိုယွင်းပျက်စီးစေတဲ့ အတွေ့ကြုံလေးတွေကို
ကျွန်တော်ပြောပြပါရစေ။
ကျွန်တော့်လိုလဲ ခရီးထွက်ကြတဲ့ သူတွေအများကြီးရှိကြပါတယ်
ကျွန်တော်ကတော့ တစ်ခါတစ်ရံမှ ခရီးထွက်လေ့ရှိတာမို့
ခရီးတစ်ခါထွက်တိုင်းလဲ သဘာဝအလှတွေကို
ကျွန်တော် လိုက်ကြည့်ဖူးပါတယ် ဒါပေမဲ့
အရင်လိုမဟုတ်တာတော့ အသေအချာပဲဗျ
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ငယ်ငယ်က နေခဲ့ဖူးတဲ့
သဘာဝအလှနဲ့ အရွယ်ရောက်လို့ မြင်နေရတဲ့
သဘာဝအလှတွေက. အရမ်းကိုပြောင်းလွဲသွားလို့ပါပဲ
ကျွန်တော် ၁၆ နှစ် လူပျိုပေါက်စအရွယ်မှာ ပြည်မြို့ကနေပြီး
ကျွန်တော်နေခဲ့ဖူးတဲ့ နမ့်ခမ်းမြို့လေးဆီသို့
အလည်တစ်ခေါက်အနေနဲ့. ကျွန်တော်ပြန်ရောက်ရှိခဲ့တယ်
စီးပွားရေးမပြည့်စုံတဲ့ မိသားစုမို့
ကျွန်တော် စီးပွားရှာဖို့အတွက် ပြန်ရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်
အဲ့ဒီအချိန်က ရှမ်းမြောက်ဒေသအရပ်မှာ
ကျွန်တော် ၈ နှစ်သားအရွယ်တုန်းကလို မဟုတ်တော့တဲ့အတွက် သဘာဝတရားက နည်းနည်လေး ယိုယွင်းလာတယ်
အဲ့ဒီအချိန်ကတော့ ကျွန်တော်လဲ သဘာဝအကြောင်းကို
သိပ်နားမလည်သေးတဲ့အရွယ်ပေါ့ အဲ့ဒီလိုနဲ့
အလုပ်အကိုင်ရှာဖွေရင်း သူငယ်ချင်းတစ်ယောက်နဲ့ဆုံမိလိုက်တဲ့အချိန်မှာ ၊ ကျွန်တော်အတွက် ပထမဦးဆုံး အလုပ်ရခဲ့တယ်
ကျွန်တော်ရဲ့အလုပ်က ထော်လာဂျီ စပယ်ယာအလုပ်ပါ
တရုတ်ပြည်ထဲက အဝတ်ပိတ်စတွေကို ဝယ်ထားတဲ့
ကုန်သည်တွေရဲ့ ပစ္စည်းတွေကို
ကျွန်တော်တို့က ဗန်းမော်မြစ်ကြီးနားဘက်ကို
ပို့ပေးရတဲ့အလုပ်ပေါ့ဗျာ ။ နမ့်ခမ်းကနေပြီး ဗန်းမော်ကို
ရောက်ဖို့အတွက် တစ်ညအိပ် နောက်နေ့. ညနေပိုင်းမှ
ရောက်တယ်ဗျ ။
တောလမ်းဆိုတော့ ကြမ်းတယ်
ပြီးတော့ တောင်တွေကလဲ အရမ်းကိုမြင့်လွန်းတော့
နည်းနည်းတော့ ဒုက္ခရောက်တာပေါ့
ဗန်းမော်မြို့ကိုသွားတော့မယ်ဆိုရင်
ကျွန်တော်တို့ အိမ်ကနေပြီး ဟင်းချက်စရာတွေ
တရုတ်ခေါက်ဆွဲခြောက်တွေ ဆန်း ဆီ ဆား ငါးပိတွေနဲ့
ရိက္ခာအပြည့် ထည့်သွားတယ် ။
နမ့်ခမ်းနဲ့ ဗန်းမော်ကြားက. ရွာလေးတွေမှာတော့
ထမင်းဆိုင်တွေတော့ရှိပါတယ် ဒါပေသိ
လမ်းကကြမ်းလွန်းသည်အတွက် အရံယူဆောင်ထားရခြင်း
ဖြစ်ပါတယ် ၊ အဲ့ဒီချိန်တုန်းက
ဘယ်နေရာပဲကြည့်ကြည့် သဘာဝတရားကြီးက
အရမ်းကိုလှပလွန်းတဲ့
