ချစ်​သူများ​နေ့ 14 .အမှတ်​တရ

in #myanmar6 years ago (edited)

IMG_20180214_143059.jpg

(ချစ်​သူများ​နေ့. 14 . အမှတ်​တရ )

14 . ​ရက်​​နေ့မှာ ​ကျ​ရောက်​တဲ့ ချစ်​သူများ​နေ့မှာ
ကျွနိုပ်​အ​မေရယ်​..သူငယ်​ချင်း​တစ်​​ယောက်​ရယ်
ကျွန်​​တော်​ရယ်​ သုံး​​ယောက်​စလုံး အလုပ်​နားပြီး
မူဆယ်​မြို့မှာ..အထင်​ကရဖြစ်​​စေတဲ့ မင်္ဂလာမူဆယ်​မှာ
သွားပြီး...အနားယူခဲ့ကျတယ်​ ကျွန်​​တော်​နဲ့ ကျွန်​​တော်
သူငယ်​ချင်းနဲ့က. ချစ်​သူရည်းစားမရှိကျတဲ့အတွက်
လွှတ်​လွှတ်​လပ်လပ်​​ရှောက်​လည်​ကျတာ​ပေါ့ဗျာ
သူများလို အတွဲမရှိ​တော့ နည်းနည်းစိတ်​အားငယ်​သာဗျ
ဒါ​ပေသိ သူငယ်​ချင်းနဲ့ ကျွန်​​တော်​က. တစ်​​ယောက်​ကို
ဆစ်​​ယောက်​ အား​ပေးစကား​တွေနဲ့ ​ပြုံး​ပျော်​ရွှင်​ခဲ့တယ်
ကျွနိုပ်​ရဲ့. အ​မေကလဲ ကျွန်​​တော်​အတွက်
အညး​ပေးစကားများနဲ့အတူ ပြုံး​ပျော်​ရွှင်​လျှက်​​ပေါ့ဗျာ
ဒါနဲ့ပဲ ကျွန်​​တော်​တို့သုံး​ယောက်​စလုံး မင်္ဂလာမူဆယ်​မှာ
စား​သောက်​ဆိုင်​​ကောင်း​​ကောင်း​လေးဖြစ်​တဲ့ ဆိုင်​တစ်​ဆိုင်​မှာ
ကျွန်​​တော်​တို့. ကြိုက်​နှစ်​သက်​တဲ့ ​ခေါက်​ဆွဲ​ကြော်
ထမင်း​ကြော်​နဲ့. ​ထော်​ပတ်​သီးအ​အေးတစ်​​ယောက်
တစ်​ခွက်​နဲ့. ဗိုက်​​ပြည့်​အောင်​ ဝါးတီဆွဲခဲ့ကြတယ်​​ပေါ့ဗျာ
စကား​လေး တစ်​​ပြော​ပြောနဲ့. သုံး​ယောက်​သာ
ရယ်​ကာ​မောကာနဲ့. ကျွန်​​တော်​တို့ထိုင်​စား​နေတဲ့
စားပွဲဝိုင်း​ဘေနားကို လာထိုင်​တဲ့သူ​တွေက. ထိုင်
စားလို့​သောက်​လို့ပြီးသွားတဲ့ အတွဲ​လေး​တွေက ထပြန်​ကြ​ပေါ့
ကျွန်​​တော်​တို့လဲ သူတို့အတွဲ​လေး​တွေကိုကြည့်​ပြီး
ရင်​​တော့ခုန်​သလိုမျိုး ဖြစ်​ဖြစ်​သွားတယ်​ဗျ ။ ဒါ​ပေမဲ့
ကျွန်​​တော်​ရင်​မှာ ခဏ​လေးပဲဖြစ်​ပြီး ခဏ​လေးနဲ့ပြန်​​ပျောက်​သွားပြန်​တယ်​ အဲ့လို ဖြစ်​ဖြစ်​​နေတဲ့ ကျွန်​​တော်​ရဲ့နှလုံးကို
ကိုယ့်​ကိုကိုယ်​ပြန်​ပြီး စမ်းသပ်​ကြည့်​မိခဲ့တယ်​ ပြန်​ပြီး​တော့လဲ
မေးခဲ့မိတယ်​ ကျွန်​​တော်​ကို ကျွန်​​တော်​ ပြန်​​မေးမှု
ကြောင့်​ ကိုယ့်​ကိုကိုယ်​သိခဲ့ရတယ်​ဗျ ကျွန်​​တော်​သိတဲ့