နမ့်ခမ်းနဲ့ ဗန်းမော်ကြားက သဘာဝတွေပေါ့ဗျာ
ကျွန်တော်လဲ ကြာလာတဲ့အမျှ
အဲ့ဒီအလုပ်ကို မလုပ်တော့ပဲနဲ့ သူငယ်ချင်းတစ်ယောက်ရဲ့
အဆက်အသွယ်ကြောင့် ၊ ကျွန်တော် အလုပ်ပြောင်းလုပ်ခဲ့တယ်
ကျွန်တော် ပြောင်းလုပ်ရတဲ့အလုပ်က ပန်းရံအလုပ်ပါ
အဲ့ဒီအချိန်တုန်းက တစ်နေ့လုပ်အားခက
တစ်ရက်မှ ( ၆၀၀ ) ရာပဲ ရတဲ့ခေတ်ပေါ့ဗျာ
ငွေကြေးကလဲ တန်ဖိုးရှိတယ် တရုတ်ငွေ ၁၀ကို
မြန်မာငွေ ၁၀၀ ကျပ်ပဲ ဖြစ်သေးတဲ့အချိန်မှာ
ကျွန်တော်တို့ ပန်းရံခေါင်းဆောင်က အလုပ်သစ်ရလို့ဆိုပြီး
နယ်ဘက်ကို သွားပြီး လုပ်ရမယ်
မင်းလိုက်မလားလို့ မေးလာတဲ့အခါ ကျွန်တော်လိုက်မယ်လို့
ပြောလိုက်တဲ့ ကျွန်တော်ကို ခေါ်သွားခဲ့တယ်
နီးနီးလေးထင်ပြီး လိုက်သွားမိတဲ့ကျွန်တော်
ကချင်ပြည်နယ် အင်ဘာဘာရွာကို ကျွန်တော်ရောက်ရှိသွားတယ်
အဲ့ဒီက တောရွာဆိုပေမဲ့ တောမြို့လေးတွေနဲ့နီးသလို
တရုတ်ပြည်နဲ့လဲ ချောင်းပဲခြားပါတယ်
ချောင်းကို တံတားထိုးတဲ့အတွက်ကြောင့်
သွားရလာရတာ ချောမွေ့စေတယ်
ကျွန်တော်တို့ရောက်သွားတော့ ရွာသူရွာသားများ
ကျွန်တော်တို့ကို ဖော်ရွေစွာနဲ့ ကြိုဆိုကြတယ်
အင်ဘာဘာဆိုတဲ့ရွာလေးမှာ ကျွန်တော်တို့
နှစ်လလောက် ကြာမြင့်စွာ လုပ်ခဲ့ရတဲ့အတွက်
ရွာက ရွာသူရွာသားတွေနဲ့ မိသားစုလိုဖြစ်နေတာပေါ့ဗျာ
ကျွန်တော်ခုချိန်ထိ မှတ်မိနေတာတစ်ခုတော့ရှိတယ်
ကချင်ပြည်နယ်ကထွက်တဲ့ တောင်ယာဆန်တွေက
အရမ်းကိုစားလို့ကောင်းတယ်
ပြီးတော့ ရှမ်းဆန်ထက်ကို နူးညံ့ပျော့ပျောင်းပြီး
ရနံ့တစ်မျိုးလေးသင်းတယ်ဗျ ကောက်ညှင်းစီးတယ်ဆိုတာ
ကျွန်တော်စားခဲ့တဲ့ ကချင်ပြည်နယ်က ဆန်ကိုမမှီဘူးဆိုတာပဲဗျ အင်ဘာဘာဆိုတဲ့ ကချင်ပြည်နယ်ဘက်မှာလဲ
သဘာဝတရားကြီးက အရမ်းကိုလှပပြီးစိမ်းလန်းစိုပြေနေတာကို
ကျွန်တော် မြင်ခဲ့ဖူးတယ် ။ အင်ဘာဘာရွာကနေပြီး ပြန်လာတဲ့အခါ ကျွန်တော် ပန်းရံအလုပ်ကို မလုပ်တော့ပဲနဲ့
ပြည်မြို့ကို ကျွန်တော်ပြန်လာခဲ့တယ်
ကျွန်တော်ပြန်တဲ့အချိန်ထိ သဘာဝပတ်ဝန်းကျင်ကြီးက
စိုပြေစိမ်းလန်းနေတုန်းပေါ့ဗျာ အဲ့လိုနဲ့ ပြည်မြို့
မှာနေပြီး ကြုံရာကျပန်းအလုပ်နဲ့ လုပ်ကိုင်ရင်း
နောင်ဆုံးအကြိမ်ဖြစ်တဲ့ နောက်တစ်ခေါက်
ကျွန်တော် ပြည်မြို့ကနေပြန်လာတဲ့အခါမှာတော့