အချစ်​ဆိုတဲ့ နှလုံးသားအ​ကြောင်းက ကျွ​တော်​နဲ့
နည်းနည်း​လေး ဆန့်​ကျင်​ဘက်​ဖြစ်​​နေသလိုမျိုးပဲဗျ
ကျွန်​​တော်​ငယ်​ရွယ်​တဲ့ လူပျို​ပေါက်​စအရွယ်​တုန်​ကဆို
ကျွန်​​တော့်​​ရှေ့မှာ ဖြတ်​​လျှောက်​သွားတဲ့ မိန်းမလှ​လေး​တွေ
ဆိုရင်​ ​နောက်​က​နေပြီး ရည်းစားစကားလိုက်​​ပြော​​နေကျဗျ
သူလက်​ခံတာ လက်​မခံတာ​နောက်​ထား ကျွန်​​တော်​ရင်​မှာ
ဖြစ်​တည်​လာပြီဆိုရင်​ ​ပြောရဆိုရမှ ကျွန်​​တော်​ရင်​ထဲမှာ
ဘဝင်​ကျခဲ့တာဗျ အဲ့ဒီလို လိုက်​​ပြော​နေတဲ့အချိန်​​လေး​တွေ
ဆိုရင်​ စိတ်​ကြမ်းကိုယ်​ကြမ်းရှိလှတဲ့ လက်​သွက်​တဲ့
မိန်းက​လေး​တွေနဲ့. ဆုံခဲ့တဲ့အခါမျိုးမှာဆိုရင်​လဲ
ကျွန်​​တော့်​ရဲ့. ပါးပြင်​​လေး​တွေနီသွား​အောင်​လို့.
ပညာ​ပေးခဲ့ဖူးတာလဲ ကြုံခဲ့ရဖူးတယ်​ ။ ဒါ​ပေမဲ့ ကျွန်​​တော်
စိတ်​မဆိုးမဲ့အပြင်​ သူရဲ့လက်​​လေး​တွေကို ကျွန်​​တော်
နှစ်​သက်​သလိုမျိုး ခံစားရတယ်​ ပြီး​တော့ မိန်းမ​လေးရဲ့
လက်​သံ​လေး​တွေက. နားဝင်​ချိုသလိုပဲဗျ
အဲ့ဒီလို ကျွန်​​တော့်​ရဲ့အကျင့်​​လေး​တွေက. စိတ်​ကြမ်း
ကိုယ်​တဲ့ မိန်းမ​လေး​တွေနဲ့ဆိုရင်​ ကျွန်​​တော်​က. ပိုပြီး
အစွဲလန်းကြီးသလိုပဲ အဲ့ဒီလို ဖြစ်​ခဲ့တဲ့ရက်​မျိုးမှာဆိုရင်
ကျွန်​​တော်​ညအိပ်​ယာဝင်​တဲ့အခါ ​ယောင်​​မိတယ်​ဗျ
ကျွန်​​တော်​က ကိုယ်​မရတဲ့အရာမျိုးဆိုရင်​ ပိုပြီး​တော့
လုပ်​​လေ့ရှိတဲ့ အကျင့်​တစ်​ခု​တော့ရှိတယ်​ ငယ်​ငယ်​က
ကျွန်​​တော်​ရဲ့. ဖြစ်​ပုံ​လေး​တွေကို ပြန်​​တွေးမိပြီး
တ​စ်​​ဖြေး​ဖြေးနဲ့. ကြီးပြင်​လာတာနဲ့အမျှ အသိတရား​တွေကလဲ တိုးပွားသလို ​ကောင်းမူမ​ကောင်းကို ​ဝေခွဲတတ်​လာတဲ့
ကျွန်​​တော်​ရဲ့စိတ်​​တွေက. တစ်​​ဖြေး​ဖြေးနဲ့.ရင့်​ကျက်​လာလို့
လာ​တော့မသိဘူးဗျ နှလုံးသားကို ဦး​နှောက်​နဲ့ပဲ
ဆုံးဖြတ်​တတ်​သွားခဲ့တယ်​ ကျွန်​​တော်​ရဲ့​ခေါင်​ထဲမှာလဲ
စီးပွား​ရေးနဲ့. လူမူ့​ရေး​တွေကိုပဲ ဦးစား​ပေး
ထားသလိုမျိုး ဖြစ်​လာခဲ့တယ်​ ဒီ​တော့ ကျွန်​​တော်​ကြုံဆုံခဲ့တဲ့
မိန်းမ​လေးတစ်​​ယောက်​ကို ​ပေါင်းဖတ်​မရခဲ့လို့
နာကြီးသွားတဲ့လို့. ​တွေးမိတဲ့အခါ

IMG_20180214_135915.jpg

ကျွန်​​တော်​ရင်​ထဲမှာ အဲ့ဒီလိုမျိုး မဟုတ်​ခဲ့ဘူးဆိုတာကို
ကျွန်​​တော်​သိခဲ့ရတယ်​ ကျွန်​​တော်​ကို ထားသွားတဲ့ မိန်းမ​လေးကို
စိတ်​မဆိုးမဲ့အပြင်​ ကျွန်​​တော်​ ခုချိန်​မှာ ​ကျေဇူး​တောင်
တင်​​နေမိ​နေတယ်​ဗျ ဘာဖြစ်​လို့လဲဆို​တော့ ငယ်​ရွယ်​တဲ့
အချိန်​​လေးမှာ အချစ်​ကိုဦးစား​ပေးခဲ့မိမယ်​ဆိုရင်
ကျွန်​​တော်​တို့ငယ်​ငယ်​ရွယ်​ရွယ်​နဲ့. အိမ်​​ထောင်​​ရေးဆိုတဲ့
ဒုက္ခလှလှ​လေး​တွေ ခံစား​နေရမှာဗျ အခုလို ကျွန်​​တော်​ကို
ထားပြီး လမ်းခွဲ့တဲ့အတွက်​​ကြောင့်​ ခုချိန်​ထိ လူပျိုဆိုတဲ့
ဂုဏ်​ကို ကျွန်​​တော်​ပိုင်​ဆိုင်ထားရလို့. ​ကျေနပ်​​နေမိတယ်
အခု​တော့ တစ်​​ယောက်​ထဲဆို​​တော့ သွားချင်​ရာကို
သွားနိုင်​သလို ​နေချင်​သလိုလဲ​နေလို့ရတဲ့အတွက်
လွှတ်​လပ်​စွာ ​ပေါ့ပါးလန်းဆန်းတဲ့ ခံစားမူ့မျိုးကို
စံစား​နေရတုန်​ပဲလို့. ကျွန်​​တော်​သိခဲ့ရတယ်​ဗျ
ချစ်​သူက. ထားသွားလို့. ခံစားခဲ့ရတဲ့ ရက်​မျိုး​တွေကို
ကျွန်​​တော်​ ခုချိန်​မှာနှ​မျှော​နေသလိုပဲ
အခု ကျွန်​​တော်​အ​မေနဲ့. ကျွန်​​တော်​သူငယ်​ချင်းနဲ့
လျှောက်​လည်​​နေ​တဲ့ မင်္ဂလာမူဆယ်​ စားဖွယ်​မျိုးဆုံရှိတဲ့
နေရာမှာ အတွဲ​လေး​တွေက. ပြုံးလို့ရွှင်​လို့. မြင်​​နေရတဲ့
အချိန်​မှာ​တော့ ကျွန်​​တော်​ ပီတိဖြစ်​ပါတယ်​ဗျ
သူတို့ကိုကြည့်​ပြီး ဥုံဖွပြီး ချစ်​သူ​လေးတစ်​​ယောက်​​တော့
ရချင်​မျသားလားဗျ ဒါ​ပေသိ တစ်​ခါတစ်​ရံ ကျွန်​​တော်​တို့
လက်​ရှိ​နေတဲ့ ပတ်​ဝန်းကျင်​ပတ်​ပတ်​လည်​မှာ မနက်​မိုးမလင်း
သေးဘူး ကျွန်​​တော်​ကြားကြား​နေရတဲ့ အိမ်​​ထောင်​​ရေး
ရန်​ဖြစ်​သံ​တွေနဲ့ အတူ အိုးခွက်​ပန်​ကန်​​တွေကိုရိုက်​ခွဲ​နေတဲ့
သံ​ပေါင်းစုံတီးဝိုင်း​တွေက. နားနဲ့မကြားဝံ့​အောင်​ပဲ
ကျိန်​ဆဲ​နေတာမျိုးနဲ့. သာွးသမီး​တွေငို​နေတဲ့ အသံ​တွေကို
ကျွန်​​တော်​ကြား​နေရတဲ့အခါမျိုးမှာဆိုရင်
ရည်းစားထားဖို့မ​ပျော်​နဲ့. အကို​ရေ. ​မောင်​​ရေ
အချစ်​​ရေ. အသည်း​ရေ ဆိုတဲ့ အပြန်​အလန်​​ခေါ်​နေတဲ့
စကားလှလှ​လေး​တွေကို မိုင်းတစ်​လုံးနဲ့ ​ပေါက်​ကွဲပစ်​လိုက်​သလိုမျိုးပဲ အစပြန်​ရှာလို့မရ​တော့ အကြင်​နာ​နွေး​နွေး
နှလုံးသားနဲ့. ချစ်​ခဲ့သူ​တွေက. ဘယ်​မလဲအကို