ကျွန်တော်တွေ့ဖူးမြင်ဖူးတဲ့ နမ့်ခမ်းရဲ့သဘာဝကြီးက
ယိုယွင်းပျက်စီးနေပြီလေ အရင်လိုလဲမအေးတော့သလို
အရင်လိုလဲ မစိမ်းလန်းတော့ပဲ
အရင်လိုလဲ နှင်းတွေက. မဝေတော့ဘူးဖြစ်နေတယ်တယ်လေ
အရင်က. ကြည်လင်းအေးမြခဲ့တဲ့ ရွှေလီမြစ်တစ်စင်းကလဲ
သောင်ထွန်းလို့ ချောင်းသာသာပဲကျန်တော့တယ်
စိမ်းလန်းနေတဲ့ တောင်တန်းတွေကလဲ
အခုဆိုရင် တောင်ကတုံးတွေဖြစ်နေကြပြီ
ဘာကြောင့်များ အနှစ် နှစ်ဆယ်အတွင်းမှာ
ဒီလောက်ထိ သဘာဝတရားကြီးက
ယိုယွင်းပျက်စီးသွားရတာလဲလို့ အဖြေကိုကျွန်တော်ရှာခဲ့မိတယ်
ကျွန်တော်ရှာတွေ့ခဲ့ပါတယ် ယိုယွင်းပျက်စီးစေတဲ့
အကြောင်းတရားတွေကို ၊ ကျွန်တော် တစ်ခုပြီးတစ်ခု
ဆက်စပ်ကြည့်လိုက်သောအခါ
ရွှေလီမြစ်ကဘာကြောင့်ယိုယွင်းသွားရတာလဲ
ဆိုတဲ့ အဖြေတစ်ခုက. ရွှေလီမြစ်ကိုအမှီပြုပြီး
စီးပွားရေးလုပ်စားနေသူတွေက အရမ်းများနေတယ်
ရွှေလီမြစ်ထဲက သဲ ကျောက်တွေကို စက်နဲ့စုတ်ယူပြီး
လုပ်ကိုင်နေကြတော့
ရွှေလီမြစ်လဲယိုယွင်းလာတာပေါ့ အဲ့ဒီကြားထဲ
ရွှေလီတံတားနားမှာ မြစ်အလယ်ခေါင်ထိအောင်
ကျောက်တုံးတွေချပြီ စားသောက်ဆိုင်ပါဖွင့်ထားလိုက်တော့
ရွှေလီမြစ်က ပိုပြီး ပျက်စီးစေခဲ့တာပေါ့
ကျွန်တော်အပေါ်မှာ ပြောပြသလိုမျိုး
တိုးတတ်လာတဲ့ ခေတ်ကြီးမှာ သဘာဝတရားက
ယိုယွင်းပျက်စီးမှုတွေ လျှော့နည်းသွားရမဲ့အစား
ခေတ်ကြီးတိုးတတ်လာလေလေ သဘာဝတရားက
ပိုပြီးယိုယွင်းပျက်စီးလာလေလေ ဖြစ်နေသလို
မျိုးဖြစ်နေတယ် အဘယ်ကြောင့်ဆိုသောအခါ
မတိုးတက်သေးတဲ့ခေတ်မှာ သစ်တွေနဲ့
အိမ်ဆောက် ကျောင်းဆောက် တံတားဆောက်နေကြတဲ့
နေရာအသီးသီးတွေမှာ ။ွှတိုးတက်လာတဲ့ခေတ်မှာ
တိုက်ဆောက်နေကြပြီ ဖြစ်တဲ့အတွက်
သစ်အိမ်နေရာမှာ တိုက်အိမ်တွေကိုအစားထိုးလာသလို
သစ်တံတားနေရာမှာ ကွန်ကရစ်တံတားတွေ
သံတိုင်တံတားတွေက အစားထိုးဝင်လာကြပြီမို့
သဘာဝယိုယွင်းမှုအတွက် လျှော့နည်းနေရမှာပါ။
အခုတော့ တိုက်အိမ်တွေဆောက်နေပေမဲ့လဲ
သဘာဝပတ်ဝန်းကျင်ကယိုယွင်းမှုတွေ
ပိုများလာသလိုပဲ မြစ်လဲမနေရ တောင်တွေလဲမနေရ
သစ်ပင်တွေလဲ မနေရ ဖြစ်နေခေတ်ကြီးထဲမှာ
သဘာဝကြီးက ဘယ်လိုမျိုးဖြစ်နေသလဲဆိုတော့
သဘာဝကြီးကို လူအယောက်တစ်ရာက
သစ်ပင်တွေလိုက်စိုက်နေသော်လဲ
စိမ်းလန်းခွင့်မပေးနိုင်ကြတဲ့သူတွေကြာင့်
သစ်ရွက်ထွက်ဖို့တောင် ကြောက်နေရတဲ့အဖြစ်မျိုးနဲ့
တူနေသလိုပဲ ။ တကယ်တော့
သဘာဝတရားတွေကို ပျက်စီးပစ်ဖို့ဆိုတာ အရမ်းလွယ်ပါတယ်
ဒါပေသိ ယိုယွင်းနေတဲ့ သဘာဝပတ်ဝန်းကျင်ကို နဂို အတိုင်း
ပြန်ဖြစ်ဖို့ဆိုတာ နှစ်ပေါင်းများစွာထိ
စောင့်ရလိမ့်ဆိုတာကို သိထားသင့်နေပါပြီလို့ ထင်ပါတယ် ။
အခုကျွန်တော်တို့ အားလုံးသည်
လက်ရှိဖြစ်ပေါ်နေသော သဘာဝပတ်ဝန်းကျင်ရဲ့
ယိုယွင်းပျက်စီးမူ့တွေကိုဘယ်လိုစောင့်ရှောက်ကြမလဲ
ဘယ်လိုနည်းတွေနဲ့ ထိန်းသိမ်းကြမလဲ ဆိုတာ
ဝိုင်းဝန်းပြီးအဖြေရှာကြည့်ဖို့တော့ လိုပါတယ်
တစ်ဦးတစ်ယောက်ထဲနဲ့ သဘာဝပက်ဝန်းကျင်ကို
စောင့်ရှောက်ဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ပါဘူး
ကျွန်တော်တို့အားလုံးတို့သည် လက်တွဲညီညီနဲ့
ယိုယွင်းနေသော သဘာဝပတ်ဝန်းကျင်များကို
ကိုယ်သိထားသလောက် ဗဟုသုတများနဲ့
လောကကြီးကို အလှဆင်ပေးနိုင်ခဲ့မယ်ဆိုရင်
နောင်တစ်ခေတ်တတ်လာကြမဲ့ လူငယ် လူရွယ်လေးများတို့ရဲ့
အနာဂတ်ကမ္ဘာလေးဟာ သာယာလှပခြင်းများစွာနဲ့
စိုပြေစိမ်းလန်းတဲ့ သဘာဝကိုမြင်တွေ့ရတဲ့အချိန်ကြရင်
ကျွန်တော်တို့အားလုံးရဲ့ ကမ္ဗည်းတွေက သူတို့အတွက်
ရှေ့ဆောင်လမ်းပြသူအဖြစ့်နဲ့
့သဘာဝမှာ တွင်းကျန်ရစ်ခဲ့မှာပါဆိုတဲ့အကြောင်း
ကျွန်တော်သိသလောက်အမြင်လေးနဲ့
အပြုသဘောဆောင်၍ ရေးသားလိုက်ခြင်းဖြစ်ပါတယ် ခင်ဗျာ။myanmar steemit ရှိ ညီကိုမောင်နှမများကို
ကျေဇူးအထူးတင်ရှိပါသည်...။
@arkarsoe
MSC-090
အင်း
သဘာဝ ပတ်ဝန်းကျင်ကြီးကို လူသားတွေကပဲဖျက်ဆီးနေတာပါပဲဗျာ။ စက်ပစ္စည်းတွေပေါ်လာတော့ ပိုပြီးဖျက်ဆီးလို့ ကောင်းနေကြပြီပေါ့
ဟုတ်တယ် ကိုမိုးရေ
ဆုရပါစေအစ်ကိုရေ 😇
thinksbor
စာအရေးအသားနဲ့  စာရေးအားက အရမ်းကိုကောင်းပါတယ် ဆုရပါစေbro
ကျေဇူးပါ အစ်ကိုတူတူပေါ့ဗျာ
သဘာဝတရားကို မြတ်နိုးတတ်တဲ့စိတ်တွေ
မွေးမြူရမှာပါ Bro
ဟုတ်တယ်အစ်ကိုရေ
ပျက်စိးဖို့သာလွယ်တာပါ ပြုပြင်ဖို့ကတော့ ခက်တယ်အစ်ကိုရေ
သိပ်မှန်တယ် အစ်ကို
ပြိုင်ပွဲမှာ ဆုရပါစေ
ကျေဇူးပါ အစ်ကို
ဆုရပါစေဗျာ
ကျေဇူးပါဗျ
ဆုရပါစေ bro
ကျေဇူးပါဗျ
ဆုတောင်းပေးပါတယ် bro
ကျေဇူးပါbro
ခုထက်ထိလည်း အဲဒီလိုဘ၀တွေ ရှိနေပါသေးတယ် bro ဆုရပါစေဗျာ
ဟုတ်ကဲ့ပါ အစ်ကိုရေ ကျေဇူးပါ