ဘယ်​မလဲအချစ်​ဆိုတဲ့ ခံစားမူ့မျိုးကို ကျွန်​​တော်​ခံစား
မိ​နေတယ်​ဗျ ပြီး​တော့ ​ကြောက်​လဲ​ကြောက်​မိတယ်
အဲ့ဒီ​တော့ ချစ်​သူများ​နေ့မှာ ​ပျော်​ရွှင်​​နေတဲ့ စုံတွဲ​လေး​တွေကို
မြင်​ရ​တော့ တကယ်​ပဲ ကြင်​ကြင်​နာနာရှိ​နေပါလားလို့
တွေးမိ​နေတာ​ပေါ့ဗျာ လက်​က​လေးကိုယ်​စီချိတ်​လို့.
တစ်​လှမ်းခြင်း​လျှောက်​​နေကျတဲ့ ​ခြေလှမ်း​လေး​တွေက
နွေး​နွေး​ထွေး​ထွေး ရှိ​နေလားလို့. ​တွေးခဲ့မိတယ်​ဗျ
တစ်​ချို့အတွဲ​လေး​တွေကျပြန်​​တော့လဲ နှစ်​ကိုယ်​ကြား
ချစ်​ကတိ​တွေပြုဖို့အတွက်​ ဘုရား​သွားတဲ့သူ​တွေကသွား​ပေါ့
ဗျာ ပန်း​ရေချမ်းနဲ့. ဆီးမီးအ​မွှေးနံ့သာတိုင်​​တွေကို ထွန်း​ညှိ
ကာ ရိုး​မြေကျ​ပေါင်းရပါလို၏ ဆုမွန်​​တွေ​​​တောင်း​နေကြ
တယ်​ တစ်​ချို့ကြပြန်​​တော့လဲ အင်္ကျီးဝတ်​စုံဆင်​တူ​လေး​တွေဝတ်​လို့. ပန်းခြံ​လေး​တွေထဲမှာ မှီခိုထားတဲ့
ခေါင်း​လေး​တွေက. ​လေးညှင်း​သွေးသလိုမျိုးပဲ
ယိမ်းယိမ်းနွဲ့နွဲ့​လေး​တွေက. ​ကျော​ပေး​နေလျှက်​​ပေါ့ဗျာ
အတွဲမရှိတဲ့သူ​တွေအဖို့မှာ​တော့ တစ်​​ယောက်​ထဲ​နေတတ်​သလိုမျိုးနဲ့. ထိုင်​​နေကြ​တာ​ပေါ့ဗျာ အဲ့ဒီမြင်​ကွင်း​လေး​တွေကို
ကျွန်​​တော်​မြင်​ရ​တော့ ကြည်​နူးရပြန်​တယ်​ဗျ
ကျွန်​​တော်​လဲ ကျွန်​​တော်​ဗိုက်​ကို အစားစာများပြည့်​​အောင်
ဖြည့်​ပြီး ချစ်​သူများ​နေ့မှာ ကုန်​ကျမဲ့ ​ငွေ​တွေကိုသုံးစွဲခဲ့တာ
ပေါ့ဗျာ ​ချောကလပ်​ နဲ့ ပန်းစီ အရုပ်​နဲ့ အင်္ကျီး​တွေကို
ဝယ်​​ပေးကျတဲ့ ချစ်​သူ​စုံတွဲ အတွဲ​လေး​တွေအတွက်
အမှတ်​တရလက်​​ဆောင်​​လေး​က​တော့
အရမ်းကိုလှပကြတယ်​ အရမ်းလဲ စွဲမက်​​စေတာ​တော့အမှန်​ပဲ
ကျွန်​​တော်​ကလဲ ​ပေးစရာအတွဲမရှိ ကျွန်​​တော်​ကို​ပေးမဲ့
သူကလဲမရှိဆို​တော့ မနက်​ပိုင်းမှာ ကျွန်​​တော်​ဝါသနာပါတဲ့
အားကစားအတွက်​ ​ဘောလုံးချိန်​ကန်​​နေတယ်
ဘောလုံးချိန်​ကန်​ပြီး ပြန်​လာတဲ့အခါ ​ရေမိုးချိုး
အလန်းစာ မဟုတ်​တဲ့ အဝတ်​စား​လေးတစ်​ထည်​နဲ့
ကျွန်​​တော်​တို့သုံး​ယောက်​​စလုံး မင်္ဂလာမူဆယ်​ စား​သောက်
ဆိုင်​မှာ ဗိုက်​ဝ​အောင်​စား​သောက်​ပြီး ပြန်​ခဲ့တဲ့
ဲ့အမှတ်​တရ. ရက်​​လေး​ပေါ့ဗျာ......။
Photo.my
20180202_210937-BlendCollage-picsay.jpg

Sort:  

အမှတ်တရ v day ထမင်းကြော်ပေါ့ ဘဒို 😁

ဟုတ်​တယ်​ ဘဒို​ရေ သူများလိုအတွဲမရှိ​တော့လဲ ထမင်း​ကြော်​​လေးနဲ့ နှစ်​ပါးသွားရ​တော့​ပေါ့ဗျာ

အမှက်တရဖြစ်သွားအောင် ဖတ်ရှူပေးခဲ့ပါသည်

ဟုတ်​ဟုတ်​ဗျ

ကိုယ့်ကိုယ်ကိုပဲ ချစ်တယ်ဆိုတာ ပြတာပေါ့

အဲ့လိုလဲဟုတ်​ပါဘူးဗျာကြိုက်​မဲ့သူမ​တော့လို့ပါဗျာ☺

ဖတ်လို့ကောင်းတယ်

ဟုတ်​ကဲ့ပါbro

အားပေးနေပါတယ်ဗျ

ဟုတ်​ကဲ့ပါဗျာ

ဝိုးးးထမင်းကြော်တွေ
ဗိုက်တောင်ဆာလာပီဗျာ

ပို့​ပေးလိုက်​ချင်​ပါတယ်​အစ်​ကို​ရေ နှီးရင်​​ပေါ့

အမှတ်တရလေးက အရမ်းgoodဒယ် ဗိုက်ဝအောင် စားပြီးမှ ပြန်ခဲ့တယ် 😁😁

ဟုတ်​တယ်​ဗျ သူများလိုအတွဲမရှိ​တော့လဲ ဗိုက်​ပြည့်​ပြီးပြန်​ခဲ့ရ​တာ​ပေါ့ဗျာ

ထမင်း​ကြော်​ဘဲမြင်​​တော့တယ်​😁

ဆုံတဲ့အခါ ပါဆယ်​ဆွဲလာမယ်​ဗျို့ bro ​ရေ

ညီ​တော့ V day မှာတစ်​​နေကုန်​ဂိမ်း​ဆော့နာ😁

အလွမ်းအ​ဆွေးကင်းတဲ့အလုပ်​ပဲဗျာ good တယ်​ညီ​လေး

ဘာပဲဖြစ်ဖြစ်လွတ်လွတ်လပ်လပ်နေရတယ်ဆိုတဲ့
အမှက်တရနေ့တစ်နေ့ဖြစ်သွားခဲ့ရတာပေါ့ဗျာ
ရီးစားရှိတာ မကောင်းပါဘူးဗျာ😁😁😁

ဟုတ်​တယ်​အစ်​ကို​ရေရည်​စားရှိခဲ့ရင်​အနည်းဆုံ​တော့နားပူတိုက်​မှာပဲအစ်​​ရေ

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 59273.25
ETH 2758.24
USDT 1.00
SBD 2.28